Samsung ရဲ့ အခုနောက်ပိုင်းထွက်လာတဲ့ မော်ဒယ်မြင့်ဖုန်းတွေမှာ security
မြှင့်တဲ့ အနေနဲ့ KNOX security လေးထည့်လိုက်တာတွေ့ရပါတယ်.Knox security
ပါလာတဲ့အတွက်ကြောင့် ကျွန်ောတ်တို့ ဖုန်းကို Root လုပ်ပြီး သုံးတဲ့အခါမှာ
တခါတလေမှာ force close error တက်တာတွေ့ရပါတယ်.ဒါ့အပြင် ဖုန်း firmware
ဗားရှင်းအမြှင့်ကနေ အဆင်မပြေလို့ ပြန်ဆင်းတဲ့အခါလည်း Knox security
ကြောင့်အခက်အခဲဖြစ်တာတွေ တွေ့ရပါတယ်။ဒါကြောင့် အခုဖော်ပြပေးမှာကတော့ Knox
Security ကို disable လုပ်မယ့်အကြောင်းလေးပြောပြပါမယ်။ဒီလိုလုပ်ဖို့အတွက်
မိမိဖုန်းက Root ဖောက်ပြီးဖြစ်ရပါမယ်။root ဖောက်လိုက်တဲ့ မိမိဖုန်းကိုလည်း
Knox security ကြောင့်
“SuperSU tried to access system in your device without authorization. This action was blocked.”
OR
“An application attempted to access system on your device without authorization.” ဆိုပြီး message pops up
အမြဲလိုလိုတွေ့နေရတတ်ပါတယ်..ဖြေရှင်းဖို့အတွက်ကတော့ အခုအောက်မှာပေးထားတာလေး ဒေါင်းလိုက်ပါ။
http://download.chainfire.eu/supersu
ပြီးရင် Zip ဖြေလိုက်ပါ။ဇစ်ဖြေတဲ့အထဲက နေ အောက်ပါအတိုင်းတွေ့၇ပါမယ်

superuser.apk လေးကိုယူပြီး မိမိဖုန်းထဲမှာ Install လုပ်ပေးလိုက်ပါ။security မှ unknown source ကိုအမှန်ခြစ်ထားပါနော်။
install လုပ်လိုက်တဲ့အခါမှာ အောက်ကပုံအတိုင်း မက်ဆေ့တက်လာရင် ok
ပေးလိုက်တဲ့အခါမှာ ဒုတိယပုံထဲကလို အောင်မြင်စွာဖြုတ်ပြီးကြောင်းစာတက်လာရင်
OK ပါပြီ။

EMMC Flash Chip (Embedded Multi Media Card ,Essentially a micro sd card that is soldered to the board)
(Boot +Rom 1+Rom2 & System memory +Internal memory)
1.Boot =Phone တစ်ခု စတင်အလုပ်လုပ်ဖို့ အတွက် phone ရဲ့ os နဲ့ hardware ပိုင်းတွေကို မောင်းနှင် အလုပ်လုပ်ပေးတဲ့ အပိုင်းပါ/
2.Rom 1 =့ phone စတင်ဖို့ အလုပ်လုပ်ဖို့ အတွက်အဓိကမှတ်သားပေးတဲ့ အပိုင်းလေးပါ/
3.Rom 2 & system momory=Os user အတွက် Company က ထည့်ပေးတဲ့ software နဲ့ user အတွက် some space လေးပါ/
4.Internal memory = User တွေအတွက်ပါ/
5.RW ဖြစ်ရင်တော့ ပြင်လို့ရနိုင်ပါတယ် RO ဆိုရင်တော့ လဲရမှာပါ။
Credit to ..http://www.androidtablets.net/ & http://www.androidtablets.net/forum/nook-color-technical/12462-what-emmc.html
အောက်မှာတော့ EMMC ဖြုတ်နည်းတပ်နည်း video file လေးပါ။
http://www.youtube.com/feature=player_embedded
Huawei ဖုန်းများရဲ့ Official Firmware (update.app) ဖိုင်များကို
ဖြည်နိုင် ၊ ပြန်ပေါင်းနိုင်သော Tool
ကလိစရာ Tool လေးတစ်ခုလာပါပီဗျ.....
