Pages - Menu

Wednesday, August 14, 2013

အရမ်း ချစ်တယ်…ယုံ

-ခပ်ပါးပါးလေး ပဲ ချစ်တယ်

-လွမ်းသလားလို့ မမေးနဲ့
ဝင်သက်ထွက်သက်ရှုနေချိန်က လွဲရင်
ကျန်တဲ့အချိန်ဆို နင့်ကို ငါ မလွမ်းဘူး

-သတိရလားလို့ မမေးနဲ့
နှလုံးခုန်နေတဲ့အချိန်က လွဲရင်
ကျန်တဲ့အချိန်ဆို မေ့မေ့နေတတ်တယ်

-ချစ်လားလို့ မမေးနဲ့
ငါ့ကို ငါ ဆိုတာတောင် မေ့ပြီး
နင်အမှတ်နဲ့ အသက်ရှင်နေမိတာပဲရှိတယ်

-ကဲ ဘာမေးဦးမလဲ
တိုးတိုးပဲ မေးမေး ကျယ်ကျယ်ပဲမေးမေး
တစ်ခွန်းပဲ ပြောစရာရှိတော့တယ်
နင့် ကို ငါ အရမ်း ချစ် တယ်...ဟာ••!!

No comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်