Wednesday, September 25, 2013

Y220T Myanmar Font + Keyboard

y220T
Huawei Y220T ကို မြန်မာဖောင့်ထည့်မယ်ဆိုရင် root လုပ်ဖို့ မလိုပါဘူး။ Root လုပ်လိုက်ရင် ကင်မရာ မပေါ်တော့တာတို့၊ Setting ထဲဝင်ရင် စောင်းသွားတာတို့ ဖြစ်တတ်ပါတယ်.. တစ်လုံးစမ်းပြီးလို့ မဖြစ်ဘူးဆိုပြီး နောက်တစ်လုံး ထပ်မလုပ်ပါနဲ့။ ဖြစ်သွားရင် Firmware ပြန်တင်ရတာနဲ့ အလုပ်ရှုပ်ပါတယ်။ အကောင်းဆုံးနည်းလမ်းတစ်ခု ရှိနေပါပြီ။ Root လုပ်ဖို့ လိုမယ့်ဟာတွေကို အောက်မှာ ဒေါင်းလုပ်ဒ်ဆွဲပါ.. အရင်ဆုံး ဖုန်းတစ်လုံး ကွန်ပြူတာနဲ့ ချိတ်ဖို့ မဖြစ်မနေလိုအပ်တဲ့ ကားသမား (Driver) တင်ရပါမယ်..

ဒီမှာဒေါင်းပါ..
File Server
Mediafire
Dev-Host
ပြီးရင်တော့ ဒီဖိုင်လေးကို ဆွဲပါ.. ဒါက မြန်မာစာ .pac ဖိုင်လေးထည့်ဖို့ မဖြစ်မနေ သုံးရမယ့် ဆော့ဖ်ဝဲလ်ဖြစ်ပါတယ်။ Super Like Local Server Mediafire Dev-Host နောက်ဆုံး မြန်မာစာထည့်ဖို့အတွက် ဒီ .pac ဖိုင်လေးကို ဒေါင်းပါ..
File Server
Mediafire
Dev-Host
အားလုံးဒေါင်းပြီးသွားရင် Research Download ကို ဖွင့်ပါ။ စက်သွားပုံ ဘယ်ဘက်ထောင့်ဆုံးက ခလုတ်လေးကို နှိပ်ပြီး Y220T Myanmar Font ဒေါင်းထားတာတဲ့ Rar ကို ဖြည်ပြီး ရထားတဲ့ .pac နဲ့ ဆုံးတဲ့ဖိုင်လေးကို ရွေးပေးလိုက်ပါ။ ပြီးရင် ခဏစောင့်ပါ. ပေးထားတဲ့နာမည်လေး Software ပေါ်မှာ ပေါ်လာပြီဆိုရင်တော့ Play ခလုတ်နဲ့ တူတဲ့ ၃ ခုမြောက် ခလုတ်လေးကို နှိပ်လိုက်ပါ။ ပြီးရင် Y220T ဟမ်းဆက်ကို ယူပါ။ ဘက်ထရီထည့်ပါ။ ပါဝါမဖွင့်ပါနဲ့။ ဖွင့်ပြီးသားဆိုရင် ဘက်ထရီဖြုတ်ပါ။ ဆယ်စက္ကန့်လောက် ထားပါ။ ပြီးတော့မှ Volume Down (အသံတိုးတဲ့ခလုတ်) လေးကို နှိပ်ထားပြီး USB ကြိုးနဲ့ ချိတ်လိုက်ပါ။ သတိထားဖို့တစ်ခုက ပါဝါခလုတ် နှိပ်စရာ မလိုပါဘူး။ ကြိုးနဲ့ ချိတ်ပြီးသွားရင် Driver Detect သိမသိ ကြည့်ပါ။ သိသွားပြီဆိုရင် အဆင်ပြေပါပြီ။ မသိရင်တော့ Driver ကို ပြန် Install လုပ်ပါ။ Install Driver Anyway ကို မေးတိုင်း အဲဒါပဲ ရွေးပေးပါ။ 64bit Operation System ဆိုရင်တော့ မရဖို့ များပါတယ်။ 32bit မှ အဆင်ပြေမှာပါ။ Driver သိသွားပြီဆိုရင်တော့ ဘာမှ လုပ်စရာမလိုတော့ပါဘူး. ဆော့ဖ်ဝဲလ်ပေါ်မှာ ပေါ်လာတဲ့ စာလေးတွေကို ကြည့်နေရုံပါပဲ. တစ်ချက်သတိထားဖို့က ကြိုးနဲ့ ကွန်ပြူတာကို ချိတ်ပြီးတာနဲ့ Volume Down (အသံတိုးတဲ့ခလုတ်) ကို မလွှတ်လိုက်ပါနဲ့။ ဆော့ဖ်ဝဲလ်ပေါ်မှာ 4s ဆိုပြီး ၄စက္ကန့်လောက် တက်လာတဲ့အထိ ခဏစောင့်ပါ။ ပြီးမှလွှတ်ပါ။ 9s လောက်ဆို Success ဆိုပြီး အစိမ်းရောင် စာသားလေး ပေါ်လာရင် ကြိုးဆွဲဖြုတ်ပြီး ဘက်ထရီဖြုတ်ပါ။ ပြီးရင် ပြန်တက်ပြီး စက်တက်လာရင်တော့ Frozen Keyboard ပြောင်းလိုက်ရင် မြန်မာစာကို သုံးလို့ရပါပြီ။
Research Download Tool ကို အောက်မှာ ဒေါင်းလုပ်ဒ်ဆွဲနိုင်ပါတယ်။
Local File
Mediafire
Dev-Host

1 comments:

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.