Monday, September 23, 2013

How to go back to iOS 6{iOS 6 ကိုပြန်ဆင်းနည်း}


ပြီးခဲ့တဲ့ ရက်တွေက iOS 7 တင်ခဲ့ ကြတဲ့ သူတွေ မှာ ပြဿလေးတွေ ကြုံတွေ့ တယ်လို့ သိရပါတယ်။
အဓိက ကတော့ iPhone 4 သမား Keyboard ပြဿနာ ဖြစ်ကြတာလေးပါ။ အဲ့ဒီတော့ iOS 7 ဟာ Bugs ရှိနေတဲ့ အတွက် ကျွန်တော်တို့ ဟာ ခဏတဖြုတ် အလှခံစားပြီး ပြန်ဆင်းချင်လာ ကြပါတယ်။

ကျွန်တော့် အနေနဲ့ ကတော့ iOS 7 တင်ထားတဲ့ မိတ်ဆွေ တို့ကို ဆင်းပါ လို့ မတိုက်တွန်းလိုပါဘူး။ အကယ်လို့ မိမိ တစ်စုံ တစ်ရာ မနှစ်သက်ခဲ့ သည် ရှိသော် တစ်ချိန် မှ သင့် အတွက် ဒါလေးက အသုံးဝင်ပါလိမ့်မယ်။

အကယ်လို့ သင် iOS 6 ကို ပြန်ဆင်း ချင်တယ်ဆိုရင်တော့ ဒီနည်း လမ်းဟာ အရမ်းကို လွယ်ယူပါတယ်။
Hack တာလဲ မပါဝင်ပါဘူး။ သင့်မှာ သင် iOS 6 ကို ဆင်းချင်တဲ့ iDevice  နဲ့ iTunes အပြင် သင် Download ဆင်းချင်တဲ့ မိမိ Device နဲ့သက်ဆိုင်တဲ့ iOS 6 ရဲ့ နောက်ဆုံး IPSW firmware ရှိရင် ရပါပြီ။ ကဲ ဒီတော့ ကျွန်တော်တို့ စလိုက် ကြရအောင်..


Downgrading to iOS 6 (from iOS 7)



အဆင့် (၁)
  သင့် iDevice အတွက် Downgrade ဆင်းဖို့ လိုအပ်တဲ့ IPSW Frimware ကို Google ကနေ ရှာဖွေပါ။ Security ကြောင့် မို့လို့ ရယ် ၊ iDevice က ရွေးရ ဦးမှာ မို့လို့ ကျွန်တော့် အနေဲ့ နဲ့ Direct Link ချမပေး နိုင်တာ နားလည်ပေးပါ။

ကျွန်တော့ အနေနဲ့ ကတော့ iPhone 5 ကနေ့ စမ်းပြပါ့မယ်။ iOS 7 မတိုင်ခင် iOS 6 ရဲ့ နောက်ဆုံး Version က iOS 6.1.4 ဆိုတော့ ကျွန်တော့ အနေနဲ့ Google မှာ အောက်ပါအတိုင်း ရိုက်ထည့်ပြီး ရှာလိုက်တယ်။ “iPhone5,2_6.1.4_10B350_Restore.ipsw” ဆိုပြီးတော့ ပေါ့။
အကယ်လို့ သင့်ဟာ ဘယ်လို လုပ်ရမလဲ ဆိုတာ မသိရင်တော့ " Download Latest iOS 6 IPSW firmware Of iPhone 4S" စသည်ဖြင့် သင့် Device အတွက် Google မှာ ရှာ ဖွေ Download ပြုလုပ်နိုင်ပါတယ်။




အဆင့် (၂)
  သင့်ရဲ့ Latest iOS 6 IPSW Firmware ဒေါင်းလို့ရပြီဆိုရင်တော့ Desktop ပေါ်ဖြစ်ဖြစ် ခဏရွှေ့ပြီးတော့ သင့် ရဲ့ Mac ဒါမှ မဟုတ် PC က iTunes ကို ဖွင့်လိုက်ပါ။
 


