Saturday, September 21, 2013

Iphone 5S နှင့် 5C



အသစ်ထွက်တဲ့ အိုင်ဖုန်း 5S , 5C က ဘယ့်လောက်ကောင်းသလဲမေးရင် ရန်ဖြစ်ရလောက် ကောင်းတယ် လို့ ဖြေရမှာပါ။ အမေရိကန် ကယ်လီဖိုးနီးယား က လူသုံးယောက်ကတော့ အိုင်ဖုန်းအတွက်နဲ့ အဖမ်းခံ လိုက်
ရပါတယ်။ြ ဖစ် ပုံကတော့ ကယ်လီဖိုးနီးယားက ပန်းသီးစတိုးဆိုင်မှာ အိုင်ဖုန်းကို လည်းဦးဦး ဖျားဖျား လိုချင်၊နာရီအကြာကြီး လည်း တန်းမစီချင်တဲ့သူတွေက အိုးမဲ့ အိမ်မဲ့တွေ ကို သူတို့ ကိုယ်စားအငှား တန်းစီခိုင်းပါ တယ်တဲ့။
တန်းစီတယ်ဆိုတာ တနာရီနှစ်နာရီမဟုတ်ပါဘူး။ စတိုးဆိုင်ရှေ့ မှာ ညအိပ်ပြီးတော့ကို စီရတာပါ။
အဲဒီလို အချိန်အကြာကြီးတန်းစီပြီးမှ စတိုးက ဖုန်းကုန်သွားပြီလို့ ကြေငြာတဲ့အခါ ကျတော့ သူတို့ ခမြာ တန်းစီခမရတော့ပါဘူး။အဲဒီမှာတင် ရန်တွေစဖြစ်ကြတယ်လို့ ဆိုပါတယ်။
အိမ်ယာမဲ့တယောက်ကပြောတာက ကျမကို အငှားတန်းစီပေးမလားလို့ ငှား တာနဲ့ လာတန်းစီတာ ပါ။တခြားလည်းကျမ လုပ်စရာမရှိဘူးလေ လို့ မစ်ကီဆိုတဲ့အမျိုးသမီးကပြောပါတယ်။ ဒီလို အငှားနဲ့ တန်းစီ တဲ့အတွက်သူဘယ်လောက်ရသလဲဆိုတာကိုတော့လျှို့ ဝှက်ထားပါတယ်။ ဒါကလ၀ လို့ သူကဆိုပါတယ်။ တချို့ တန်းစီပေးတဲ့သူတွေကတန်းစီခ ၃၅ ဒေါ်လာလောက် ရတယ်လို့ ပြောပါတယ်။
အိုင်ဖုန်း 5c ကို အစိမ်း၊အပြာ၊အ၀ါ၊ပန်းရောင်၊အဖြူ အရောင်ငါးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။မမ်မရီ ၁၆ ဂစ်အတွက် ၉၉ဒေါ်လာဖြစ်ပါတယ်။ ၄လက်မ ရက်တီနာ ပါဝင်ပြီး 8MPx ကင်မရာပါဝင်ပါတယ်။
၃၂ ဂစ်အတွက် ၂နှစ်စာချုပ်နဲ့  ၁၉၉ဒေါ်လာကျသင့်ပါတယ်။
5Sကတော့ အနက်၊ငွေ၊ရွှေ အရောင်သုံးမျိုးပါ။ သူကဖုန်းမမ်မရီ အပေါ်မူတည်ပြီး ၁၉၉ဒေါ်လာကနေ ၃၉၉ဒေါ်လာ ရှိပါတယ်။လက်ဗွေဖတ်တဲ့စနစ်ပါဝင်ပါတယ်။
Ref & Credit: The Melting Pot 4 U(စုံစီနဖာဟင်းလေးအိုးကြီး)


0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.