Huawei
ဖုန်းများရဲ့ Official Firmware (update.app) ဖိုင်များကို ဖြည်နိုင် ၊
ပြန်ပေါင်းနိုင်သော Tool ထွက်ရှိလာပါပြီ ဒါတင်မကဘဲ ဒီ tool လေးက Huawei
ဖုန်းများကို Bootloader unlock လုပ်ခြင်း ၊ Network unlock
လုပ်ခြင်းများကို
ဒီ Tool လေးနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်....
ဒါလေးတွေ ဘော်ဒါ သိပြီးပြီလား ??
*** Google Map ကို offline ကြည့်နိုင်ဖို့ ***
ဂိမ်းတွေမှာ ပိုက်ပိုက်တွေ
hack တဲ့ ဆော့ဝဲလ်ကောင်းလေးပါဗျ....'D ဆော့ဝဲလ်လေးကတော့
တော်တော်များများဂိမ်းတွေကို hack
နိုင်ပါတယ်ဗျ....ကျွန်တော်ဂိမ်းတော်တော်များများကို စမ်းသပ်ပီ အဆင်ပြေလို့
တင်ပေးလိုက်တာပါ....
အရင်ဦးဆုံး ဒီကောင်လေးကို
ကျွန်တော် version (2)မျိုးတင်ပေးထားပါတယ်ဗျ.... 2.1 နဲ့အထက်၊ 2.2 နဲ့အထက်....
မိမိတို့ ဖုန်းနဲ့ အဆင်ပြေမယ့်ကောင်လေးကိုဒေါင်းပါဗျ....
ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို
တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ
မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots”
နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့
Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal
မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး
တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless
Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင်
ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။
ဒီတစ်ခါတော့ သူများတွေအရမ်းသိချင်တဲ့ နည်းလေးတွေပါ။ Android ဖုန်းအချို့မှာ
Google Accounts တွေချိတ်လို့ရကောင်းရလိမ့်မယ်။ တချို့က Google Account
နဲ့ချိတ်ထားပါတယ်။ ဒါပေမယ့် အကယ်လို့
ရမ်းရမ်းပြီးဖြုတ်မိရင်တော့ ပြဿနာတစ်ခုပေါ့။ Factory Reset ချမိရင်တော့
သင့်ဖုန်းထဲမှာ ရှိသမျှ ဖိုင်တွေအားလုံး ပျက်သွားလိမ့်မယ်။
အဲ့ဒါကို ဖြေရှင်းဖို့ နည်းရှိပါတယ်။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။
အဆင်ပြေပါစေ။
နဲနဲတော့အလုပ်ရှုပ်တယ်ဗျ သတိလဲထားလုပ်မှရမှာ
ကျွန်တော်တို့သိပ်မရင်းနှီးသေးတဲ့ DFS tool နဲ့လုပ်ရမှာမို့ပါ root access
မလိုပါဘူး ကျွန်တော်ပေးထားထဲလင့်ခ် လေးထဲမှာ (၄)မျိုးပါတယ်
၁. DFS tool
၂. driver
၃. user guide(for myanmar only)
၎. voicedialer.apk ရယ်ပါ
apk ကဘာလို့ထည့်ပေးထားလဲဆို သူ့မှာပါတဲ့ original software
ကသိပ်အဆင်မပြေလို့ပါ ကျွန်တော်ပေးထားတဲ့ voicedialer.apk
ကိုသာထပ်တင်လိုက်ပါ ပြသနာမရှိပါဘူး original apk နေရာမှာအစားထိုးပေါ်မှာပါ
စက်ပိတ်ပြီးပြန်ဖွင့်ရင် အော်ရယ်ဂျင်နယ်ပြန်ပြောင်းသွားပါလိမ့်မယ် user
guide ပါလို့ အသေးစိတ်ရှင်းမပြတော့ပါဘူး သက်ဆိုင်သူများကိုလဲ crecdit
ပေးပါတယ် ဝေမျှပေးတာကိုလဲကျေးဇူးတင်ပါတယ် အလကားဆိုတဲ့ အထဲမှာတန်ဖိုး
မဖြတ်နိုင်တာ ပါဝင်နေမှာပါ ဒီမှာဒေါင်းပါဗျာ
http://www.mediafire.com/?93gzj879zsc0a79
ခေါင်းစဉ်ကြည့်ပြီး အထင်မကြီးနဲ့နော် ဟီးဟီး အဲဒါ Child play လေးတွေပါ...
