Monday, September 16, 2013

GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်း

GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်း

Myanmar Mobile Application Store ရဲ့ facebook Mobile Group ဖြစ်တဲ့ Myanmar Mobile Users Group မှာ တင်ထားတဲ့ GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်းကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။

အခု GSM ဖုန်းအားလုံးမှာ အင်တာနက်သုံးလို့ရပြီဆိုတော့ GSM အမျိုးအစား Android ဖုန်းများတွင် အင်တာနက် setting ထည့်နည်းကိုပြောပြလိုက်ရပါတယ်

GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )

ပထမဦးစွာ Setting ထဲကိုဝင်ပါ

၂ – Wireless & networks ထဲဝင်ပါ

၃ – Mobile networks ထဲကိုဝင်ပါ

၎ – Access Point Names ကိုဝင်ပါ

၅ – Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

၆ – ဒီအတိုင်းလိုက်ဖြည့်ပါ

Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ပြောတာ )

APN – mptnet

Proxy – ဘာမှမထည့်ပါ

Port – ဘာမှမထည့်ပါ

username – mptnet

Password – 0000

Server – ဘာမှမထည့်ပါ

MMSC – ဘာမှမထည့်ပါ

MMS Proxy – ဘာမှမထည့်ပါ

MMS Port -ဘာမှမထည့်ပါ

MMC – 414 လို့ပေါ်နေရပါမယ်

MNC – 01 လို့ပေါ်နေရပါမယ်

Authentication Type – PAP or CHAP

APN type – * ( * ဒါလေးပဲရေးလိုက်ပါ )

APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ

နောက်တစ်ဆင့်က

၁ – setting ကိုဝင်

၂ – Wireless & Networks ထဲကိုဝင်

၃ – Mobile Network ထဲကိုဝင်

၎ – Data Enable ကို အမှန်ချက်လိုက်ပါ

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်

အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ

မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….

အဆင်ပြေကြပါစေ …ကျေးဇူးတင်ပါတယ်
 
 
 
 

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.