huawei G510 နှင့် အခြား 4.1.1 huawei များမှာ တချို့ app တွေ တင်ပြီးရင်
Home က ခေါ်မရပဲ huawei home is stopped ဆိုပြီးဖြစ်ဖြစ်သွားတတ်ပါတယ်။
သိတဲ့လူတွေကတော့ လွယ်မှာပါ..မသိသေးတဲ့ လူများအတွက် ပြောပြပေးတာပါဗျာ..
အဲဒီလိုဖြစ်နေရင် အပေါ်က notification bar လေးကို ဆွဲချပြီး setting
ကိုဝင်လိုက်ပါ
ပြီးရင် manage app ဆိုတဲ့ အထဲကို ထပ်ဝင်လိုက်ပါအုံးဗျာ..အဲဒီထဲမှာမှ
huawei home ကို unfortunately stop ဖြစ်စေတဲ့ app ကိုရှာပြီး uninstall
လုပ်ပေးလိုက်ပါ..
အဲဒီ app လေးတွေက များသောအားဖြင့် app logo မပေါ်နိုင်ပဲ android
စက်ရုပ်လိုဂိုလေးဖြစ်နေတဲ့ app လေးတွေပါ..သေချာတဲ့ app တခုက mmpayate.apk
ပါဗျာ..အဲဒီ app ကတော့ HUAWEI 4.1.1 နဲ့
လုံးဝမဆင်မပြေပါဘူး..သူ့ကိုဖြုတ်လိုက်တာနဲ့ home ကပုံမှန်ဖြစ်သွားပါလိမ့်မယ်...အိုကေ..အားလုံးပဲ အဆင်ပြေကြပါစေဗျာ...
No comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်