မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် ရရှိသွားပြီဖြစ်သည့်
တယ်လီနောကုမ္ပဏီက လာမည့်ရှစ်လအတွင်း စတင်ရောင်းချမည့် ဖုန်းနံပါတ်များမှာ
၀၉၅ နှင့် စတင်ဖွယ်ရှိပြီး ပထမအသုတ်အဖြစ် ဆင်းမ်ကတ် သန်း ၃၀
ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ စီအီးအို မစ္စတာပတ်တာဖားဘတ် က
ဖေဖော်ဝါရီ ၅ ရက်က ပြောကြားသည်။
“၀၉၅ နဲ့ စတဲ့နံပါတ်ဖြစ်ဖို့ မျှော်လင့်ထားတယ်။ ဂဏန်းအရေအတွက်ကတော့ ၁၀
လုံးဖြစ်မယ်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ သန်း ၃၀
ပမာဏကို စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တယ်လီနောကုမ္ပဏီက ဆင်းမ်ကတ် စတင်ရောင်းချရာတွင် မြန်မာနိုင်ငံ၏
လူနေအထူထပ်ဆုံး မြို့ကြီးများတွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး
မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံမိစေရန် ငါးနှစ်အချိန်ယူရမည်ဟု ဆိုသည်။
ဆင်းမ်ကတ်စတင်ရောင်းချချိန်တွင် 2G နှင့် 3G ကို အတူတကွ ရောင်းချသွားမည်ဖြစ်ပြီး လူတိုင်းအင်တာနက်သုံးနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
“ လူတိုင်းသုံးနိုင်ဖို့ ရည်ရွယ်တာဖြစ်လို့ 2G က နေရာတိုင်းမှာ
ရှိသွားမယ်။ 2G Network နဲ့အတူ 3G လည်းလုပ်ဆောင်သွားမယ်။ တယ်လီနောက
လူတိုင်းအင်တာနက်သုံးဖို့ ရည်ရွယ်တာဖြစ်လို့ G -3G မဟုတ်ဘဲ အင်တာနက်
အဓိကသုံးနိုင်အောင် လုပ်သွားမယ်” ဟု မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။
တယ်လီနော၏ အင်တာနက်ဝန်ဆောင်မှုမှာ မြန်နှုန်းမြင့်စေရန် အာမခံထားပြီး
ဝန်ဆောင်မှုအနေနှင့် မိနစ်အလိုက်ကောက်ခံခြင်းနှင့် မဂ္ဂါဘိုက်အလိုက်
ကောက်ခံခြင်းစသည့် ၀န်ဆောင်မှုအမျိုးမျိုး ရှိမည်ဖြစ်ကြောင်း သိရသည်။
“အင်တာနက်မြန်နှုန်းက အလွန်ကောင်းစေမှာပါ။ လက်တလောမှာရှိပြီးသား
အင်တာနက်ဆက်ကြောင်းကို အသုံးပြုမှာဖြစ်ပေမယ့်
ကိုယ်ပိုင်အင်တာနက်လိုင်းငှားတာ၊ ဆောက်တာတွေ လုပ်သွားဖို့ရှိပါတယ်” ဟု
၎င်းကဆိုသည်။
တယ်လီနောက ဆင်းမ်ကတ်များ အသုံးပြုနိုင်ချိန်တွင် တယ်လီနော
ငွေဖြည့်ကတ်များကို အလွယ်တကူဝယ်ယူနိုင်မည့် နေရာတစ်သိန်းအထိ
ရှိမည်ဖြစ်ကြောင်း သိရသည်။ တယ်လီနောသည် နော်ဝေနိုင်ငံအခြေစိုက်
ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ကို
ဖေဖော်ဝါရီ ၅ ရက်က တရားဝင် လက်ဝယ်ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရရှိရန် စိတ်ဝင်စားကြောင်း