အဆင့် (၃)
  ကဲ သင့် iOS 7 က Error ကို မုန်းတီးတဲ့ အတွက် ဆင်းချင်တဲ့ iDevice ကိုယူ ပြီး Apple က တရားဝင်ထုတ်ပေးထားတဲ့ USB Cable နဲ့ PC Or Mac နဲ့ ဆက်သွယ်လိုက်ပါ။
 


အဆင့် (၄)
  သင့် ရဲ iDevice လေး ဟာ iTunes ထဲမှာ အောက်ကပုံ လိုမျိုးပေါ်လာပါလိမ့်မယ်။ ပြီးတော့ ဘယ်ဘက်နားလေးမှာ “Check for Update” နဲ့ “Restore iPhone…” ဆိုတာလေး ကို တွေ့ရပါ လိမ့်မယ်။





အဆင့် (၅)
  Mac မှာ ဆိုရင် Alt / Option key ကို နှိပ်ထားပြီး ၊ PC မှာဆိုရင် Shift key ကို နှိပ်ထားပြီး
“Restore iPhone…” ဆိုတာလေးကို ကလစ်လိုက်ပါ။

အကယ်လို့ သင်ဟာ Find My Phone ကို ဖွင့်ထားခဲ့မယ်ဆိုရင်တော့ iTunes ကနေပြီး "
“Go to iCloud Settings on your iPhone and turn off Find My iPhone before restoring your iPhone.” ဆိုတဲ့ အရာလေး Pop Up ပေါ်လာပြီး ခိုင်းစေပါလိမ့်မယ်။ သင့် Setting ထဲ သွားပြီး Find My Phone feature ကို ပိတ်လိုက်ပါ။ ပြီးသွားရင်တော့ အဆင့် (၅)  ကို ပြန်လုပ်ပါ။





အဆင့် (၆)
  Find My Phone feature ကို ပိတ်ထားတယ် ဆိုရင်တော့ သင့်ကို နောက်တစ်ဆင့် အနေနဲ့  Finder Window လေး ပေါ်လာပါလိမ့်မယ်။ သင့် Restore လုပ်မဲ့ IPSW ကို ရွေးပေးပြီး Open နှိပ်ပေးလိုက်ပါ။ ကျွန်တော့် အတွက် ကတော့ “iPhone5,2_6.1.4_10B350_Restore.ipsw” ဆိုတာလေးကို ရွေးပေးလိုက်ပါတယ်။

 

အဆင့် (၇)
 အကယ်လို့ သင် Download ပြုလုပ်ခဲ့တဲ့ IPSW File ဟာ အပြည့်အစုံ မပါရင်သော်လည်းကောင်း၊ သင့်ရဲ့ IPSW Firmware နဲ့ သင့်ရဲ့ iDevice မကိုက်ညီဘူး ဆိုလျှင်သော်လည်းကောင်း အောက်ပါ Message လေး ပြလာပါလိမ့်မယ်။ အဲ့ဒီအခါ သင့် Google ထပ် ခေါက်ပြီး နောက်ထပ် တခြား သင့်တော်တဲ့ IPSW File ကို ထပ်ပြီး ရှာဖွေရပါလိမ့်မယ်။


 

အဆင့် (၈)
 အကယ်လို့ သင့် Download လုပ်ခဲ့တဲ့ IPSW Firmware နဲ့ သင့်ရဲ့ iDevice နဲ့ ကိုက်ညီခဲ့မယ်ဆိုရင် အောက်ကလို Message လေး ပြပါလိမ့်မယ်။ အဲ့ဒီအခါ သင့်စိတ်ကို ဒုန်းဒုန်းချ ပြီး iOS 6 ကို ပြန်လည် ဆင်းသက် နိုင်ပါပြီ။

 

Congratulation ပါ.. သင့်ရဲ့ iDevice ဟာ အောင်မြင် စွာ အရင် iOS 6 Firmware ကို Downgrade ပြန်လည်ဆင်းသက်သွားပါပြီ။


အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.. အကယ်လို့ ကျွနှုပ်ရဲ့ How to Guide လေးဟာ အသုံးဝင်ခဲ့မယ်ဆိုရင် Comment ပေးဖို့ မမေ့ပါနဲ့ ဦးနော်..






0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.