Samsung ဖုန်း များတွင် အများဆုံးဖြစ်တက်သည့် ဖုန်းခေါ်လိုက်ရင် "not
registered on network" ဆိုတာကြီး ပေါ်လာတာကို ဖြေရှင်းနည်းလေးတွေ
ကိုတင်ဆက်ပေးချင်ပါတယ်
နံပါတ် ၁ အနေနဲ့ ပထမဆုံး ပေါ့ ပထမဆုံးဆိုတော့ အရင်ပေါ့ အရင်ဆုံး ဖုန်းကို
ပါဝါ ပိတ်ပြီး ပြန်ဖွင့် ပြီးတော့ ခေါ်ကြည့် ပေါ့ မရဘူးလား နောက်တစ်နည်းပေါ့
နံပါတ်၂ ကတော့ ဖုန်းကိုပဲ ပါဝါ ပြန်ပိတ် ပြီးတော့ Sim Card ထုတ် ပြန်ထည့် ပြီး ပြန်ဖွင့်ကြည့် မရသေးဘူးလား နံပါတ်၃ကြည့်လေ
နံပါတ် ၃ ကတော့ ဒီတစ်ခါ ပါဝါမပိတ်တော့ပဲ Setting > More Setting >
Mobile Network ကနေ Network ကို Menual ပြန်ရှာပြီး MM900 တို့ MPT တို့
ကို Register လုပ်ပြီး ခေါ်ကြည့် မရရင်လဲ အောက်ဆက်သွား
နံပါတ် ၄ ဒီတစ်ခါတော့ ပါဝါဖွင့်ထားရင်းနဲ့ နောက် cover ဖြုတ်ပြီး Sim Card
ကိုထုတ်လိုက် ပြိးတော့ ပြန်ထည့် ပြီးရင် ပါဝါပိတ်ပြီး ပြန်ဖွင့်
ဗရုတ်သုတ်ခ နည်းပေါ့ ရပါတယ် တကယ်လို့ Sim Card ထုတ်ဖို့ Battery နဲ့
အဆင်မပြေဘူးဆိုရင် Power Supply နဲ့ ထောက်ပြီးပါဝါဖွင့် အခုန
အတိုင်းပြန်လုပ်
အဲ့လိုမရရင်လဲ
နံပါတ် ၅ ဒီအထိတော့ Computer မလိုသေးပါဘူး ဒီတစ်ခါ ဖုန်း Sim Card ထဲက
Contact တွေကို Backup လုပ်ပြီး အကုန်ဖျက်လိုက်ပါ ပြီးတော့ restart
လုပ်ပြီး ခေါ်ကြည့် မရရင်တော့
နံပတ် ၆ ဒါကတော့ ကြံရာမရပေါ့ Factory Reset လုပ်ကြည့်ပေါ့ လုပ်တက်မယ်ထင်ပါတယ် Setting > Reset
နံပါတ် ၇ ဒီတစ်ခါတော့ မိမိဖုန်းက Custom Rom တင်ထားတာလား Official
တင်ထားတာလား ကြည့်ပါတော့ Home + Volume Down + Power နဲ့ Download mode ထဲ
ဝင်ပြီးတော့ Binary နေရာမှာ Custom လား Official လား ကြည့် Custom
ဖြစ်နေရင် Samsung Official Firmware ကို Odin 3.07 နဲ့ ပြန်ပြီး Flash
ကြည့်ပါ တကယ်လို့ Official ဖြစ်နေရင်လဲ ပဲ ပြန်တင်ကြည့်ပေါ့
နံပါတ် ၈ ကဲ IMEI နံပါတ်သာ ကြည့်တော့ Unknown ဖြစ်နေလား 0
ဆိုတာတွေချည်းဖြစ်နေလား လို့လေ အဲ့လိုဖြစ်နေရင်တော့ IMEI Generator တွေနဲ့
အရင် IMEI ကို Flash ကြည့် မရရင် ကိုယ်နဲ့ အမျိုးတူ ဖုန်း တစ်လုံးကို Root
ဖေါက် ပြီးတော့ Root Explorer နဲ့ System ထဲက moderm.img ဆိုတာလေးကို copy
လုပ် ပြီး ကိုဖုန်းထဲ မြန်မာဖောင့်ထည့်သလို Replace လုပ်ကြည့်ပါ အဲ့လိုမှ
မရရင်တော့ IMEI Repair Box တွေနဲ့သာ ဆော်ကြည့်လိုက်ပါတော့ ZT Box တို့
ဘာတို့နဲ့
ကျေးဇူးပဲ အကို..ဆော်ကြည့်လိုက်အုန်းမယ်
ReplyDelete