Pages - Menu

Wednesday, August 28, 2013

အသစ်ထွက်ရှိလာတဲ့ Dropbox App for Android

Dorpbox ဆိုရင်တော့ အခုနောက်ပိုင်းမှာ တော်တော်များများသော samsung ဖုန်းအသုံးပြုတဲ့ user တွေ
တော့ သိကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ samsung မှာတော့ internal အနေနဲ့ ဒီ app လေးကို တစ်ခါတည်းထည့်ပေးပြီးသားဖြစ်နေလို့ပါ။ Cloud Drive app ခေတ်စားလာတဲ့ အထဲမှာ ဒီ app လေးကလည်း တစ်ခုအပါဝင်ပါပဲ။ ကိုယ့်ရဲ့ data တွေကို memory ထဲမှာ သိမ်းရတာတောင် မလုံလောက်မတင့်တိမ်ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။ သူ့ကို အသုံးပြုပုံကတော့ အားလုံးသိပြီးလောက်ပြီလို့ထင်ပါတယ်။ ဒါပေမဲ့လည်း review ရေးတဲ့ပုံစံအရ နည်းနည်းလေး ထပ်ပြီး ရှင်းပြပေးလိုက်ပါတယ်ဗျာ။ ဒီ app လေးကို အသုံးပြုပြီး
ကိုယ့်ရဲ့လိုအပ်တဲ့ data တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို သိမ်းဆည်းနိုင်ပြီး ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေဆီကိုလည်း ပြန်လည် မျှဝေပေးနိုင်တာကိုလည်း အသုံးပြုဖူးကြတဲ့ သူငယ်ချင်းတွေတော့ သိကြမှာပါ။အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။  
 
 
 
 

No comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်