Monday, September 16, 2013

Samsung Galaxy Gear နာရီ ကိုမြန်မာပြည်တွင်စက်တင်ဘာ ၂၇ စရောင်းမည်




Samsung က ပထမဆုံး ထုတ်လုပ်ထားသော စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်သည့် အဆင့်မြင့် နည်းပညာသုံး နာရီ Galaxy Gear ကို ပြည်တွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း Samsung Electronic ထံမှ သိရသည်။
စွမ်းဆောင်ရည် မြင့်မားပြီး ဆက်သွယ်ရေး ကိရိယာအဖြစ် သာမက အင်တာနက်ပါ အသုံးပြုနိုင်သော Galaxy Gear ကို တန်ဖိုး ၂၅၈,၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
အဆိုပါ နာရီတွင် မိုဘိုင်းလ် ဖုန်းများကဲ့သို့ ထိတွေ့နိုင်သာ မျက်နှာပြင် (Touch Screen)၊ ကင်မရာ စသည်တို့ ပါဝင်ပြီး ကိုင်ဆောင်သုံးစွဲသူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် ကျန်းမာရေး အခြေအနေကို လေ့လာ ဆန်းစစ်ပေးသော စနစ်များ ပါဝင်လာကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
Samsung သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင်ပင် မျက်နှာပြင် ၁၀ လက်မအရွယ် Galaxy Note 2 ၏ တတိယမျိုးဆက် Galaxy Note 10.1 ကို ဈေးနှုန်း ၇၁၅,၀၀၀ ကျပ်ဖြင့် စတင်ရောင်းချမည် ဖြစ်သည်။

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.