ပြသခဲ့သည့် နိုင်ငံပေါင်း ၉၁ နိုင်ငံရှိပြီး မြန်မာနိုင်ငံတွင်
လိုင်စင်ရရှိရန်မှာ အခက်ခဲဆုံး ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း တယ်လီနောကုမ္ပဏီမှ
အာရှရေးရာ အကြီးအကဲက ပြောကြားသည်။
Credit To :MMAS
သင် Facebook စသုံးတဲ့အချိန်ကနေ ယနေ့အထိ အသုံးပြုထားတဲ့ History တွေကို
Video File နဲ့ ပြန်လည်ကြည့်ရှုနိုင်ဖို့ A Look Back ဆိုတဲ့ Facebook App
တစ်ခုထွက်ရှိလို့ လာခဲ့ပါပြီ။ Facebook စသုံးတဲ့အချိန်မှာ ပထမဆုံးတင်ခဲ့တဲ့
ဓာတ်ပုံတွေ၊ တင်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာမှ Like အများဆုံး
စံချိန်တင်နိုင်ခဲ့တဲ့ ဓာတ်ပုံတွေ၊ စာသားတွေ၊ Share ခဲ့တဲ့ ဓာတ်ပုံတွေကို
ခုနှစ်အလိုက် စုစည်းပေးထား ပါတယ်။ မြန်မာဖောင့်တော့ မတွေ့ရပါဘူး။ ဒါပေမယ့်
ကိုယ့်ရဲ့ History Video File ကို မြင်တွေ့ခွင့်ရတဲ့အတွက် စိတ်ကျေနပ်မှု
တစ်ခုတော့ ရသွားလိမ့်မယ်ဆိုတာ ကျိန်းသေပြောရဲပါတယ်။ Techspace
ပရိသတ်ကြီးတို့ရဲ့ Facebook History ကို Video File အနေနဲ့ ပြန်လည်
ခံစားလိုတယ်ဆိုရင်တော့
https://www.facebook.com/lookback/ ကိုသွားပြီး စမ်းသပ်နိုင်ပါတယ်။ – May Thazin (TSJ Team)
Ref:TechSpace Journal

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီများက
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်စင် ရရှိပြီဖြစ်သဖြင့် လာမည့်
ရှစ်လအတွင်း မြန်မာနိုင်ငံတွင် ပြည်ပကုမ္ပဏီများ၏ ကျပ် ၁၅ဝဝ ဝန်းကျင်ခန့်
တန်ဖိုးရှိ ဆင်းမ်ကတ်များကို စိတ်ကြိုက်ဝယ်ယူ သုံးစွဲနိုင်တော့မည် ဖြစ်သည်။
တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီက ဇန်နဝါရီ ၃ဝ ရက်တွင် နေပြည်တော်၌
ပြည်ထောင်စု အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်ကို
လက်မှတ်ထိုး လိုက်ပြီဖြစ်သည်။
လိုင်စင်ကြေးမှာ ဒေါ်လာသန်း ၅ဝဝ ဖြစ်ကြောင်း သိရသည်။
နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်တွင် 900 MHz နှင့် 2.1 GHz ရှိ
လှိုင်း များပါဝင်ပြီး ၁၅ နှစ်ကြာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။
website တွေဝင်ဖတ်လည်းမှန်ပါပြီ...message ပို့လည်းမှန်တော့ ရည်းစားရှိတဲ့ သူတွေအတွက်အဆင်ပြေသွားပြီနော်..တော်ကြာ ကိုယ်ကတော့ Feel အပြည့်နဲ့စာရိုက်နေရင်းနဲ့

တရုတ်အမျိုးသားစုံတွဲငယ်တို့ဟာ Apple ကုမ္ပဏီထုတ် iPhone ကိုဝယ်ယူရန် အတွက်
