Thursday, July 25, 2013

နင်သာ အနားရှိရင်

ချစ်မိသွားရင် အရှုံးကြီးပဲလား
ဒါဆိုရင်လည်းရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီအရှုံးကို
ငါကျေနပ်တယ်

လွမ်းဆွတ်ခြင်းက နာကျင်စေတဲ့လား
ဒါဆိုရင်လည်းရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီနာကျင်ခြင်းကို
ငါသဘောကျတယ်

မျှော်လင့်မိရင် ကြေကွဲစေတဲ့လား
ဒါဆိုရင်လည်းရပါတယ်
နင်နဲ့ပါတ်သက်ရင် အဲ့ဒီကြေကွဲခြင်းကို
ငါနှစ်သက်တယ်

ဘယ်လောက်ပဲရှုံးပါစေ
ဘယ်လောက်ပဲနာကျင်ပါစေ
ဘယ်လောက်ပဲကြေကွဲပါစေ
နင်သာအနားရှိနေရင် အရာရာ
ပြည့်စုံပါတယ်... ဟာ။

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.