Friday, August 16, 2013

Operator Name ကိုပြောင်းပေးမဲ့ CarrierName_v1.2

carriernamechanger လေးနဲ့ notification bar မှာပေါ်နေတဲ့ MPT ဆိုတဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ နာမည်လေးကို မိမိနှစ်သက်တဲ့ နာမည်လေးပြောင်းကြမယ်ဗျာ အခုတင်လိုက်တဲ့ apk လေးကတော့
 မြန်မာလို့ပေါ်အောင်တော့လုပ်လို့မရဘူးဗျ ဒါပေမဲ့မပူပါနဲ့ မြန်မာလိုပေါ် အောင်ထိ ကလိကျမယ်နော် အရေးကြီးတာမေ့ တော့မလို ဖုန်း root ရှိပြီးသားဖြစ်ရမယ်နော် ကဲတင်ပေးထားတဲ့ rootexplorer နဲ့ carriername ၂ခုကိုဒေါင်းပြီး မိမိဖုန်းထဲမှာ install လုပ်လိုက်ပါ ပြီးရင် carriername apkကိုဖွင့်လိုက် superuser လေးနဲ့ ချိတ်ခိုင်းလိမ့်မယ် Allow ကိုနှိပ်ပါ New Opeartor name ဆိုတဲ့နေရာမှာ MMZ လို့ရိုက်လိုက်ပါ အောက်မှာတွေ့ ရတဲ့ ok လေးကတော့ အရင်နာမည်ကို backup လုပ်ခိုင်းတာပါ backup လုပ်ပြီးရင်တော့ reboot ကိုနှိပ်လိုက်ပါ ဖုန်းကrestart ကျသွားပါလိမ့်မယ်
 ဖုန်းပြန်ပွင့်လာရင် noti bar ကိုကြည့်လိုက်ပါ MPTGSM နေရာမှာ MMZ ကိုတွေ့ရပါလိမ့်မယ် ကဲမြန်မာလိုပေါ်အောင် ဆက်ကလိကြရအောင် rootexplorer ထဲကိုဝင်ပါ superuser နဲ့ချိတ်ခိုင်းရင်
 Allow ကိုနှိပ် rootexplorer ရဲ့ ညာဘက်အပေါ် ထောင့်နားက Mount R/W ဖြစ်နေရင် Mount R/O သို့အရင်ပြောင်းလိုက်ပါ ပြီးရင် system/etc ထဲဝင်ပါ ပြီးရင် spn-conf.xml ကိုရှာပါ တွေ့ရင် အဲဒီအပေါ်မှာခဏဖိထားလိုက်ပါ option box ကျလာပါမယ် option box ထဲက open with text editor ကို ရွေးပေးပါ spn-conf.xml ကိုပြင်ရမှာမို့ပါ ပြင်ဖို့ဖွင့်လိုက်ပါ အဲဒီထဲက "MMZ"ကိုရှာပါ တွေရင်ပြင်လိုက်မယ် ဒီအတိုင်လေး "မြန်မာ့ဆက်သွယ်ရေး"လို့(မိမိနှစ်သက်တဲ့ နာမည်ပြောင်းနိုင်ပါတယ် " " ကြားမှာပေါ့) ပြီးရင် Save လိုက်ပါ saveလိုက်ရင် spn-conf.xml.bak ဆိုတဲ့ ဖိုင်ထက်ထွက်လာပါ မယ် delete လုပ်လိုက်ပါ မလုပ်လည်းရပါတယ် အခု rootexplorer ထဲကနေအပြီးထွက်ပါ noti bar သွားမကြည့်နဲ့ နော် ရသေးဘူး ဖုန်းကို restart ချလိုက်ပါ ဖုန်းပြန်ပွင့်လာရင် noti bar ကိုကြည့်လိုက်ပါတော့ အဲဒါမှ မိမိပြောင်းထားတာမပေါ် ဘူးဆိုရင်တော့ တစ်နေရာရာမှာ မှားလာလို့ပါ အစအဆုံးတစ်ခေါက် မှန်အောင်ပြန်လုပ်လိုက်ပါတော့ဗျာ ကဲအားလုံးအဆင်ပြေကြမယ် လို့ထင်ပါတယ် နားလည်တာများရှိခဲ့ရင် comment ရေးပေးထားခဲ့ပါ ဘော်ဒါတွေအားလုံးအဆင်ပြေကြပါစေဗျာ

Click Me>>>>>Download






0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.