သူတို့ရဲ့ သမီးငယ်ကလေးကို ရောင်းချခဲ့တာကြောင့် ရာဇဝတ်မှုနဲ့ရင်
ဆိုင်နေရတယ်လို့ နိုင်ငံပိုင် မီဒီယာက သောကြာနေ့ကပြောဆိုခဲ့ပါတယ်။
ရှန်ဟိုင်းကရှေ့နေ့အဖွဲ့တစ်ခုဟာ ဒီစုံတွဲငယ်တို့ သူတို့သမီးမိန်းကလေးကို
အွန်လိုင်း မှာ တရားမဝင်မွေးစားဖို့ ကမ်းလှမ်းခဲ့ပြီး ဒီအတွက်ငွေကြေး
လက်ခံခဲ့ တဲ့အတွက် လူကုန်ကူးမှုနဲ့စွဲချက်တင်ခဲ့ပါတယ်လို့
လွတ်လပ်တဲ့နေ့စဉ်သတင်း (Liberation Daily) ကဖော်ပြခဲ့ပါတယ်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ Sea game ကာလ အတွင်းမှာ ပါဝင် ယှဉ်ပြိုင် ကစားကြမယ့် ပြည်တွင်း ပြည်ပ အားကစားသမားများ အတွက်
မိုဘိုင်း Sim Card များကို အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေး သွားဖို့
ရှိတယ်လို့ သိရပါတယ်။ အခုလို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထား
ပေးသွားမယ့် Sim Card များကို အားကစား သမားများ အနေနဲ့ ၃ လ
အသုံးပြုနိုင်မှာ ဖြစ်ပြီး နိုဝင်ဘာလမှ စတင် ချသွားပေးနိုင်ဖို့ စီစဉ်လျက်
ရှိတယ် လို့လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောပြချက် အရ သိရပါတယ်။
Sim Card များကို Sea game မှာ ပါဝင်ယှဉ်ပြိုင် ကြမယ့် ပြည်တွင်း၊ ပြည်ပ
အားကစားသမား တိုင်းကို ပေးသွားမှာ ဖြစ်ပြီး ဖုန်းပြောဆိုခ အတွက် ကိုတော့
လိုအပ်သလို ၀ယ်ယူ အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အခမဲ့ချပေး
သွားမယ့် Sim Card များဟာ 2G အမျိုးအစား ဖြစ်ပြီး အင်တာနက် အသုံးပြုမှု
ကိုတော့ Wi-Fi ရရှိတဲ့နေရာ တွေမှာ အခမဲ့ အသုံးပြုနိုင်ဖို့ စီစဉ်ထား
ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အားကစားသမားများ အတွက် ချထားပေးမယ့် Sim Card တွေကိုတော့ ၃ လအနေ
နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး ပြည်ပနိုင်ငံများမှ Seagame လာရောက်
ကြည့်ရှုသူတွေ အတွက် ကိုတော့ ၁ လ အသုံးပြုနိုင်မယ့် Sim Card တွေကို
ရောင်းချ သွားဖို့လည်း စီစဉ်လျက် ရှိတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။
Ref & Credit to : MRTV 4

မြန်မာကျပ် သိန်း ၆၀ ကျော်တန် စမတ်ဖုန်း Vertu Constellation Vertu ဆိုတာ
ဗြိတိန်နိုင်ငံ အခြေဆိုက် ဇိမ်ခံမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့
ကုမ္မဏီဖြစ်ပါတယ်။ ဇိမ်ခံမိုဘိုင်းဖုန်းဆိုတာ ဒီလိုပါ။ သာမန်ဖုန်းတွေကိုမှ
huawei ကထပ်မံထုတ်လုပ်လိုက်တဲ့ G610 နဲ့ တစ်ပုံစံတည်းတူတဲ့ C8815 ပါခင်ဗျာ....

