Monday, September 23, 2013

ဖုန်းကနေ Wifi Hospot လွှင့်ပြီး ကွန်ပျူတာနဲ့သုံးတဲ့အခါ Connection ကျသွားတဲ့ ပြဿနာကို ဖြေရှင်းနည်း


ဖုန်းကနေ အင်တာနက်ကို wifi hotspot လွှင့်ကာ ကွန်ပျူတာနဲ့ချိတ်သုံးတဲ့ သူတွေအတွက် ဖြစ်တတ်တဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ ကွန်ပျူတာနဲ့ချိတ်သုံးနေရင်း လိုင်း ခဏခဏ ကျသွားတဲ့ ပြဿနာပါ။ အထူးသဖြင့် download ဆွဲတဲ့အခါ လိုင်းကျသွားတတ်ပါတယ်။ ဖုန်းအင်တာနက်ကို ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ရင် လိုင်းပြန်တက်ပါတယ်။
ဒါကြောင့် လိုင်းကျသွားရင် data ကို on / off ခဏခဏ လုပ်ပြီး အသုံးပြုနေရတဲ့ ဘော်ဒါများရှိခဲ့ရင် ဒီနည်းလေး စမ်းကြည့်စေချင်ပါတယ်။



Samsung , Sony .. နောင်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေနဲ့ ချိတ်သုံးတဲ့အခါ ဖြစ်တတ်ပါတယ်။ Android 4.0 နှင့်အထက် ဖုန်းတွေမှာ အဖြစ်များပါတယ်။ ဒီပြဿနာက ဘာလို့ဖြစ်ရတာလဲဆိုရင်
wifi hotspot ကို timer ပေးထားလို့ဖြစ်တယ်လို့ယူဆရပါတယ်။ ဒါကြောင့် wifi hotspot ကို timer ပေးထားတာကို ဖျက်လိုက်ရင် ပုံမှန်တိုင်း သုံးနိုင်တာကိုတွေ့ရပါတယ်။ သိတဲ့သူများရှိသလို မသိတဲ့သူများလဲရှိပါမယ်။ ဒါကြောင့် မသိတဲ့သူတွေအတွက် ဖြေရှင်းနည်း ရေးပေးလိုက်ပါတယ်။

- ဖုန်း Setting ထဲကို ၀င်လိုက်ပါ။

- Tethering and portable hotspot ကို ၀င်လိုက်ပါ။

- Portable Wi-Fi hotspot ကို တွေ့ပါမယ်။ ထိုစာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။ (on/off) လုပ်ခိုင်းတာမဟုတ်ပါ။ စာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။

- Allowed devices , Configure စတဲ့ စာတန်းတွေ ပါတဲ့ setting ထဲကို ရောက်သွားပါမယ်။ ဖုန်းရဲ့ menu ခလုတ်ကိုနှိပ်လိုက်ပါ။ Timeout settings ဆိုတာ ပေါ်လာပါမယ်။ နှိပ်ပြီး ကြည့်လိုက်ရင် timer ပေးထားလား မပေးဘူးလား မြင်ရပါမယ်။ timer ပေးထားရင် Never time-out ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။

setting ထဲ ၀င်ပုံကတော့ ဖုန်းအမျိုးစားအလိုက် အနည်းငယ် ကွာခြားပါလိမ့်မယ်။ ကျွန်တော်ကတော့ Samsung setting အတိုင်း ရေးထားတာပါ။

ဖုန်းကနေ Portable Wi-Fi hotspot ကို ဖွင့်လိုက်ပြီး ကွန်ပျူတာနဲ့ချိတ်ကာ သုံးကြည့်ပါ။ လိုင်းမကျတော့တာကို တွေ့ရပါမယ်။ သေချာချင်ရင် download ဆွဲကြည့်ပါ။ download လုပ်နေလဲ လိုင်းက လုံးဝ ဂန့်သွားတဲ့ပုံစံ မရှိတော့ပါဘူး။ MPT ကနေ လိုင်းချထားရင်တော့ ကျမှာပါပဲ။ အခုနည်းလမ်းက ပုံမှန်လိုင်းကောင်းနေတဲ့အချိန်မှာပဲ အသုံးပြုနေရင်း connection ဂန့်သွားတတ်တဲ့ ပြဿနာကို ဖြေရှင်းတဲ့နည်းပါ။

ကျွန်တော်တို့လေ့လာမိသလောက် ပြန်လည်ပြောပြတာပါ။ ကျွန်တော်တို့ လက်တွေ့စမ်းကြည့်တာ အဆင်ပြေသွားပါတယ်။ wifi hotspot ချိတ်သုံးရင်း လိုင်းကျသွားလို့ ခဏခဏ အင်တာနက် အဖွင့်အပိတ်လုပ်နေရသူတွေ အခုပဲ စမ်းကြည့်လိုက်ပါ။ ကျွန်တော်တို့လဲ ပညာရှင်မဟုတ်ပါဘူး။ ရှာတွေ့တာလေး အဆင်ပြေလို့ ရေးလိုက်တာပါ။ အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်။ အိုကေတယ်ဆိုရင် comment မှာ အိုကေကြောင်း ရေးပေးကြပါ။ တစ်ခြားနည်းလမ်းများရှိရင်လဲ ရေးပေးကြပါ။
အားလုံး ပျော်ရွှင်ပါစေဗျာ။



0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.