Saturday, September 21, 2013



iOS ရဲ့ နောက်ဆုံး version ဖြစ်တဲ့ iOS 7 ကို မနေ့ကပဲ ဖြန့်လိုက်ပါတယ် ။ အသစ်ထွက်လာတဲ့ iOS 7 မှာ features များစွာနဲ့ user တွေအသုံးရလွယ်တဲ့ features များစွာလဲ ပါဝင်လာပါတယ် ။ ဒါပေမဲ့ iOS 7မှာပါတဲ့ lock screenဟာ security bugs အနဲငယ် ပါဝင်လာပါတယ် ။ အဲ့ဒီ့ အချက်ကို iOS 7 သုံးတဲ့သူတွေက ရှာတွေ့ပြီ: youtube မှာ တင်လိုက်ပါတယ် ။ အဲ့ဒီ့ youtube vedio မှာပါတဲ့ အတိုင်း ကျွန်နော်တို့ စမ်းကြည့်လိုက်တော့… တကယ်လဲ lock screen ကနေ password မရိုက်ပဲနဲ့ camera roll ထဲထိဝင်လို့ရသွားတာ တွေ့ရပါတယ် ။
ပုံမှန်အတိုင်းဆို lock screenကနေ camera roll ထဲမှာရှိတဲ့ photo တွေကို ဝင်ကြည့်လို့မရပါဘူး ။ အဲ့ဒီ့ အကြောင်းကို website တော်တော်များများ လဲ Apple ကို ထောက်ပြကြပါတယ် ။ Apple ရဲ့ ပြော ရေးဆိုခွင့် ရှိတဲ့ သူကတော့ သူတို့လဲ အဲ့ဒီ့ ဟာကွက်ကို ရှာတွေ့တဲ့ အကြောင်းနဲ့ ပြန်ပြင်နိုင်အောင် ကြိုးစားနေတဲ့ အကြောင်းကြေငြာခဲ့ ပါတယ် ။ Camera roll ထဲကို ဝင်လို့ ရသွားတာ ဘာ အရေးကြီးလဲ လို့မေးရင် ကျွန်နော်တို့ phone နဲ့ ရိုက်ခဲ့ သမျှ ပုံတွေက camera roll ထဲမှာပဲ ဝင်နေတာပါ ။ အဲ့ဒီ့တော့ တစ်ယောက်ယောက်က ကျွန်နော်တို့ မသိပဲ ကျွန်နော်တို့ ရဲ့ ကိုယ်ပိုင် photo တွေကို ဝင်ကြည့်လို့ ရနေပါတယ် ။ တကယ်လို့ အဲ့ဒီ့ ဖုန်းက internet မိနေမယ် ဆိုရင် ဖုန်းထဲမှာရှိတဲ့ ပုံတွေကို facebook တွေ social site တွေ စီကို ကိုယ့်ရဲ့ accout ကိုသုံးပြီ: တင်သွားလို့ ရသွားပါတယ် ။ အဲ့ဒီ့ တော့ Apple က အဲ့ဒီ့ bugs ကိုပြင်ပေးတဲ့ update version မထုက်သေးခင်မှာ အဲဒီ့ ကောင်ကို ဘယ်လို ကာကွယ်ကြမလဲ ။ အဓိက ကတော့ iOS7 မှာ အသစ်ပါဝင်လာတဲ့ features ဖြစ်တဲ့ Control Center ပါပဲ ။ ပုံမှန် အတိုင်းဆို Control Center မှာပါတဲ့ App တွေက တစ်ခုချင်းစီပဲ သုံးလို့ရပါတယ် ။ ဆက်စပ်ပြီ:တစ်ခြား တွေကို App လျှောက်သွားလို့ မရပါဘူး ။ ခု အဲ့ဒီ့ Control Center က ဟာကွက်ရှိတယ် ဆိုတော့ အဲ့ဒီ့ Control Center ကို lock Screen မှာသုံးလို့ မရအောင် ပိတ်ထားရင် OK သွားပါလိပ်မယ် ။ နောက်ပိုင်း Apple ကထုတ်ပေးတဲ့ update version ရတော့ မှ ပြန်ဖွင့်ချင် ပြန်ဖွင့် ပေါ့ဗျာ ။ အဲ့ဒီ့ Control Center features ကို ပိတ်ချင်ရင် Settings –> Control Center –> Access on Lock Screen မှာ off ကိုရွေးပေးလိုက်ရင် ရပါပြီ ။
အပေါ် က ရေ:ထားတာက တော့ အဲဒီ့ ဟာကွက်ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာကိုပါ ။ ခု ဆက်ရေ:မှာကတော့ အဲ့ဒီ့ ဟာကွက်ကို ဘယ်လို စမ်းသပ်ရမလဲ ဆိုတာကိုပါ ။ ကျွန်နော်တို့ online က vedio ကိုကြည့်ပြီ: စမ်းထားတဲ့step တွေကို တင်ပေးလိုက်ပါတယ် ။ ကိုယ့်မှာ iOS 7 တင်ထားတဲ့ idevice တစ်ခုခု ရှိရင် စမ်းကြည့်လို့ ရပါတယ် ။ ကျွန်နော် တို့ ကတော့ iPhone 5 မှာပဲ စမ်းကြည့်လိုက်တာပါ ။