Apple ကုမ္ပဏီက ရွှေရောင် iPhone 5S ကို ထုတ်လုပ်ရောင်းချပြီး မကြာမီမှာပင်
ပြိုင်ဘက် Samsung ကလည်း ရွှေရောင် Galaxy S4 စမတ်ဖုန်းများကို စတင်
မိတ်ဆက်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက မိမိတို့သည်
Limited Edition အဖြစ် ရွှေရောင် Galaxy S4 နှစ်မျိုးကို ရောင်းချသွားမည်ဟု
အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ ရွှေရောင် စမတ်ဖုန်း နှစ်မျိုးတို့သည်
အမျိုးသားနှင့် အမျိုးသမီးတို့ ကြိုက်နှစ်သက်မှု ကွာခြားပုံကို မူတည်ပြီး
အရောင် တွဲစပ်မှုကို အပြောင်းအလဲ ပြုလုပ်ထားသည်။ အမျိုးသားများအတွက်
ပစ်မှတ်ထားဟန်ရှိသည့် Galaxy S4 တွင် ဘောင်ကို ရွှေရောင် ကွပ်ထားပြီး
ရှေ့ဘက်က အညိုရောင် ဖြစ်သည်။ အမျိုးသမီးများ အနေဖြင့်မူ ရွှေရောင်ဘောင်နှင့်
ရှေ့ဘက် ပန်းရောင် ရောစပ်ထားသော ဖုန်းကို ပိုမိုသဘောကျဖွယ် ရှိနေသည်။
ဖုန်း၏ နောက်ဘက်ခြမ်းမှာ ရွှေရောင်ဖြစ်ကြောင်း Cnet က ဖော်ပြခဲ့သည်။
အဆိုပါ ဖုန်းနှစ်မျိုးကို လတ်တလောတွင် UAE နိုင်ငံ အတွင်း၌သာ
ဝယ်ယူနိုင်ဦးမည် ဖြစ်ပြီး ကျန်ဈေးကွက်များသို့ တင်ပို့မည့် နေ့ရက်ကို
အတိအကျ မသိရသေးချေ။ Samsung သည် Apple ၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ်
နားစွင့်နေဟန် ရှိပြီး အမေရိကန် နည်းပညာ ကုမ္ပဏီကြီးက iPhone 5S တွင်
ရွှေရောင်ကို စံနှုန်းအဖြစ် သတ်မှတ်လာနိုင်ကြောင်း ကောလာဟလများ ကြိုတင်
ထွက်ပေါ်နေကတည်းက Galaxy S4 ရွှေရောင်များကို စတင်ဖန်တီးနေခဲ့ပြီး
ဖြစ်ဟန်ရှိသည်။ Samsung က Galaxy S4 ရွှေရောင်များ၏ ဈေးကို
မကြေညာသေးသော်လည်း PC Mag ၏ အဆိုအရ ဖုန်း၏ ဘေးဘောင်နှင့် Home Button
တို့မှာ ရွှေသားစစ်စစ် ဖြစ်ကြောင်း ဖော်ပြခဲ့သည့်အတွက် ဈေးနှုန်း
များပြားဖွယ် ရှိနေသည်။ ဖုန်း၏ စွမ်းဆောင်ရည်ပိုင်းမှာမူ ယခင် Galaxy S4
များနှင့် ကွာခြားမှု မရှိဟု သိရသည်။
သို့သော်လည်း ရွှေရောင် Galaxy S4 သည် Apple ၏ ရွှေရောင် iPhone 5S ကို
တုပယှဉ်ပြိုင်ပြီး နာမည်ကျော်ရန်မူ ဖြစ်နိုင်ဖွယ် မရှိချေ။ Apple သည် ယခင်က
iPhone များအတွင် အဖြူနှင့် အနက်ကိုသာ စံသတ်မှတ်အရောင်အဖြစ်
အသုံးပြုသော်လည်း iPhone 5S တွင် ရွှေရောင်ကို ထည့်သွင်းခဲ့ရာ
စတင်ရောင်းချသည့် နေ့ကတည်းက ပစ္စည်းပြတ်သွားသည်။ Apple က ရွှေရောင် iPhone 5S
အသစ်များ ဈေးကွက်ထဲ ထပ်မံရောင်းချရန် အောက်တိုဘာ လလယ်ထိ စောင့်ရဖွယ်
ရှိနေကြောင်း ဝန်ခံထားသည်။ ထိုအတောအတွင်း iPhone 5S ၏ 16GB Unlocked
ရွှေရောင်ဖုန်း တစ်လုံးကို eBay တွင် တစ်ဆင့်လေလံတင် ရောင်းချခဲ့ရာ ဒေါ်လာ
(၁၀၁၀၀) ထိ ရရှိခဲ့ခြင်းကြောင့် Samsung အတွက် ရွှေရောင် စမတ်ဖုန်းများ
ထုတ်လုပ်ရန် လောဆော်မှု ဖြစ်လာခဲ့သည်။
Ref & Credit: Planet Myanmar Network
Screen အကွေးနှင့်ဖုန်းအသစ်ကို Samsung မိတ်ဆက်ပြသမည်

ကွေးညွတ်သော Screen မျက်နှာပြင်ကို အသုံးပြုထားသည့် စမတ်ဖုန်းသစ်
တစ်မျိုးကို အောက်တိုဘာလတွင် စတင်မိတ်ဆက် ပြသသွားမည်ဟု Samsungက
ကြေညာလိုက်သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက
ယခုဖုန်းအမျိုးအစားသစ်သည် နည်းပညာ လောကတွင် ထိုးထွင်းတီထွင်မှု တစ်ခုအဖြစ်
ယူဆနိုင်မည်ဟုလည်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်မှုအတွင်း ထည့်သွင်း
ပြောကြားသွားသည်။ Samsungသည် ယခင်ကတည်းက မျက်နှာပြင်ကွေးသော Screen