ကျွန်တော်ကလည်း အခုမှ လေ့လာခါစ ဘာမှမတတ်သေးပါဘူးဗျာ...ဒါပေမယ့် ဘော်ဘော်တွေ အတွက် ကလိရအောင်တင်ပေးလိုက်ပါတယ်နော် သူကလည်း အရင်လိုပဲ အရင်တိုင်းပဲ Root & Debugging On ပါခင်ဗျာ....ကဲ လေကြောရှည်ကြတာပေါ့နော်...
အရင်ဆုံး Lock အကြောင်းလေးနည်းနည်းပြောမယ်ဗျာ နော်..
pattern or pin lock လုပ်လိုက်ရင် gesture.key နဲ့ password.key ဆိုတဲ့ file နှစ်ခုက ဖုန်းရဲ့ /data/system ဆိုတဲ့ folder အောက်ကိုရောက်သွားတာပါ
pattern ဆိုရင် gesture.key
pin ဆိုရင် password.key ပေါ့
အနော်တို့ အဲ file တွေကိုဖြုတ်နိုင်ရင် pattern or pin lock တွေကို ဖြုတ်နိုင်ပြီပေါ့
gesture.key နဲ့ password.key ဖိုင်တွေရှိတယ်နေရာကို command လေးတွေ run ပြီးကြည့်ကြည့်ရအောင်
ပြီးရင်ဖြတ်လိုက်မယ်ပေါ့
lock ကျနေတဲ့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါဗျာ
ပြီးရင် cmd ကိုဖွင့်ပြီးအောက်က command တွေကို run လိုက်ပါ
adb shell
su
ls /data/system
(ls=List current directory
/data/system ထဲကဖိုင်တွေကိုဝင်ကြည့်တာပါ)
အဲမှာအနော်တို့ ဖြုတ်မဲ့ gesture.key နဲ့ password.key ကိုတွေ့ပါလိမ့်
rm /data/system/password.key
rm /data/system/ gesture.key
(rm ဆိုတာက reomve ပါ password.key ဆိုတာက pin lock ကိုဖြုတ်ဖို့အတွက်ပါ gesture.key ဆိုတာကတော့ Pattern lock အတွက် )
reboot
(ဖုန်းကို reboot လုပ်လိုက်ပါ ပြန်တတ်လာရင် ပြုတ်သွားပါပြီ)
အနော်က command တွေကိုပါရှင်းပြနေလို့ပါ
Pattern Lock အတွက်ဆိုရင်
adb shell
su
rm /data/system/gesture.key
reboot
လို့ cmd မှာတစ်ကြောင်းခြင်းရိုက်လိုက်ပါဗျာ
Pin Lock အတွက်ဆိုရင်
adb shell
su
rm /data/system/password.key
reboot
လို့ cmd မှာတစ်ကြောင်းခြင်းရိုက်လိုက်ပါဗျာ
ကဲ အဆင်ပြေကြပါစေနော်...
အရင်ဆုံး လိုအပ်တာလေးတွေ အရင် Download ဆွဲလိုက်ပါ
ADB Fastboot Tools.zip
Neo V.img
Delete Pattern Lock.zip
Super Su.zip
ကဲအားလုံး Download ဆွဲ လို့ပြီးပြီ စုံပြီဆိုရင် လုပ်ငန်းစကြစို့နော်..
