Pages - Menu

Monday, August 26, 2013

Android Phone ထဲက မလိုချင်တဲ့ Google Account ကို ဖျက်ပေးမယ့် App

ဒီ ဆော့ဝ် က တော့ သူငယ်ချင်းဖုန်းတွေမှာ Google accountထည့်သုံးပြီးတော့ Setting > Accounts & Sync ထဲကနေ Remove လုပ်မရတဲ့ ဖုန်းတွေ အတွက် ပါ ။

ကျွှန်တော် တို့ လို့ Services သမား တွေ အတွက် အလွယ် တကူ ဖျက် နိုင် ပေ မယ့် ပုံမှန် User အနေ နဲ့ တော့ ခက်ခဲ ပါတယ် ။

အရင်တုန်းက တင်ခဲ့ တဲ့ အတိုင်း Root Explorer သုံးပြီး /data/system/ အောက်ထဲက accounts.db ကို ဖျက်လိုက်လည်းရပါတယ်။
သို့ပေမယ့် accounts.db ကို ဖျက်လိုက်ခြင်းအတွက် contact တွေပျောက်မယ်၊ အနောက် အခြားအကောင့်တွေရော အကုန်လုံးပြန်ပျက်သွားပါမယ်။
အခုဆော့ဖ်ဝဲကတော့ အဲ့ဒီလိုတွေမဖြစ်ပဲ မိမိဖျက်ချင်တဲ့ account လေးကိုပဲ ရွေးပြီးဖျက်ရုံပါပဲ။
သုံးပုံသုံးနည်းကလွယ်ပါတယ်။ ဆော့ဖ်ဝဲကို ဖွင့် လိုက်ရင် super user access လာတောင်းပါမယ်။ Grant or Allow လုပ်ပေးလိုက်ပါ။
ခဏစောင့်ပြီးရင် မိမိဖုန်းထဲမှာ သုံးထားတဲ့ account list ပေါ်လာပါမယ်။ အဲ့ဒီထဲကမှ မိမိပယ်ဖျက်ခြင်တဲ့ account ကို ဖိထားပြီးတော့ Delete ဆိုတာကိုနှိပ်ရုံပါ။
ပြီးသွားရင် restart ဆင်းပါ ဖုန်းပြန်ပွင့်လာရင် setting > account & sync ထဲမှာ ခုဏက ဖျက်လိုက်တဲ့ အကောင့်မရှိတော့ပါဘူး..



 Click Me>>>>>Download








No comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်