နည်းပညာကို ထဲထဲဝင်ဝင် သုတေသန ပြုနေခဲ့ပြီး ဖြစ်သည်။
ထို့အပြင် Samsungအနေဖြင့် မျက်နှာပြင် အကွေးနှင့် TVများကိုမူ စတင်
တီထွင်ထားပြီး ဖြစ်သည်။ သို့သော်လည်း မိုဘိုင်းလ်ဖုန်း တစ်လုံးတွင်
ပြင်ညီမျက်နှာပြင်ကို တော်လှန်ခွဲထွက် ဖန်တီးမှုသည် Samsung၏ ခြေလှမ်းကျဲမှု
တစ်ခု ဖြစ်ဖွယ်ရှိသည်။
Model: Y511
Phone type: smart phones, 3G mobile phones
Time to market: 2013
Network standard: GSM, WCDMA (China Unicom 3G), dual card dual standby
Mobile band: WCDMA 900/2100MHz, GSM 850/900/1800/1900MHz, dual card dual standby
ဂျာမနီနိုင်ငံ
ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့
ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ
ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။
လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့
ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က
အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး
သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို
ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ 
လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင်
ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့
ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။
လေဆာနဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး
ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ
ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်။
http://youtu.be/HM8b8d8kSNQ
ဒီအတွက်
ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု
ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့်
ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့
ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့
Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ်
ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref:mashable
ဂျာမနီနိုင်ငံ ဘာလင်မြို
့အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone
5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ
ဖြစ်ပါတယ်။

ဒီအတွက် ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု

အသစ်ထွက်တဲ့ အိုင်ဖုန်း 5S , 5C က ဘယ့်လောက်ကောင်းသလဲမေးရင် ရန်ဖြစ်ရလောက်
ကောင်းတယ် လို့ ဖြေရမှာပါ။ အမေရိကန် ကယ်လီဖိုးနီးယား က လူသုံးယောက်ကတော့
အိုင်ဖုန်းအတွက်နဲ့ အဖမ်းခံ လိုက်
Touch Screen ဖုန်းများ charging သွင်းနေလျှင် game မဆော့ပါနှင့်
ဘာဖြစ်လို့လဲ ဆိုတော့ touch screen အောက်မှာ sensor ကြိုးတွေနဲ့
တည်ဆောက်ထားတွေကို တွေ့ရှိရပါတယ်...
ကျွန်တော် တို့ အားသွင်းရင် game ဆော့လိုက်မယ် ဆိုရင် လျှပ်စီးတာ ရယ် touch
screen မှာ game ဆော့နေတဲ့ vibrate ရယ် ဟာ အချိန်ကြာလာတာနဲ့ ပူလာတာနဲ့
အမျှ လျှပ်စီး နုန်း မမှန်တော့ပါဘူး..
အဲဒီမှာ က စ ပြီ touh screen ကြောင်တက်လာ ပါ တယ် အဖြစ်များတာ က တော့ back
key နှိပ်မရခြင်း menu key နှိပ်မရခြင်းတွေဖြစ်တက် ပါ တယ်..............
mobile user များအတွက် ဗဟုသုတ လေး တစ်ခုပါ ..................
