Friday, July 26, 2013

Android တစ်လုံးကိုထိန်းသိမ်းကြမယ်...

(1)ဖုန်းကို battery အကုန်မသုံးရပါဘူး။Battery ကုန်ပြီးပါဝါပိတ်သွားမယ့်အစား ကိုယ့်ဘာသာ ပိတ်လိုက်တာအကောင်းဆုံးပါပဲ။

(2)App and Game တွေများလာတဲ့အခါ ဖုန်းကလေးလာတတ်ပါတယ်။Touch သုံးရတာလေးလာမယ်။App တစ်ခုကိုဝင်ရင် အကြာကြီးစောင့်ရမယ်။အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာမှ အလောတကြီး cleaner လုပ်မယ့်အစား
application တစ်ခုခုနဲ့နေ့စဉ် ရှင်းလင်းသင့်ပါတယ်။တစ်နေ့တစ်ခါတော့ ဖုန်းကို Restart ချသင့်ပါတယ်။

(3)ဖုန်းကို battery အကြာကြီးမသွင်းသင့်ပါဘူး။ပြည့်သွားတာနဲ့ဖြုတ်လိုက်တာက အကောင်းဆုံးပါပဲ။

(4)အပူဒဏ်လွန်ကဲတဲ့ နေရာတွေမှာလည်း မထားသင့်ပါဘူး။ဖုန်းရဲ့ စက်ပြားကိုထိခိုက်မှာစိုးလို့ပါ။



(5)Launcher တွေနဲ့ App တွေကိုလည်း အများကြီးသုံးစွဲခြင်းမှ ရှောင်သင့်ပါတယ်။အကောင်းဆုံးကတော့ Home Launcher ပါ ခင်ဗျာ။

(6)Custom Rom တင်သုံးမယ်ဆိုရင်လည်း အများကြီးစဉ်းစားဖို့လိုပါတယ်..
ဒီိကောင် မသိတာတွေပြောနေတယ်လို့မထင်ပါနဲ့။ရှင်းပြပါ့မယ် ခင်ဗျာ...
Samsung တွေမှာ Firmware ပြန်ရေးတဲ့အခါ Samsung Company က ထုတ်ပေးတဲ့ firmware ရှိပါတယ်..အဲ့ဒါကို official firmware လို့ခေါ်ပါတယ်....
Official Firmware ကိုပဲ သုံးလာရတဲ့ အခါမှာ Rom ကဒါချည်းပဲဆိုတော့ ငြီးငွေ့လာတဲ့သူတွေရှိပါတယ်...
အဲ့ဒီအခါမှာ Official Firmware မဟုတ်ဘဲ Developer တွေရေးထားတဲ့ Rom လေးတွေကိုသုံးမယ်ဆိုပါတော့...
Custom Rom မှာဆိုရင်တော့ အနည်းနဲ့အများကတော့ Error ပါတာပါပဲ...ဥပမာ-wifi,bluetooth,camera etc..
မရတော့တာမျိုးပေါ့နော်...
ဒီကောင်တွေက တချို့ကျတော့ Official Firmware ရေးရင် ပြန်ကောင်းပေမယ့် တချို့အလုံးတွေမှာ error တွေ ပြန်ပါလာပြီး မကောင်းတော့ပါဘူး...
Good Effect တွေရှိသလို Side Effect တွေလည်းရှိပါတယ်နော်.. သတိလေးထားစေချင်ပါတယ်...

(7)ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ဖုန်းပါဝါကို ချွေတာကြမယ်...မလိုတာတွေကို ပိတ်မယ်..မသုံးတဲ့ app တွေကို ထုတ်ပစ်မယ်...Background Application တွေကို ပိတ်ပစ်မယ်..Background Application တွေကိုတော့ Setting>>>App ထဲကနေ ၀င်ပြီးတော့ Force Close လုပ်ပစ်ရပါမယ်....

(8)တကယ်လို့သင့်ရဲ့ဖုန်းမှာ Root Access ရှိခဲ့တယ်ဆိုရင်တော့ Root explore လို apk ကိုသုံးပြီး မလိုအပ်တဲ့
System App တွေကို ဖျက်ပစ်ချင်ဖျက်ပစ်လို့ရပါတယ်။(မှတ်ချက်။       ။အသုံးလိုသော apk များကိုမဖျက်မိပါစေနှင့်)ဟိဟိ......... ဆိုင်ကိုရောက်လာမှာစိုးလို့နော်။။။။။

ကဲ အခုလိုအရာမျိုးတွေကို ဂရုတစိုက်သာလုပ်သွားမယ်ဆိုရင် သင့်ရဲ့ Android Device လေးဟာသွက်လက်မြန်ဆန်နေတာတွေကိုတွေ့ရပါလိမ့်မယ်....

ဆရာကြီးမဟုတ်ရပါ ကိုယ်သိသောအရာများကို သူများတွေကိုလည်း သိစေတတ်စေချင်ပါသည်။
အမှားပါက ခွင့်လွှတ်ပေးကြဖို့ ဒီနေရာကပဲ တောင်းပန်ပါတယ် ခင်ဗျာ။။။

 ဟူး...မောလိုက်တာ။။။။။။နားမလည်ပါက comment လေးထားခဲ့ပါ ခင်ဗျာ....

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.