Sunday, July 14, 2013

Root လုပ်တယ်ဆိုတာဘာလည်း.....?ဘာကြောင့်Android ကို root လုပ်ရတာလဲ?


Root ဆိုတာဘာလဲ?

မင်္ဂလာပါ။Rootက ဘာလဲဆိုတာကို မပြောခင်ကျွန်တော်နားလည်သလို ဥပမာလေးတစ်ခုနဲ့ပြောပြချင်ပါတယ်။
Root ဖောက်တယ်ဆိုတာက တကယ်တော့ အဲဒီဟန်းဆက်တလုံးလုံးကို မိမိ စိတ်ကြိုက်လုပ်ပိုင်ခွင့်ယူလိုက်တာပဲ ဖြစ်ပါတယ်။အဲလို Root ဖောက်လိုက်ပီဆိုရင်တော့ ဖုန်းဟာ Warrently (အာမခံ) ပျက်သွားမှာဖြစ်ပါတယ်။တချို့ဖုန်းတွေမှာမသိသာပေမယ့် Samsung ဖုန်းတွေမှာ သူတို့ရဲ့ဖုန်းကိုဝယ်လိုက်ရင် သူတို့ကတရားဝင် အာမခံ1 နှစ်ပေးပါတယ်...အဲဒီဖုန်းတွေ ၀ယ်လိုက်မယ်ဆိုရင် မိမိဟာဖုန်းကို Root မဖောက်ရပါဘူး။အဲလို Root မဖောက်မှသာလျှင် ဖုန်းမှာ Error(User Effectမပါ) တခုခုဖြစ်ခဲ့လျှင် လက်ခမဲ့သော်လည်းကောင်း

ဖုန်းတလုံးအသစ်လဲပေးသည်သော်လည်းကောင်း ပြုလုပ်ပေးပါသည်။မိမိက Root ဖောက်လိုက်လျှင် အထက်ပါအကြိုးခံစားခွင့်များအားပြုလုပ်ပေးတော့မည် မဟုတ်တော့ပေ။Root ဖောက်လိုက်လျှင်အထက်ပါအကြိုးခံစားခွင့်များအား ပြုလုပ်ပေးမည်မဟုတ်တော့ပေ။
Root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။Android Os က linux အသုံးပြုရေးထားတဲ့ System တစ်ခုပါ။ 
Root ရဲ့သဘောတရားက သင့်ရဲ့ device ကို Super User ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permission ရအောင်ပြုလုပ်တာပါ။
Root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တစ်ခုလုံးကို အပြည့်အ၀အသုံးပြုနိုင်သလို လိုအပ်သလိုလည်းပြုပြင်နိုင်ပါတယ်။
Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့ကသင့်ကိုတားဆီးပိတ်ပင်ခြင်းမရှိတော့ပါဘူး။
အခုလို root user အနေအထားရဖို့ သင့်ရဲ့ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို Android Rooting
ပြုလုပ်တာလို့ခေါ်ပါတယ်။
ကဲဒီလောက်ဆိုရင် root ပြုလုပ်ခြင်းရဲ့သဘောတရားတွေကိုနားလည်ပြီထင်ပါတယ်....
အားလုံးလည်းအဆင်ပြေကြမှာပါ။

ဟူးဝ်၀်ဝ်၀်ဝ်၀်ဝ်၀်ဝ်၀်.......မောလိုက်တာနော်..

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.