၁။ ADB Tools.zip ဖိုင်ကို အရင်ဖြေလိုက်ပါ ပြီးရင် ဖြေထားတဲ့ ဖိုင်ကို C: သွားထည့်လိုက်ပါ။
၂။ Neov.img ဖိုင်ကိုတော့ C: ထဲက Adb tools ဖိုင်ထဲကို သွားထည့်ထားလိုက်ပါ။
၃။ မမ်မိုရီကဒ် အလွတ်ထဲသို့ Delete Pattern Lock.zip နှင့် Superuser-3.0.7-efghi-signed.zip တို့ကိုထည့်ပြီး ဖုန်းအတွင်း

Huawei C8813D
C8813D တွေလည်း system update ပေးတဲ့အခါ လုပ်မိပြီး Sim Card မဖတ်တော့တာတွေ
ဖြစ်နေကြပါတယ်။သိပြီးသားလူတွေကတော့ သိပြီးမှာပါ မသိသေးတဲ့ သူတွေအတွက်ပါ.
အဲဒီအချိန်ကျရင် Firmware ပြန်တင်ကြရပါတယ်။
Firmware ပြန်တင်ရင်လည်း Step 2 မှာ update fail ဖြစ်နေတာတွေဖြစ်တက်ကြပါတယ်။
ကျတော်လည်း update fail ဖြစ်လို့လိုက်ရှာရင်း အဆင်ပြေတာလေးတွေ့လို့ပြန်လည်
မျှဝေပေးလိုက်ပါတယ်။
လိုအပ်တဲ့သူများရှိရင် အဆင်ပြေအောင်လို့ပါ………………
Download Link 1 :
Mega.com မှရယူပါ။
Download Link 2 :
Copy.com မှရယူပါ။
Download Link 3 :
Zippyshare.com မှရယူပါ။
Download Link 4 :
Dev-Host.com မှရယူပါ။
ရလာတဲ့ zip file လေးကိုဖြည်လိုက်ပြီး ရလာတဲ့ file ထဲက dload folder လေးကို
SD Card ထဲထည့်လိုက်ပါ။
ြဲပီးရင်တော့ Phone ထဲထည့်ပြီး volume up + volume down + power လေးနဲ့ dload လေးကို
install လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Firmware လေးပြန်တင်လို့ရပါပြီ။
သိပြီးသားဆိုရင်တော့ ဆရာလုပ်သလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။
Creditကတော့သက်ဆိုင်သူအားလုံးကိုပေးပါတယ်ဗျာ….
တော်တော်လေးကို အဖြစ်များတဲ့ Error ပါ SD Card က 8 GB ဒါပေမယ့် ဖုန်းထဲမှာ SD Card is Full ဆိုပြီး ပြတတ်တာမျိုးပေါ့....အဲလိုအခါမျိုးဘာကြောင့်ဖြစ်တတ်လဲဆိုတော့ Samsung ဖုန်းတွေမှာ Internal Memory နည်းတတ်တော့ Install Manager,DX Toolbox စတဲံ့ application များကိုသုံးတတ်ကြပါတယ်....
ထို application များသည် Install လုပ်လိုက်သည့် apk များကို sd card ထဲသို့ apk data ကို တိုက်ုရိုက်ပို့ဆောင်ပေးပါတယ်... ထိုအခါ ကိုယ်ထည့်ထားသည်က နည်းနည်းလေး ဘာလို့များ SD card is full.ဖြစ်နေရတာလဲလှို့ စဉ်းစားမိကြပါလိမ့်မယ်..အဲဒါကြောင့်ပါ.....
အရင်ဆုံး ဖုန်းကို Reset ချလိုက်ပါ....reset မချချင်ရင်တော့ app data တစ်ခုချင်းစီကို Clear လုပ်လိုက်ပါ...
ပြီးလျှင် ဖုန်းကို Restart ချလိုက်ပါ...Memory Card ကို Format ရိုက်လိုက်ပါခင်ဗျာ...ပြီးရင်ထည့်သုံးကြည့်လိုက်ပါ...နောက်ထပ်မဖြစ်တော့ဘူး....