Step : 1   – ပထမ ဆုံး password ခံထားတဲ့ lockscreen ကို ဖွင့်လိုက်ပါ ။ ပြီ:ရင် lock screen ညာဘက် အောက်ထောင့်က camera လေ:ကို အပေါ်ကို ဖိဆွဲပြီ: camera app ထဲကိုဝင်လိုက်ပါ ။
1_Lockscreen
Step : 2  –    camera ထဲကိုရောက်သွားပြီ ဆိုရင် ပုံတစ်ပုံကို ရိုက်လိုက်ပါ ။ ပြီ:ရင် ရိုက်ပြီ:သွားတဲ့ ပုံကို ကြည့်တဲ့ preview ထဲကိုဝင်လိုက်ပါ ။ အဲဒီ့ preview screen ရဲ့ အောက်နားမှာ Edit photo ဆိုတဲ့ button ကို နိပ်ပြီ: Edit လုပ်တဲ့ screen ထဲကိုဝင်လိုက်ပါ ။
အောက်ကပုံကတော့ Edit Screen ထဲကို ရောက်သွားတဲ့ ပုံပါ ။
3_Camera_Edit
Step : 3  – အဲ့ဒီ့ Edit Screen မှာ ဘာမှ မနိပ်ပဲ နဲ့ Home button ကိုနိပ်ပြီ: ပြန်ထွက်ခဲ့ပါ ။ lock screen ကိုပြန်ရောက်ရင် အောက်က Action Center ကို ဆွဲတင်လိုက်ပါ ။
5_Clock
Step : 4 –  အဲ့ဒီ့ Action Center အောက်ဆုံး roll မှာပါတဲ့ Clock App ထဲကို ဝင်လိုက်ပါ ။ Clock screen ပေါ်လာရင် power button ခလုပ်ကို ၄ second လောတ်ဖိပြီ: နေလိုက်ပါ ။ ဒါဆို Phone power off မလားဆိုတဲ့ button တွေတတ်လာပါလိပ်မယ် ။
6_Power_Off
Step : 5  –  ခုလာမဲ့ အပိုင်:က နဲနဲ လက်ဝင်ပါတယ် ။ လက် လဲ ငြိမ်ပြီး နဲနဲ မြန်ရပါမယ် ။ အဲဒီ့ပေါ်လာတဲ့ screen မှာရှိတဲ့ Cancel ခလုပ်ကို နိပ် ပြီ:တာနဲ့ Home button ကို ၂ချက် ထိထိမိမိနဲ့ မြန်မြန် နိပ် လိုက်ရင် App Switcher ပေါ်လာပါတယ်… အောက်ကပုံ လိုမျိုးပါပဲ ။
8_AppSwitcher
Step :6  –  အဲဒီ့ App Swithcer ထဲမှာပါတဲ့ ခုဏက ပထမဆုံးလုပ်ခဲ့တဲ့ Camer App ကို ရွေးပြီ: ဝင်လိုက်ပါ ။ ဒါဆိုခုဏကရိုက်ခဲ့တဲ့ ပုံကိုပြန်မြင် ရပါမယ် ။ အဲ့…. အဲ့ဒီ scren မှာ ဘယ်ဘက် အောက်ထောင့်က button လေးကို မြင်လားဗျ…. ပုံမှာ ကျွန်နော် အနီရောင် ကွင်းလေးနဲ့ ပြထားပါတယ် ။ အဲ့ဒီ့ button လေး ကိုလဲ နိပ်လိုက်ရင် camera screen ထဲပြန်ရောက် သွားပါတယ် ။
9_GoToCameraRoll
Step :7 —  အဲ့ဒီ့ camera screen ထဲမှာပါတဲ့ preview ပြန်ကြည့်တဲ့ ဟာလေးကိုလဲ နိပ်လိုက်ရော ……………..
ကဲ…. ကျွန်နော် သွားချင်နေတဲ့ camera roll ထဲကို ရောက်သွားပါ ရောဗျာ ။
10_End
ပုံမှာပါတဲ့ အတိုင်းပဲ camera roll ထဲမှာရှိတဲ့ photo တွေကို Emai , Facebook, Message, Twitter စတာတွေစီကို ဖုန်းပိုင်ရှင်ရဲ့ account နဲ ဒါရိုက်တင်လို့ရသွားတာပေါ့ဗျာ ။
ကျွန်နော် ပြောသွားတဲ့ အဆင့်တွေက တစ်ဆင့်ပြီ: တစ်ဆင့် မှန်အောင်လုပ်မှ အဲ့ဒီ့ ဟာကွက်ကို ဖော်ထုတ်လို့ရတာပါ ။ တစ်ဆင့် ဆင့် ကျော်သွားရင် ဖြစ်ဖြစ် မှားလုပ်လိုက်ရင်ဖြစ်ဖြစ် မ အိုကေ တော့ပါဘူး ။ အစကနေ ပြန်စရပါတယ် ။
ကဲ စမ်းကြည့်လိုက်ကြပါအုံးနော်

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.