Android phone တွေနဲ့ Tablet တွေမှာ
Firmware ပျက်စီးသွားတဲ့အခါမှာ ဖြစ်တတ်တာက Power On ပေမယ့် လုံး
ဝတတ်မလာတာမျိုး Logo မှာရပ်သွားတာမျိုး တွေဖြစ်ပါတယ်။
ဘာနဲ့အလားသဏ္ဍာန်တူသလည်းဆိုတော့
Computer မှာ windows ကျတာနဲ့ အတူတူပါပဲ။ အဲ့ဒီတော့ ကွန်ပျူတာမှာ ဝင်းဒိုး မတတ်တော့ရင် ဝင်းဒိုးအသစ်ပြန်
တင်ရသလို Android device တွေဖြစ်တဲ့
Phone တွေ Tablet တွေကိုလည်း
Firmware ပြန်တင်ပေးရပါတယ်။
ဒီနေရာမှာကွဲပြားတာက ကွန်ပျူတာ ဝင်ဒိုးတင်တာက ဝင်းဒိုးတင်မယ့် Computer ရဲ့ Hardware ပိုင်းက Support
လုပ်နိုင်တဲ့ မည်သည့် ဝင်းဒိုးမဆို တင်သုံး
လို့ရပါတယ်။ ဥပမာ Windows XP, Windows 7, Windows 8 စသည်ဖြင့်ပေါ့။
သဘောကတော့ ဝင်းဒိုးခွေ တစ်ခွေရှိရင်
ဝင်းဒိုး တင်ဖို့ လုံလောက်ပြီပေါ့ဗျာ။
(Driver တင်တာ တစ်ခြား software တင်တာကတော့ တစ်ပိုင်းပေါ့ ခုပြောချင်
တာက OS တစ်ခုတတ်လာဖို့ကိုပဲပြောချင်
တာပါ)
Android phone တွေမှာတော့ Firmware
တစ်ခုရှိတာနဲ့ တွေ့တဲ့ဖုန်း တင်လို့မရဘူး
ခင်ဗျ။
Phone ထုတ်လုပ်တဲ့ Company,Model,Version,Build number ပေါ်မူတည်ပြီး
Firmware အမျိုးမျိုးရှိပါတယ်။ ဖုန်းတစ်လုံး
အတွက်သက်ဆိုင်ရာ Company ကရေးသား ထားတဲ့ Firmware ကို အခြား
Company,Model Number, Version မတူညီတဲ့ ဖုန်းမှာ တင်သုံးလို့ မရပါဘူး။
ဒါကတော့ ဖုန်းတစ်လုံးမှာမရှိမဖြစ် ပါရှိရ
မယ့် Firmware ဆိုတာရဲံ့ အဓိပ္ပါအကျဉ်းပါ
ပဲ။ နောက် Post မှာတော့ Firmware အမျိုးအစား ကွဲတွေ အကြောင်း တင်ပေး
ပါအုံးမယ်။
Tuesday, September 3, 2013
Subscribe to:
Post Comments (Atom)
Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.
0 comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်