မချစ်ခင်တုန်းက မင်းကအပေအတေလေးပါ....
မင်းငါ့ကိုတကယ်ချစ်မှန်းသိရက်နဲ့
ငါမင်းကိုစွန့်ခွာခဲ့တယ်....
လမ်းခွဲစကားပြောတော့
ပြုံးပြုံးလေးပါပဲ
တစ်ဖက်လှည့်မျက်ရည်သုတ်ရတာ
မင်းမှမသိပဲ.....
အတူလျှောက်ခဲ့တဲ့ လမ်းတွေက
ငါ့ကိုလှောင်ရယ်နေသလိုပဲ...
ငါ့စိတ်ထဲမှာ
မင်းနဲ့အတူထိုင်ခဲ့ဖူးတဲ့ ကန်တင်းန် က
ဟားတိုက်နေတယ်....
ချစ်ပေမယ့်စွန့်လွှတ်ခဲ့တယ်...
ရင်နာနာနဲ့အမုန်းစကားတွေ ပြောခဲ့ရတယ်...
နှစ်ယောက်လုံး ငိုတဲ့နေ့က
အင်းလျားမှာ ရေကြီးခဲ့ရတယ်....
တစ်သက်ပြန်မဆုံနိုင်လောက်အောင်
မင်းနာကျည်းအောင်ငါပြောခဲ့ရတယ်...
အခုထိမှတ်မိနေတယ်..
ငါတစ်ခွန်းပဲပြောခဲ့တာပါ...ကောင်မလေး..
ငါ့မှာ မိန်းမရှိတယ်...
No comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်