အခု ခေတ်စားနေတဲ့ ရှယ်တာဆိုလား ဇက်ပြားဆိုလား မသိပါဘူး အဲ ဇက်ပြားနဲ့ ကူးရင်လည်း တစ်ခါတစ်လေ SD card မပြည့်ဘဲနဲ့ SD Card is full လို့ပြတတ်ပါတယ်...အဲဒါဆိုရင် Storage ထဲမှာ SD Card ကိုပြောင်းပေးလိုက်ပါ...အဲဒါမှမရရင် ဇက်ပြားကြီးကိုထုတ်လိုက်ပါ...
ဖုန်းကို Restart ချလိုက်ပါ.. restart မပါရင် ဖုန်းကို Batter ထုတ်/ထည့်လိုက်ပါ ပြန်ပွင့်လာရင် ဇက်ပြားကြီးကို
INSTALL ပါ ခင်ဗျာ...အဲဒါမှမရရင် Zapya နဲ့ မိမိဖုန်း Version မကိုက်လို့ပါ နောက်တစ်ခုထပ်ထည့်လိုက်ပါနော်..
ဘာမှမသိတဲ့ သူ (or) ဘာဆိုဘာမှနားမလည်သူ တစ်ယောက်ပါ...
တော်တော်များများမှာ ကြုံတွေ့နေရတဲ့ Error ပါ ကျွန်တော်တိုင်ပတ်ဖူးတဲ့ ကောင်လေးပါ...Firmware တင်လည်းမရ Display လဲလည်းမရ ဖွင့်ထားရင်အကောင်း Screen server ပိတ်ပြီး ၅မိနစ်လောက်ဆို ပါဝါပိတ်သွားရော...ပြန်ဖွင့်လို့မရ...Battery ထုတ်ပြီးပြန်ထည့်မှသာ ပါဝါဖွင့်လို့ရပါတယ်...ကျွန်တော်ကလိကြည့်ရသလောက်တော့ သူ့ရဲ့ Error က Memory Card မကောင်းတာပါခင်ဗျာ...၀ါသနာတူသူငယ်ချင်းများ ကျွန်တော့်လိုတိုင်ပတ်မှာစိုးလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ
ကျွန်တော်က User အဆင့်ပဲရှိပါသေးတယ်ခင်ဗျာ.......

အရင် တုန်း က sony errission လို ဖုန်းတွေမှာ ပါလာတဲ့ build in ပါလာတဲ့ talk ကို အခု huawei ဖုန်းတွေမှာတင်လို့ရပါပြီ။
အရင်ကဆို တင်လိုက်ပြီး ဖွင့် ရင် ပြန်ပြန်ပိတ်သွားပါတယ်။ အခုတော့
ဒါလေးကိုဒေါင်းလိုက်ပါ။
Download
ပြီးရင် install တင်လိုက်ပါ။ Root လုပ်ထားဖို့တော့လိုအပ်ပါတယ်။
ဒီtalk ကိုတင်ခြင်းအားဖြင့် အရင် ကသူံးမရတဲ့ Map/ Gmail/ ဒါတွေကိုပါ တင်ပြီး ပြန်ပြီးအရင်ကလို ပိတ်ပိတ်မသွားတော့ပါဘူးခင်ဗျာ။
Phone
မှာ software/Game တွေအထည့်များပြီး Force Close တွေပေါ်၊ Uninstall
လုပ်ဖို့ကလဲ ဖုန်းက ကောင်းကောင်း အလုပ်မလုပ်၊ ဟိုဟာနှိပ်လဲမရ
ဒီဟာနှိပ်လဲမရတဲ့သူတွေ အတွက်။ Safe Mode ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ Safe Mode ထဲမှာ System အတွက် လိုအပ်တာတွေပဲ အလုပ် လုပ်ပါတယ်။ ထပ်ပြီးထည့်ထားတဲ့ software/Game တွေကအလုပ် မလုပ်တော့ပါဘူး။ App Drawer ထဲမှာလဲ မတွေ့ ရတော့ပါဘူး။ Setting ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ ကွန်ပျူတာက Windows Safe Mode နဲ့ သဘော သဘာဝ တူပါတယ်။
Samsung Galaxy S4 Safe Mode:
1. Turn off the device.
2. Press the power button to turn it on.
3. When the screen turns up keep tapping the soft Menu key that is left to the Home button till the device
boots up.
