နင်သာငါ့ကို အစတည်းက
မချစ်ခဲ့ရင်
ဒီလိုခွဲခွာရတဲ့ ဝေဒနာမျိုး
ခံစားရမှာမဟုတ်ဘူး
နင်ငါ့ကို ထားသွားမယ်ဆိုတာသိရင်
ငါမချစ်ခဲ့ပါဘူး....
နင်ငါ့အနားမှာ မနေနိုင်ဘူးဆိုတာ
သိခဲ့ရင်
ငါမတမ်းတပါဘူး.....
ငါလွမ်းခဲ့ရတဲ့ နေ့ရက်တွေကို
တမ်းတပြီးလည်းမငိုတော့ဘူး....
မတူညီနိုင်တဲ့
ဘ၀နှစ်ခုကိုဆွဲစုပြီးလည်း
မပေါင်းစပ်ချင်ဘူး....
ချစ်သူရယ်....
မင်းလည်းလွမ်းတယ်ငါလည်း
လွမ်းတယ်....
လွမ်းနေရုံနဲ့ပဲ
မျှော်လင့်ချက်တွေပျက်သုဉ်း
အလင်းနေ့တွေ
အမှောင်ဖုံးခဲ့ပြန်ပြီ.....
No comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်