Thursday, October 17, 2013

Low Battery Power Off ကို ဖြေရှင်းမယ်

Android Phone တွေ ခေတ်စားလာပေမဲ့လည်း တချို့အရပ်ဒေသတွေမှာတော့ အထိုင်ဖုန်းတွေကတော့သုံးနေဆဲပါပဲ

အခု ပြောပြပေးမှာက Huawei အထိုင်ဖုန်း MODEL No : ETS3125i

အဲဒီဖုန်းလေးပါပဲခင်ဗျာ ....

VBAT လမ်းကြောင်းပေါ်က ကွန်ဒက်ဆာလေးတွေကို ဖြုတ်ပေးရမှာပါ ကျနော် စမ်းတာတော့ အဲဒီ နှစ်လုံး စလုံး အောင်မြင်ထားပါတယ်

ပုံလေးတွေနဲ့ ပြောပြပါမယ် တဆင့်ချင်းဆီ လုပ်ဖို့တော့ လိုအပ်ပါမယ် ...

ဖြစ်ပုံကတော့ ကွန်ဒက်ဆာလေးတွေ Leakage ( ယိုစိမ့်တာ ) ပါ...

Step ( 1 )

အဲဒီကွန်ဒက်ဆာလေး အရင်ဖြုတ်လိုက်ပါ ခင်ဗျာ ..
အဲဒါပီးရင်တော့ ပြန်ပီးတော့ ရမရ စက်ပြန်နှိုးကြည့်ပါ ... Low Battery Power Off မဟုတ်ပဲ ပုံမှန်အတိုင်း ဖုန်းက အလုပ်ပြန်လုပ်ပီဆိုရင်တော့ သင်အောင်မြင်ပါပီ...

အဲလိုမှ မဟုတ်ပဲ အရင်အတိုင်းပဲ Low Battery Power Off  ဆိုရင်တော့ နောက်ထပ် အဆင့်ကို သွားပါမယ် ....

Step ( 2 )

ပုံထဲက အဲဒီကွန်ဒက်ဆာလေးကို ထပ်ပီးဖြုတ်ကြည့်ပါ

အဲဒါပီးရင်တော့ ပြန်ပီးတော့ ရမရ စက်ပြန်နှိုးကြည့်ပါ ... Low Battery Power Off မဟုတ်ပဲ ပုံမှန်အတိုင်း ဖုန်းက အလုပ်ပြန်လုပ်ပီဆိုရင်တော့ သင်အောင်မြင်ပါပီ...

အဲလိုမှ မဟုတ်ပဲ အရင်အတိုင်းပဲ Low Battery Power Off  ဆိုရင်တော့ နောက်ထပ် အဆင့်ကို သွားပါမယ် ....
Step ( 3 )

..

Step ( 4 )

..
အဲဒါပီးရင်တော့ ပြန်ပီးတော့ ရမရ စက်ပြန်နှိုးကြည့်ပါ ... Low Battery Power Off မဟုတ်ပဲ ပုံမှန်အတိုင်း ဖုန်းက အလုပ်ပြန်လုပ်ပီဆိုရင်တော့ သင်အောင်မြင်ပါပီ...

ဒီတစ်ခါကတော့ သင်လုံးဝ အောင်မြင်ပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော် အဲဒီကွန်ဒက်ဆာ လေးလုံး စလုံးဖြုတ်ပီး လုပ်လိုက်တာ အဆင်ပြေသွားလို့ပါပဲ (ကျနော် တော့ အဲဒီ ကွန်ဒက်ဆာတွေ တစ်လုံးမှ ပြန်မတတ်ပေးလိုက်ဘူးးးးးးးးးးးးးးးး) ...

မှတ်ချက်။ ။  Step ( 1 )  မှာတင် အောင်မြင်တတ်သည် ။
                 ကွန်ဒက်ဆာ လေးတွေကိုတော့ မအောင်မြင်တဲ့ Step တိုင်းမှာ ပြန်တပ်ခဲ့ပေးပါ။ တစ်ခါတလေကျရင် ကွန်ဒက်ဆာ တစ်လုံးထက်မနည်း Leakage (ယိုစိမ့်မှု) ဖြစ်နိုင်တာမို့ပါ။ အကောင်းဆုံးကတောာ့ ကွန်ဒက်ဆာ လေးလုံး စလုံး ဖြုတ်ပီး တစ်လုံးစီ ပြန်တပ် ပီးစမ်းစေချင်ပါသည်... ။

ကျေးဇူးတင်ပါသည် ... အရမ်းမောသွားပီလားဂျ ဟိဟိ စိတ်ဆိုးရဘူးနော်

Credit: Mpx Team

6 comments:

  1. ကျွန်တော် ဘာပြောရမလဲ အကိုကို ကျေးဇူးအရမ်းအရမ်းတင်တယ်ဗျာ သင်တန်းတက်ဘို ပိုက်ဆံမရှိတဲ ကျွန်တော်တို ကောင်လေးအတွက်အကိုတိုလို လူမျိုးတွေးက မရှိမဖြစ်ပါ members ဘယ်လိုဝင်ရမလဲ

    ReplyDelete
    Replies
    1. ကျွန်တော်ရှေ့ဆက်လှမ်းဖို့အကောင်းဆုံးအားဆေးတစ်ခွက်ကိုရလိုက်ပါပြီ သိချင်တာတတ်ချင်တာမှန်သမျှမေးပါခင်ဗျာ...ပြောပြဖို့အဆင်သင့်ပါပဲ Member ၀င်ရန်ဆိုတာ ညာဘက်လေးမှာရှိပါတယ်ခင်ဗျာ...

      Delete
  2. အရမ်းကျေးဇူးတင်ပါတယ်။ hardware သင်တန်းမတက်နိုင်လို့ အကိုလို့ဆိုက်တွေများများလို့အပ်ပါတယ်။ များများတင်နိုင်ပါစေ အောင်မြင်ပါစေ

    ReplyDelete
  3. u8825d power ဖွင့်လို့မရတာ လုပ်နည်းလေးသိခြင်းပါတယ်။

    ReplyDelete
  4. ကျေးဇူးပါအကို ခုလိုပဲများများတင်ပေးပါ

    ReplyDelete
  5. i mobile i style 7.5 network ပျောက်လို့ဘယ်လိုပြန်လုပ် ရမလဲခင်ဗျာ လုပ်နည်းလေးပြောပြပေးပါခင်ဗျာ

    ReplyDelete

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.