iPhone
ရဲ့  Firmware ကို Downgrade,Upgrade ပဲဖြစ်ဖြစ် တစ်ခုခုမတော်တစ်ဆ
ဖြစ်ခဲ့ရင် iTunes error တစ်မျိုးမဟုတ် တစ်မျိုး ပေါ်လာတတ်ပါတယ်။
ကျွန်တော့်ထံ စာရေးသားဆက်သွယ်လာသူ တစ်ဦးဆိုရင် Firmware ကို ရိုးရိုး
update လုပ်တာပါပဲ ဒါပေမယ့် ဖြစ်ချင်တော့ update လုပ်နေစဉ်
လိုင်းပျက်ကျသွားလို့  Restore ပြန်လုပ်တဲ့ အခါမှာ iTune error 1015
ဆိုပြီးတတ်လာပြီး ဘာမှဆက်လုပ်လို့ မရတော့ဘူးလို့  ပြောပါတယ်။
ဘာကြောင့်ပဲ ဖြစ်ဖြစ် iTune error 1015 ကိုဖြေရှင်းဖို့  အောက်ပါ နည်းလမ်းလေးကို ရှာဖွေတင်ပြလိုက်ပါတယ်..
iTune error 1015 ကို ဖြေရှင်းရန် အတွက် လိုအပ်သော Software များကို အောက်တွင် အရင် Download ရယူပါ..
Download Software
1> LibUSB
32 bit (Win)
64 bit (Win)
2> Error 1015 Fixer
Error 1015 Fixer
၁)
ပထမဦးစွာ LibUSB download လုပ်ပြီး Install အရင်လုပ်ပါ.. ညွှန်ကြားချက်အတိုင်း တစ်ဆင့်စီ
ဆောင်ရွက်သွားပါ။
၂) Error 1015 Fixer ကို download လုပ်ပါ။
၃) iTune ကိုဖွင့်လိုက်ပါ error တက်လာပါက Error 1015 Fixer ကို Run လိုက်ပါ အောက်ပါပုံအတိုင်းတွေ့  မြင်ရပြီး "Fix My Error!" ကို နှိပ်ပေးလိုက်ပါ.. ဒါဆိုရင် error 1015 ကိုဖြေရှင်းပေးနိုင်ပါပြီ..
အားလုံးအဆင်ပြေကြပါစေ....
No comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်