Safe Mode on Galaxy S3, Note 2 and Others:
This is the most common way of booting Galaxy Devices into Safe Mode:
1. Turn off the phone.
2. Press the Power key to restart it.
3. When you see the Samsung Logo screen, press and hold the Volume Down key till the device boots up.
Safe Mode on HTC One, One X and Other Devices:
HTC devices have a common method of entering the Safe Mode. I have tested it on HTC One.
1. Turn fastboot off in your power settings.
2. Switch off the device.
3. Power it on
4. Once you see the HTC splash screen, press and hold the Volume Up key till the phone boots up in Safe
Mode.
On some HTC devices like Desire S, you need to press the Volume Down key instead.
Safe Mode on Nexus 4 and Other Device:
If you got a Google Nexus device or have installed an AOSP, AOKP or CyanogenMod based custom ROM, you
can get into Safe Mode as described below. This method works on most devices with Jelly Bean.
1. Press & hold Power button
2. It’ll bring up Power off/Reboot options
3. Then press & hold the “Power Off” option
4. It’ll ask for your confirmation to boot device into Safe Mode.
5. Tap OK button.

C 8813D တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Network လိုင်းပျောက်ခြင်းတွေကို ဖြေရှင်းတဲ့ နည်းလေးပါခင်ဗျာ
User တွေ အတွက်ပေါ့ နော် Pro တွေအတွက်တော့ မဟုတ်ပါဘူး....သိပြီးသားပါလုပ်တတ်တယ်ဆိုရင်တော့
ကျော်ဖတ်လိုက်ပါနော်...ကိုယ်က User တစ်ယောက်ဖြစ်နေမယ်..Firmware လည်းမတင်တတ်ဘူးဆိုရင်တော့ Android Os တွေမှာ Factory reset ပါပါတယ်ခင်ဗျာ...
Setting---Privancy---------Factory reset ကနေ reset ချလိုက်ပါခင်ဗျာ.. ဘာမှမကျန်တော့ပါဘူး ..ပြီးသွားရင် Setting ထဲမှာ အပေါ်ဆုံးမှာရှိပါတယ်.. International Roaming ထဲကိုဝင်လိုက်ပါ...
Restore Deafult Setting ကိုနှိပ်လိုက်ပါ...ဖုန်းက Restart(ပါဝါပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ်..)ကျသွားပါလိမ့်မယ်....
ပြန်ပွင့်လာတဲ့အခါ ခဏစောင့်လိုက်ပါ...လိုင်းတက်လာတာကိုမြင်ရပါ
လိမ့်မယ်..အဲဒါမှတက်မလာဘူးဆိုရင်တော့ Firmware တင်ရပါလိမ့်မယ်ခင်ဗျာ....
ထပ်မံတောင်းဆိုတယ်ဆိုရင်တော့ Huawei Firmware တင်နည်းကိုဆက်လက်ဖော်ပြပေးပါမယ်ခင်ဗျာ...
Huawei
C8825D ရဲ့ တချို့ build number တွေမှာ *#*#2580#*#* နှိပ်ပြီး data
service ကို enable လုပ်လို့မရပါဘူး။ အခုပြောပြပေးမှာကတော့ အဲဒီ
ဖုန်းတွေမှာ GSM internet သုံးရအောင်
လုပ်နည်းဖြစ်ပါတယ်။
DOWNLOADDownload
လုပ်၍ရသော rar ဖိုင်ကို ဖြေလိုက်ပါ။ အထဲမှ Setting.apk ကို root explorer
သုံးပြီး system>app> ထဲတွင် replace လုပ်၍ permission rw-r-r
ပြောင်းပါ။
apns-conf.xml နှင့် hw_defaults.xml ဖိုင်၂ ခုကို system>etc> ထဲတွင် ထည့်၍ permission rw-r-r ပြောင်းပါ။
ပြီးလျှင် ဖုန်းကို restart ချလိုက်ပါ။ ပြန်တက်လာရင်တော့ *#*#2580#*#* နှိပ်ပြီး data service ကို enable လုပ်လို့ရပါပြီ။
APN setting ထည့်ပြီးရင် internet သုံးလို့ရပါပြီ။
အားလုံးအဆင်ပြေကြပါစေ......