အားလုံး
အသုံးပြုနေတာ touch screen တွေများနေလို့
အထူးသတိပြုစေခြင်းလို့တင်ပေးလိုက်ပါသည်...
**************************ကျေးဇူးအထူးတင်ရှိပါသည်........******************************
စောင့်မျှော်နေကြတဲ့ iOS7 လာပါပြီ....
နောက်ဆုံးတော့ Apple က တရားဝင် iOS 7 ကို ထုတ်ပေးလိုက်ပါပြီ....
သူနဲ့ အဆင်ပြေတဲ့ itunes 11.1 လဲ ထွက်ရှိလာပါပြီ.....
တင်ချင်တဲ့ ဘော်ဘော်တွေ အတွက် အောက်ပါ Official Link တွေ ပေးထားတယ်နော်....
iOS 7 Final IPSW For iPhone 5, 4s, 4, iPad And iPod touch တို့အတွက်
iTunes 11.1 (32-bit) (64-bit)
ကျေးဇူးတင်ပါ တယ်ခင်ဗျာ....
မြန်မာစာ အသင့်ပါဝင်သော Samsung GALAXY Note 3 + Gear

မြန်မာနိုင်ငံနှင့် ပြည်ပ နိုင်ငံအချို့တို့ International Roaming
ချိတ်ဆက်ရာ၌ အပြန်အလှန် တိုက်ရိုက် ချိတ်ဆက်ထားသော Bilateral နည်းနှင့်
ကြားခံ Hub မှ တစ်ဆင့် ချိတ်ဆက်နည်းစသော နည်းနှစ်နည်းဖြင့်
ချိတ်ဆက်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများနှင့်
မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံ မေးမြန်းခြင်း သတင်းဖော်ပြချက်အရ
သိရှိသည်။ Bilateral နည်းကို အသုံးပြု၍ တရုတ်နိုင်ငံရှိ China Unicom၊
ဗီယက်နမ် နိုင်ငံရှိ (Vina Phone) and (Viettel Corporation)၊ (Star Hub
Mobile) and (SingTel Mobile)၊ တရုတ်နိုင်ငံ၊ ဟောင်ကောင် အထူးဒေသရှိ
Hutchison (HGC) and (HKT) ၊ အင်ဒိုနီးရှား နိုင်ငံရှိ (TELKOSEL)၊
ထိုင်းနိုင်ငံရှိ True Move စသော Operator များနှင့် အပြန်အလှန်
ချိတ်ဆက်ထားသည်။

Samsung က ပထမဆုံး ထုတ်လုပ်ထားသော စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်သည့်
အဆင့်မြင့် နည်းပညာသုံး နာရီ Galaxy Gear ကို ပြည်တွင်း၌ စက်တင်ဘာလ ၂၇
ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း Samsung Electronic ထံမှ သိရသည်။
စွမ်းဆောင်ရည် မြင့်မားပြီး ဆက်သွယ်ရေး ကိရိယာအဖြစ် သာမက အင်တာနက်ပါ
အသုံးပြုနိုင်သော Galaxy Gear ကို တန်ဖိုး ၂၅၈,၀၀၀ ကျပ်ဖြင့်
ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
အဆိုပါ နာရီတွင် မိုဘိုင်းလ် ဖုန်းများကဲ့သို့ ထိတွေ့နိုင်သာ
မျက်နှာပြင် (Touch Screen)၊ ကင်မရာ စသည်တို့ ပါဝင်ပြီး
ကိုင်ဆောင်သုံးစွဲသူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် ကျန်းမာရေး အခြေအနေကို
လေ့လာ ဆန်းစစ်ပေးသော စနစ်များ ပါဝင်လာကြောင်း အဆိုပါ ကုမ္ပဏီ၏
ထုတ်ပြန်ချက်များအရ သိရသည်။
Samsung သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင်ပင် မျက်နှာပြင် ၁၀ လက်မအရွယ်
Galaxy Note 2 ၏ တတိယမျိုးဆက် Galaxy Note 10.1 ကို ဈေးနှုန်း ၇၁၅,၀၀၀
ကျပ်ဖြင့် စတင်ရောင်းချမည် ဖြစ်သည်။
Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)