Pages - Menu

Tuesday, September 3, 2013

Smart Phone Resolution အကြောင်း

Screen Resolution နဲ့ Graphic အပိုင်းလေး သိသလောက်ပြောပြချင်ပါတယ်။ ဒီအပိုင်းက လည်းဖုန်း
တစ်လုံးမှာ အရေးပါ ပါတယ်။ Moviesတွေ၊ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ကြည့်တဲ့အခါ Screen Resolution နဲ့ Graphic ပိုင်းကွာခြားမှုက ပုံရိပ်အရေအသွေးကို ကွာခြားစေပါတယ်။ တစ်ချို့ ဖုန်းတွေမှာ
CPU,RAM တွေကောင်းမွန်ပြီး Game တွေကို Install လုပ်လို့ရပေမယ့် Game ဆော့မယ်ဆိုတော့မှ
Screen Resolution နည်းတဲ့အတွက် Game ကိုမမြင်ရပဲ Screen အမဲရောင်ပဲမြင်ရတာမျိုး ဂိမ်းတစ်ခု
လုံးမမြင်ရပဲ တစ်ခြမ်းပျက်နေတာတို့ စတဲ့ Display Error မျိုးစုံတွေ့ ရတတ်ပါတယ်။ HD ဂိမ်းတွေဆော့
ဖို့အတွက်  အနည်းဆုံး Resolution 480x800 နဲ့ အထက်ရှိမှအဆင်ပြေပါမယ်။ ဂိမ်းမြင့်လေ Resolution ကောင်းဖို့လိုအပ်လေပဲ ဖြစ်ပါတယ်။ ယနေ့ ခေတ်ဖုန်းတွေမှာတော့ 720x1280, 1080x1920 Resolution တွေ ထည့်သွင်းလာကြပါပြီ။


No comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်