အခုကျနော်ရေးတဲ့ပို့ဟာလဲကျနော်ကိုယ်တိုင်စမ်းသပ်ရှာဖွေထားတာမဟုတ်ပါဘူး ထိုင်းကဆရာကြီးတွေဖိုးရမ်တစ်ခုမှာတင်ထားတာတွေပါ Network IC(RDA 6231/RDA 6232)တွေကို တရုတ် JAVA ဖုန်းတွေမှာအများကြီးတွေ့ရတတ်ပါတယ်
RDA 6231 ကြောင့်ဖြစ်သောပြစ်ချက်အများစုမှာ..စက်တိုက်ရိုက်လျှော့်(Shot)ဖြစ်နေခြင်း
..စက်ပူခြင်း
..အားစားနေခြင်း
..ပါဝါမပွင့်ခြင်း တို့ဖြစ်ပါတယ် ဒါကြောင့် တရုတ် JAVA ဖုန်းတွေအဲလိုအပြစ်တွေရှိနေပြီးဆိုရင်တော့ Network IC ဘာနံပါတ်နဲ့လဲဆိုတာကြည့်ကြည်လိုက်ပါ RDA 6231 6232 6230 တို့ဆိုရင်တော့
ရဲရဲကြီးသာဖြုတ်ကြည့်လိုက်ပါ အန္တရာယ်မရှိပါဘူး IC ဘေးကအသေးလေးတွေတော့ပေးမပြုတ်စေနဲ့နော် IC ဖြုတ်ကြည့်လိုက်လို့ အကုန်ကောင်းသွားတယ်ဆိုရင်တော့ ဒီ IC ကြောင့်ပဲပေါ့(ဟိဟိ လွဲလိုက်တာ ပြစ်ချက်ရှာတာ) တကယ်လို့သင့်ဖုန်းက
တိုက်ရိုတ်လျှော့်ဖြစ်နေတာဆိုရင် ဘယ်ကောင်ကြောင့် လျှော့်ဖြစ်လဲဆိုတာကိုရှာလို့ရပါတယ် လွဲလွဲလေးပါ ဒီနည်းကို Power Supply အခန်းမှာမှရှင်းပြမယ်လို့စိတ်ကူးထားပေမဲ့ ဆက်စပ်နေလို့တခါထဲရှင်းပြပေးပါမယ်
Power Supply (တိုင်းစက်)မှာဗို့ 000v(0V)ထားလိုက်ပါ ပြီးရင် ဖုန်းကိုကလစ်တွေနဲ့ချိတ်လိုက်ပါ အနီမဲတိုင်းပေါ့..ပြီးရင်တော့ Power Supply မှာဗို့ကိုဖြည်ဖြည်ချင်တင်ပါ mAm တက်လာလိမ့်မယ် မီတာကိုကြည့်ပါ 80/90 mAmိ(အလန်းမမြည်း
မခြင်း)ထိတင်လိုက်ပါ တင်ပြီးရင်အဲအတိုင်းချိတ်ထားပြီး စက်ပြားမှာလက်နဲ့လိုက်စမ်းကြည့်ပါ ပူနေတဲ့အလုံးကသေချာပေါက်ဒင်းပဲ(အပြစ်တွေ့ပြီးဆိုတော့ကိုယ်ဟာကိုဆက်လုပ်လိုက်တော့ပါ)လွဲတယ်နော် ဟိဟိ ကျနော်လုပ်တဲ့အတိုင်းပါ
ကဲဟုတ်ပြီး IC ဖြုတ်လိုက်လို့ကောင်းသွားပြီးဆိုပေမယ့် လိုင်းတက်မှာမဟုတ်ပါဘူး ကျနော်ထိုင်းမှာပြင်တုန်းကတော့ RDA 6231 IC တွေကိုအစားမထိုးပါဘူး အလုံးလိုက်အသစ်လဲပါတယ် ၀ယ်လို့လဲရပါတယ် မြန်မာပြည်ပြန်ရောက်မှပဲဝယ်မရလို့အစား
ထိုးဖြစ်တာပါ ဒီနည်းအတိုင်းနဲ့ပဲအလုံးပေါင်းများစွာကိုလုပ်လို့အောင်မြင်ခဲ့ပါတယ် ဒါပေမဲ့ လိုင်းဆွဲအားတော့သိသိသာသာကျသွားပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ရဖို့ကအဓိကပဲလေ ကျနော်လေရှည်နေရင်မပြီးတော့ဘူး ကဲ စရအောင်
အစားထိုးနည်းလဲလွဲပါတယ် အောက်ကပုံသုံးပုံကြည့်လိုက်ရင်အဆင်ပြေသွားပါမယ် အောက်ကပုံကိုကြည့်
လိုက်ပါ
ဒီပုံကတော့ IC ပတ်လမ်းပုံစံကိုရေးဆွဲထားပါတယ် IC Nuber 1 Pin ဟာ အင်တာနာ ငုတ်ပါ
ဒီပုံကတော့IC အစားထိုးကြိုးဆက်နည်းတစ်ခုပါ
ဒီပုံကအစားထိုးကြိုးဆက်နည်းနောက်တစ်မျိုးပါ စမ်းကြည့်လိုက်ပါ.အဆင်ပြေမှာပါ ကျေးဇူးတင်ပါတယ် နောက်ပို့တွေကိုဆက်တင်ပေးပါမယ်
နားလည်မယ်လိုထင်ပါတယ် ကျေးဇူးတင်ပါတယ်.........
credit :tetpaingoo
0 comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်