This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, February 17, 2014

Android ဖုန်းရဲ့ Lock Screen ကို Ubuntu style လေးနဲ့သုံးကြမယ်

ဒီကောင်လေးကတော့ Ubuntu OS အသုံးပြု့ Mobile နဲ့ PC  တွေမှာ အသုံးပြု့တဲ့

Lock Screen လေးပါ။ ပုံမှန်မြင်နေကြ ဒီဇိုင်းတွေနဲ့ ကွာသွားတော့ နည်းနည်း လန်းတာပေါ့။

ပုံမှန် မြင်တွေနေကြ notification တွေကိုလည်း မြင်နိုင်ပါတယ်။

အထဲမှာ မိမိစိတ်ကြိုက်ပြောင်းလို့ရမယ့် ကာလာ ဒီဇိုင်းလေးတွေလည်း ပါ ပါတယ်

သုံးချင်တယ်ဆို အောက်မှာဝင်ဒေါင်းသွားလိုက်ပါခင်ဗျာ



DOWNLOAD [ 2.35 MB ]

Tuesday, February 11, 2014

Myanmar HipHop Channel v1.0 for Android



မြန်မာ HipHop အဆိုတော်များစွာရဲ့ HipHop သီချင်းအသစ် ၊ သီချင်းကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ Myanmar HipHop Channel ရဲ့ Android application ဖြစ်ပါတယ်။ မိမိတို့ရဲ့ Android ဖုန်းထဲမှတစ်ဆင့် Myanmar HipHop Channel ကို Mobile Version ဖြင့်လွယ်ကူစွာကြည့်ရှုနိုင်မှာဖြစ်ပြီး သီချင်းအသစ်အသစ်များကို ဒီဆော့ဝဲလေးမှတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ download ရယူနိုင်မှာပါ။ သီချင်းကြိုက်နှစ်သက်သူတွေ မိမိတို့ဖုန်းထဲမှာသွင်းထားသင့်တဲ့ application လေးဖြစ်ပါတယ်။ Myanmar HipHop Channel v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Myanmar HipHop Channel v1.0 for Android (Direct Download Link)
Myanmar HipHop Channel v1.0 for Android (Google Play Link)

Samsung Galaxy S3/ S4/ Note 2/ Note 3 ဖုန်းတွေမှာ KNOX Security ကိုဖြုတ်ထားမယ်(Root Users Only)

Samsung ရဲ့ အခုနောက်ပိုင်းထွက်လာတဲ့ မော်ဒယ်မြင့်ဖုန်းတွေမှာ security မြှင့်တဲ့ အနေနဲ့ KNOX security လေးထည့်လိုက်တာတွေ့ရပါတယ်.Knox security ပါလာတဲ့အတွက်ကြောင့် ကျွန်ောတ်တို့ ဖုန်းကို Root လုပ်ပြီး သုံးတဲ့အခါမှာ တခါတလေမှာ force close error တက်တာတွေ့ရပါတယ်.ဒါ့အပြင် ဖုန်း firmware ဗားရှင်းအမြှင့်ကနေ အဆင်မပြေလို့ ပြန်ဆင်းတဲ့အခါလည်း Knox security ကြောင့်အခက်အခဲဖြစ်တာတွေ တွေ့ရပါတယ်။ဒါကြောင့် အခုဖော်ပြပေးမှာကတော့ Knox Security ကို disable လုပ်မယ့်အကြောင်းလေးပြောပြပါမယ်။ဒီလိုလုပ်ဖို့အတွက် မိမိဖုန်းက Root ဖောက်ပြီးဖြစ်ရပါမယ်။root ဖောက်လိုက်တဲ့ မိမိဖုန်းကိုလည်း Knox security ကြောင့်
“SuperSU tried to access system in your device without authorization. This action was blocked.”
OR
“An application attempted to access system on your device without authorization.” ဆိုပြီး message pops up

အမြဲလိုလိုတွေ့နေရတတ်ပါတယ်..ဖြေရှင်းဖို့အတွက်ကတော့ အခုအောက်မှာပေးထားတာလေး ဒေါင်းလိုက်ပါ။
http://download.chainfire.eu/supersu
ပြီးရင် Zip ဖြေလိုက်ပါ။ဇစ်ဖြေတဲ့အထဲက နေ အောက်ပါအတိုင်းတွေ့၇ပါမယ်

superuser.apk လေးကိုယူပြီး မိမိဖုန်းထဲမှာ Install လုပ်ပေးလိုက်ပါ။security မှ unknown source ကိုအမှန်ခြစ်ထားပါနော်။
install လုပ်လိုက်တဲ့အခါမှာ အောက်ကပုံအတိုင်း မက်ဆေ့တက်လာရင် ok ပေးလိုက်တဲ့အခါမှာ ဒုတိယပုံထဲကလို အောင်မြင်စွာဖြုတ်ပြီးကြောင်းစာတက်လာရင် OK ပါပြီ။