ဒီတစ်ခါမှာတော့ Momo8,Mono9,Mono11 tablet များကို firmware ပြန်တင်နိုင်မဲ့နည်းလမ်းလေးပါ။
ဒီပိုစ့်လေးကိုတော့pyayblogger.comမှာတွေ့လိုပြန်လည်ဝေမျှထားတာဖြစ်ပါတယ်။
မသိသေးတဲ့သူငယ်ချင်းများအတွက်လည်း အကျိုးရှိမဲ့လို့မျှော်လင့်ပါတယ်။ ဘာမှ
မလုပ်ခင်မှာ လိုအပ်မဲ့ data လေးတွေ တောင်းလိုက်ကြမယ်နော်....
သင့်ရဲ့PC,Tablet,Phoneတွေကိုတစ်စုံတစ်ယောက်ကိုရောင်းတော့မယ်ဆိုရင်သင့်ရဲ့
Personal
Dataတွေပါမသွားအောင်ပြုလုပ်သင့်တဲ့အချက်တွေရှိပါတယ်။
သင့်ရဲ
့ဒေတာတွေကို Delete ကီးနှိပ်ပြီးဖျက်ရုံနဲ့  မလုံလောက်ပါဘူး။
ဖျက်လိုက်တဲ့ဒေတာတွေကို
ပြန်ရှာနည်းတွေ ရှိပါတယ်။
အဲဒီအတွက်
သင့် Device တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်မှာလေ့လာပါ။
Personal Data
တွေကို Backup လုပ်ပါ။
သင့်
Computer ကို တစ်ခြားသူဆီမရောင်းခင် အရေးကြီးဒေတာတွေကို Backup လုပ်ပါ။Backup
Manager ဆော့ဝဲတွေကိုအသုံးပြုနိုင်ပါတယ်။ Windows 8 မှာ File History Feature
ကိုအသုံး ပြုနိုင်ပါတယ်။
C8813, C8813D Sim Card Unlock Code တွေကိုစက်ရုံကထုတ်ပေးတာပါ၊ Microsoft Excel ထဲမှာ formular ထုတ်ပြီး ပေးတာပါ.......။
C8813 ဆိုရင် 09-73..... နဲ့ ဖြည်ရပါမယ်၊ C8813D က mec, 09-73... နဲ့ရောရပါတယ်.။
အောက်ပုံပါအတိုင်း
ပထမနံပါတ်က ဆင်းကဒ်အတွက် unlock code ပါ၊ တကယ်လို့ code မှားရိုက်မိရင် စတုတ္တမြောက် code ကို ပြန်ရိုက်ပေးရပါတယ်၊
unlock code က ငါးကြိမ်ထိမှားလို့ရပါတယ်၊ ငါးကြိမ်ကျော်သွားရင်တော့
စတုတ္တမြောက် code ကိုရိုက်ပေးလိုက်ပါ.....။ ပြီးမှ ပထမ code ကို
အမှန်အတိုင်းပြန်ရိုက်ပေးရပါတယ်............။ ဒါဆိုရင် unlock
ဖြစ်သွားပါပြီ။
တခါတလေ ကျလို့ရှိရင် unlock ဖြစ်သွားပြီး code box က
ပေါ်နေတက်ပါတယ်........။ ဘာမှမပူပါနဲ့ ဖုန်းကို
ပိတ်ပြီးပြန်ဖွင့်လိုက်ပါ...ရပါပြီ။ မရခဲ့ရင် နောက်ဆုံးနည်းကတော့ firmware
ပြန်တင်လိုက်ပါ။
Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)