Wednesday, October 9, 2013

Huawei G510 LCD မီးမလင်းပြဿနာဖြေရှင်း

 Huawei G510 LCD မလာတာကိုပြုပြင်ပါမယ် အများဆုံးကတော့ရေ၀င်လို့ပေါ့နော် နက်နက်နဲ့နဲ့တော့မဟုတ်ဘူးဗျာ..ဆော့ကတ်ကိုကျော်ပြီးတော့ကြိုးဆက်သွားတာပါ နောက်တစ်ခုပြောချင်တာက LCD မီးမလင်းတာပဲနော် LCD တစ်ချပ်လုံးမလာရင်တော့နော်လဲမကယ်နိုင်ဘူး.......

   အရင်ဆုံး LCD မီးမလာတော့ဘူးဆိုရင် စက်ပြား။ဆော့ကတ် တွေကိုသေချာဆေးကြောပေးပါ ရုပ်ထွက်နေလာသေချာကြည့်ပါ မှိန်မှိန်လေးလာနေတယ်ဆိုရင် LCD ကိုခွာပြီး LED တွေကိုစစ်ပါ မီတာမှာ X1 ထားပြီးတော့ LED တစ်လုံးချင်ဆီတိုင်းကြည့်ပါ မီးလင်းမလင်းပေါ့ မကောင်းရင်လဲနော်...

  LED လဲကောင်းတယ်ဆိုရင်တော့ဗို့လိုက်တိုင်းကြည့်မယ်ဗျာ..စက်ပြားကိုခွာလိုက်ရင် အောက်မှာအပေါက်လေးတစ်ခုရှိတယ် အောက်ပုံကိုကြည့်လိုက်ပါ





အဲအပေါက်ကိုတွေ့တယ်နော် ဒီအတိုင်ဆိုတိုင်းရခက်တယ်ဗျာ လွယ်အောင်ကြိုးနှစ်ချောင်းဆက်ပြီးတော့အစထုတ်လိုက်မယ် ပြီးရင်ဆော့ကတ်တွေသေချာပြန်ထည့် စက်ဖွင့်ပြီး ခနကဆက်ထားတဲ့ကြိုးနှစ်ချောင်းကိုတိုင်းကြည့်ပါ တစ်ချောင်းမှာက 3.7V ရှိပြီးနောက်တစ်ချောင်းမှာ  0.1V ရှိနေရပါမယ် အဲဗို့တွေရှိမှပဲမီးလင်းမှာပါ

  ကဲတကယ်လို့အဲနေရာမှာဗို့မရှိခဲ့ဘူးဆိုရင်တော့ အောက်ကပြထားပေးတဲ့ပုံအတိုင်း သံဖုံးကိုခွာလိုက်ပါ



ခွာပြီးရင်အောက်ကပုံပြပေးထားတဲ့အတိုင်းတိုင်းကြည့်ပါ


အဲပုံအတိုင်းတိုင်းကြည့်ပါ  ဒိုင်အုတ်အမဲရစ်ပါတဲ့ဘက်အပေါင်းဘက်မှာ 3.7 V ရှိပြီး ဒိုင်းအုတ်နောက်တစ်ဘက်မှာ 4.2 V ရှိပါမယ် ကဲကြိုးကိုဘယ်လိုဆက်မလဲဆိုတော့အောက်ပုံကမြားပြထားပေးနေရာကိုဆက်ရပါမယ်....



   


မြားပြပေးထားတဲ့အတိုင်းလေကြိုးဆက်လိုက်ရုံပါပဲ.....
အမှန်တော့ကြိုးဆက်နည်းကိုပုံနှစ်ပုံနဲ့တင်ပြပေးလို့ရပါတယ်..ဒါပေမဲ့အစအဆုံးလုပ်တတ်
ရအောင်ရည်ရွယ်ပြီးတော့ သေချာရှင်းပြပေးတာပါ


credit to tetpaingoo

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.