Sunday, October 20, 2013

Android မှာ game တွေကို မိမိတို့စိတ်ကြိုက် Hack ကြမယ် [FOR ROOT USER ONLY]



ဂိမ်းတွေမှာ ပိုက်ပိုက်တွေ hack တဲ့ ဆော့ဝဲလ်ကောင်းလေးပါဗျ....'D ဆော့ဝဲလ်လေးကတော့ တော်တော်များများဂိမ်းတွေကို hack နိုင်ပါတယ်ဗျ....ကျွန်တော်ဂိမ်းတော်တော်များများကို စမ်းသပ်ပီ အဆင်ပြေလို့ တင်ပေးလိုက်တာပါ....

အရင်ဦးဆုံး ဒီကောင်လေးကို
Game Hacker v.1.2  Android 2.1 နှင့်အထက်
(or)
Game Hacker v.2.0.2  Android 2.2 နှင့်အထက်
(or)
Game Hacker v.2.2.2 Android 2.2 နှင့်အထက် (Latest Version လေးပါ)

ကျွန်တော် version (2)မျိုးတင်ပေးထားပါတယ်ဗျ.... 2.1 နဲ့အထက်၊ 2.2 နဲ့အထက်....
မိမိတို့ ဖုန်းနဲ့ အဆင်ပြေမယ့်ကောင်လေးကိုဒေါင်းပါဗျ....

ဒါင်းလို့ရတဲ့ ဆော့ဝဲလ်ကို install ပီဖွင့်လိုက်ရင် supreuser request တောင်းပါမယ် allow လုပ်ပေးလိုက်ပါ...
ပီရင် ပုံ(၁)အတိုင်းပေါ်လာရင် ကျွန်တော် မျှားပြထားတဲ့နေရာကိုနှိပ်ပီ minimize လုပ်ပါ..

ပထမဆုံး Need For Speed Shift ဆိုတဲ့ ဂိမ်းလေးကို hack ပြပါမယ်....
ပုံ (၂)ကိုကြည့်ပါ....

ဂိမ်းကိုဖွင့်ပါ....ကျွန်တော်ဆော့လက်စမို့လို့ cash - 5000 ရှိပါတယ်....hack ဖို့အတွက် ဘယ်ဘက်အပေါ်ထောင့်မှာ ဂွပုံလေးကိုနှိပ်ပါ...box တစ်ခုပေါ်လာရင် မိမိရှိထားတဲ့ cash - 5000 ကိုထည့်ပေးပီ search နှိပ်ပါ..searching လုပ်ပီ တွေ့ရှိကြောင်း box တစ်ခုတက်လာပါက ok နှိပ်ပါ...ပီရင် ဂိမ်းကိုဆက်ကစားပါ....အခန်းတစ်ခန်းပီအောင်ဆော့လိုက်ပါ...
ပုံ (၃)ကိုကြည့်ပါ....

ကျွန်တော်က cash - 15000 ရနေပီဆိုတော့ ခုနက ဂွပုံလေးကိုနှိပ်ပါ...ခုနက ကျွန်တော်တို့ ရိုက်ထားတာ 5000 ရဲ့နောက်ကအကွက်ထဲမှာ 15000 ကိုထည့်ပီ Search ကိုနှိပ်ပါမယ်....ပီရင် modify လုပ်ဖို့အတွက် box တစ်ခုပေါ်လာပါမယ်....အဲဒီအကွက်မှာတော့ မိမိလိုချင်သလောက်ရိုက်နိုင်ပါတယ်....ကျွန်တော်က (999999)နမူနာထည့်ထားပါတယ်....ပီရင် modify ကိုနှိပ်ပါဗျ....cash ထဲကိုကြည့်လိုက်ပါ..မိမိပြောင်းထားအတိုင်း ဖြစ်နေပီဗျ.....တစ်ခါတစ်လေ စစချင်း cash ထည့်တာနဲ့ modify box တန်းပေါ်တဲ့အခါလဲရှိပါတယ် အဲဒါဆိုရင် မိမိစိတ်ကြိုက်ဂဏန်းတွေထည့်ရုံပါပဲ.....ကဲ ဒါဆိုရင်တော့ မိမိထည့်ထားတဲ့ ကိန်းဂဏန်းတွေနဲ့ အမုန်းဝယ်နိုင်ပီ အမုန်းဆွဲနိုင်ပါပီဗျ......၀ယ်လို့မလောက်ရင်လဲ ဂွပုံလေးကိုနှိပ်ပီ မိမိလိုသလောက်ရိုက် modify လုပ်ရုံပါ..amount တွေထပ်တိုးလာပါမယ်.....

ကျွန်တော်တစ်ခုစဉ်းစားမိတယ်...အဲဒါဘာလဲဆိုတော့ ဒီဆော့ဝဲလ်လေးက coin, cash တို့ကို hack လို့ရရင်
တခြားဂိမ်းတွေမှာ diamond, gold...,etc:.... တို့ကိုလဲ hack နိုင်မှာပဲလို့စဉ်းစားမိတာနဲ့...ကျွန်တော်စမ်းကြည့်တာ အမှန်တကယ် hack နိုင်ပါတယ်ဗျ...အပေါ်ကနည်းအတိုင်းပြုလုပ်ပါဗျ.....အမှန်တကယ်ကို hack လို့ရပါတယ်ဗျ....amount ကို ကိန်းဂဏန်းနဲ့ ဖော်ပြတဲ့ မည်သည့်ဂိမ်းကိုမဆို Hack နိုင်ပါတယ်ဗျ....ဒီဆော့ဝဲလ်လေးနဲ့ Hack လို့မရတဲ့ဂိမ်းဆိုတာ မရှိလောက်ဘူးလို့ကျွန်တော်ထင်တယ်ဗျ... [ချွင်းချက်]တစ်ချို့တစ်ချို့တော့ရှိနိုင်ပါတယ်.... ကျွန်တော်ဂိမ်းတော်တော်များများကို hack ကြည့်ပီပါပီဗျ...

ကျွန်တော်စမ်းသပ်ပီးသောဂိမ်းများ...Rain Rush, Defender II, Extreme Skater, Temple Run 1 & 2, Temple RunOZ, Subway Surfer...coil dozer, etc...  တော်တော်များများစမ်းသပ်ပီပါပီဗျ.....အားလုံးအဆင်ပြေပါတယ်ဗျ...

$$$ အဆင်ပြေကြပါစေခင်ဗျာ $$$

2 comments:

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.