Tuesday, September 17, 2013

မြန်မာနိုင်ငံနှင့် ပြည်ပ နိုင်ငံအချို့တို့ International Roaming ချိတ်ဆက်ရာတွင် နည်းနှစ်နည်းဖြင့် ချိတ်ဆက်ထား




မြန်မာနိုင်ငံနှင့် ပြည်ပ နိုင်ငံအချို့တို့ International Roaming ချိတ်ဆက်ရာ၌ အပြန်အလှန် တိုက်ရိုက် ချိတ်ဆက်ထားသော Bilateral နည်းနှင့် ကြားခံ Hub မှ တစ်ဆင့် ချိတ်ဆက်နည်းစသော နည်းနှစ်နည်းဖြင့် ချိတ်ဆက်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံ မေးမြန်းခြင်း သတင်းဖော်ပြချက်အရ သိရှိသည်။ Bilateral နည်းကို အသုံးပြု၍ တရုတ်နိုင်ငံရှိ China Unicom၊ ဗီယက်နမ် နိုင်ငံရှိ (Vina Phone) and (Viettel Corporation)၊ (Star Hub Mobile) and (SingTel Mobile)၊ တရုတ်နိုင်ငံ၊ ဟောင်ကောင် အထူးဒေသရှိ Hutchison (HGC) and (HKT) ၊ အင်ဒိုနီးရှား နိုင်ငံရှိ (TELKOSEL)၊ ထိုင်းနိုင်ငံရှိ True Move စသော Operator များနှင့် အပြန်အလှန် ချိတ်ဆက်ထားသည်။

Roaming Hub အနေဖြင့် လက်ရှိ Viettel Hub ကို အသုံးပြုကာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံရှိ (DST Com)၊ ကမ္ဘောဒီးယားနိုင်ငံရှိ (Metfone)၊ လာအိုနိုင်ငံရှိ (Unitel)၊ မလေးရှား နိုင်ငံရှိ (CELCOM)၊ ဖိလစ်ပိုင်နိုင်ငံရှိ (SMART)၊ စင်္ကာပူနိုင်ငံရှိ (M One)၊ တောင်ကိုရီးယား နိုင်ငံရှိ (Korea Telecom)၊ ဂျပန်နိုင်ငံရှိ (Softbank)၊ သီရိလင်္ကာ နိုင်ငံရှိ (DIACOG) စသော Operator များနှင့် ချိတ်ဆက်ထားသည်။ ထို့အပြင် Orange Hub ကို အသုံးပြုကာ ပြင်သစ်၊ ဆွစ်ဇာလန်နှင့် စပိန်နိုင်ငံတို့ရှိ Orange Operator၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးဒေသရှိ (CSL)၊ တရုတ်နိုင်ငံ၊ ထိုင်ဝမ် အထူးဒေသရှိ (Taiwan Mobile)၊ မလေးရှား နိုင်ငံရှိ (U Mobile)၊ အိန္ဒိယ နိုင်ငံရှိ (Aircel)၊ ကမ္ဘောဒီးယား နိုင်ငံရှိ (latlz-smart)၊ ဘယ်လ်ဂျီယံ နိုင်ငံရှိ (Mobi Star)၊ လူဇင်ဘတ် နိုင်ငံရှိ (Orange) ၊ အိုက်စ်လန် နိုင်ငံရှိ (NOVA)၊ အိန္ဒိယ နိုင်ငံရှိ (Tata)၊ သီရိလင်္ကာနိုင်ငံရှိ (Barthi) ၊ ကာတာနိုင်ငံရှိ (Ooredoo)၊ အိန္ဒိယနိုင်ငံရှိ (Barthi Airtel)၊ ပြင်သစ်နိုင်ငံရှိ (Free Mobile)၊ ဘရူနိုင်း နိုင်ငံရှိ (B Mobile)၊ လာအိုနိုင်ငံရှိ (LaoTel) စသော Operator များနှင့် ချိတ်ဆက်ထားကြောင်း သိရှိရသည်။
နိုင်ငံပေါင်း (23) နိုင်ငံရှိ Operator ပေါင်း (44) ခုနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပြီး ၎င်းနိုင်ငံများ၏ မိုဘိုင်းသုံးစွဲသူများသည် မြန်မာနိုင်ငံသို့ လာရောက်သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် ပြည်တွင်းရှိ မိုဘိုင်းဖုန်း သုံးစွဲသူများလည်း အဆိုပါ နိုင်ငံများသို့ သွားရောက် သုံးစွဲနိုငရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
Ref & Credit: Net Guide Journal

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.