Android များအတွက် မိမိဖုန်း notification center မှာ ကြိုက်နှစ်သက်ရာဓာတ်ပုံထည့်နည်း

ပထမဆုံး မိမိဖုန်းမှာ Xposed Installer နဲ့ Wanam Xposed ဆိုတဲ့ Apk လေးနှစ်ကို Install လုပ်ထားရမှာဖြစ်ပါတယ်။ ပြီးရင် Xposed Installer လေးကိုဖွင့်ပြီး Framework ထဲဝင် Install/Update လေးကိုနှိပ် ထပ်မံ Install လုပ်ပေးရဖြစ်ပြီး၊ ပြီးသွားရင်တော့ အဲ့ထဲက Reboot လေးနဲ့ Restart ချပေးရမှာဖြစ်ပါတယ်။ ပြန်တက်လာရင် ထပ်မံ Xposed Installer ထဲဝင် Modules ဆိုတာလေးထဲမှာ Wanam Xposed ဆိုလေးကို အမှန်ခြစ်ပေးပြီး Restart ချပေးပါ။
အားလုံးပြီးရင်တော့ Wanam Xposed လေးထဲက Theme လေးထဲသွားပြီး အောက်မှာရေးပြသလို လုပ်လိုက်ရင် ရပါပြီ။
Notification Panel (Wanam Xposed>>Theme)
===========
- Header background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
- Panel background မှာ Image ကို ရွေးပြီး ကိုယ်ထည့်ချင်တဲ့ပုံ ရွေးချယ်ထည့်သွင်းပါ။
- Notification background color background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
- Title bar background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
- Clear button background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
- Notification pressed color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
- Background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
Quick Settings (Wanam Xposed>>Theme)
=========
- Tile background color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
- Tile pressed color ကို On ပြီး color မှာ 0 (zero) လုပ်ပြီး (Apply) လုပ်ပါ။
Note>> Apply တခါလုပ်ပြီးတိုင်း Reboot လုပ်ဖို့ Noti တခါတက်ပါမယ်။ ဒါပေမယ့် အဆင့်တွေ အားလုံးပြီးမှ တခါတည်းလုပ်ပါ။ လုပ်တဲ့နေရာမှာ Wanam Xposed ရဲ့ အပေါ်ဆုံးမှာ ရှိတဲ့ Reboot options လေးက Reboot ဆိုတာလေးနဲ့လုပ်ပါ။ တကယ်လို့ အဲ့လိုလုပ်လို့မှ ပြန်တက်လာပေမယ့် မပြောင်းလည်းသေးရင် Wanam Xposed လေးထဲ ထပ်ဝင်ပြီး စောစောက နည်းလေးအတိုင်း Reboot ထပ်မံ လုပ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ်။
[တကယ်တော့ Wanam Xposed လေးက အဲ့တာလေးတင်မက တခြားလန်းတာတွေလည်း ရှိသေးတာမို့၊ ကိုယ်ဘာသာ ဆက်လက်စမ်းသပ်ကြပါ။]
လိုအပ်တဲ့ Apk မှားကို အောက်ပါ Link မှာ ဒေါင်းယူနိုင်ပါတယ်။
Xposed Installer >> https://www.dropbox.com/s/qjjn2s2bjx1f665/de.robv.android.xposed.installer_v25_36cbbc.apk
Wanam Xposed >> https://www.dropbox.com/s/2e4xl7uu2l9u5vz/ma.wanam.xposed.apk

Credit To: MMAS

Wednesday, February 5, 2014

တယ်လီနောက ပထမအသုတ်အဖြစ် ဆင်းမ်ကတ်သန်း ၃၀ စတင်ရောင်းချမည်ဖြစ်ပြီး ဖုန်းနံပါတ်မှာ ၀၉၅ နှင့် စတင်ဖွယ်ရှိကြောင်း သိရ






မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် ရရှိသွားပြီဖြစ်သည့် တယ်လီနောကုမ္ပဏီက လာမည့်ရှစ်လအတွင်း စတင်ရောင်းချမည့် ဖုန်းနံပါတ်များမှာ ၀၉၅ နှင့် စတင်ဖွယ်ရှိပြီး ပထမအသုတ်အဖြစ် ဆင်းမ်ကတ် သန်း ၃၀ ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ စီအီးအို မစ္စတာပတ်တာဖားဘတ် က ဖေဖော်ဝါရီ ၅ ရက်က ပြောကြားသည်။
“၀၉၅ နဲ့ စတဲ့နံပါတ်ဖြစ်ဖို့ မျှော်လင့်ထားတယ်။ ဂဏန်းအရေအတွက်ကတော့ ၁၀ လုံးဖြစ်မယ်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ သန်း ၃၀ ပမာဏကို စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တယ်လီနောကုမ္ပဏီက ဆင်းမ်ကတ် စတင်ရောင်းချရာတွင် မြန်မာနိုင်ငံ၏ လူနေအထူထပ်ဆုံး မြို့ကြီးများတွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံမိစေရန် ငါးနှစ်အချိန်ယူရမည်ဟု ဆိုသည်။
ဆင်းမ်ကတ်စတင်ရောင်းချချိန်တွင် 2G နှင့် 3G ကို အတူတကွ ရောင်းချသွားမည်ဖြစ်ပြီး လူတိုင်းအင်တာနက်သုံးနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
“ လူတိုင်းသုံးနိုင်ဖို့ ရည်ရွယ်တာဖြစ်လို့ 2G က နေရာတိုင်းမှာ ရှိသွားမယ်။ 2G Network နဲ့အတူ 3G လည်းလုပ်ဆောင်သွားမယ်။ တယ်လီနောက လူတိုင်းအင်တာနက်သုံးဖို့ ရည်ရွယ်တာဖြစ်လို့ G -3G မဟုတ်ဘဲ အင်တာနက် အဓိကသုံးနိုင်အောင် လုပ်သွားမယ်” ဟု မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။
တယ်လီနော၏ အင်တာနက်ဝန်ဆောင်မှုမှာ မြန်နှုန်းမြင့်စေရန် အာမခံထားပြီး ၀န်ဆောင်မှုအနေနှင့် မိနစ်အလိုက်ကောက်ခံခြင်းနှင့် မဂ္ဂါဘိုက်အလိုက် ကောက်ခံခြင်းစသည့် ၀န်ဆောင်မှုအမျိုးမျိုး ရှိမည်ဖြစ်ကြောင်း သိရသည်။
“အင်တာနက်မြန်နှုန်းက အလွန်ကောင်းစေမှာပါ။ လက်တလောမှာရှိပြီးသား အင်တာနက်ဆက်ကြောင်းကို အသုံးပြုမှာဖြစ်ပေမယ့် ကိုယ်ပိုင်အင်တာနက်လိုင်းငှားတာ၊ ဆောက်တာတွေ လုပ်သွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။
တယ်လီနောက ဆင်းမ်ကတ်များ အသုံးပြုနိုင်ချိန်တွင် တယ်လီနော ငွေဖြည့်ကတ်များကို အလွယ်တကူဝယ်ယူနိုင်မည့် နေရာတစ်သိန်းအထိ ရှိမည်ဖြစ်ကြောင်း သိရသည်။ တယ်လီနောသည် နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ကို ဖေဖော်ဝါရီ ၅ ရက်က တရားဝင် လက်ဝယ်ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရရှိရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည့် နိုင်ငံပေါင်း ၉၁ နိုင်ငံရှိပြီး မြန်မာနိုင်ငံတွင် လိုင်စင်ရရှိရန်မှာ အခက်ခဲဆုံး ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း တယ်လီနောကုမ္ပဏီမှ အာရှရေးရာ အကြီးအကဲက ပြောကြားသည်။

Credit To :MMAS

သင့်ရဲ့ Facebook သမိုင်းကြောင်းကို Video File နဲ့ ပြန်လည်ကြည့်ရှုနိုင်ပြီ

သင် Facebook စသုံးတဲ့အချိန်ကနေ ယနေ့အထိ အသုံးပြုထားတဲ့ History တွေကို Video File နဲ့ ပြန်လည်ကြည့်ရှုနိုင်ဖို့ A Look Back ဆိုတဲ့ Facebook App တစ်ခုထွက်ရှိလို့ လာခဲ့ပါပြီ။ Facebook စသုံးတဲ့အချိန်မှာ ပထမဆုံးတင်ခဲ့တဲ့ ဓာတ်ပုံတွေ၊ တင်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာမှ Like အများဆုံး စံချိန်တင်နိုင်ခဲ့တဲ့ ဓာတ်ပုံတွေ၊ စာသားတွေ၊ Share ခဲ့တဲ့ ဓာတ်ပုံတွေကို ခုနှစ်အလိုက် စုစည်းပေးထား ပါတယ်။ မြန်မာဖောင့်တော့ မတွေ့ရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ History Video File ကို မြင်တွေ့ခွင့်ရတဲ့အတွက် စိတ်ကျေနပ်မှု တစ်ခုတော့ ရသွားလိမ့်မယ်ဆိုတာ ကျိန်းသေပြောရဲပါတယ်။ Techspace ပရိသတ်ကြီးတို့ရဲ့ Facebook History ကို Video File အနေနဲ့ ပြန်လည် ခံစားလိုတယ်ဆိုရင်တော့ https://www.facebook.com/lookback/ ကိုသွားပြီး စမ်းသပ်နိုင်ပါတယ်။ – May Thazin (TSJ Team)
Ref:TechSpace Journal
Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.