Tuesday, September 3, 2013

မသိဘဲနဲ့ ခွင့်ပြုလိုက်မိတဲ့ Android Permissions

Android User တွေအတွက် Application သွင်းတဲ့ကိစ္စက ကိုယ်တိုင်လုပ် ကိုင်နိုင်အောင် လွယ်ကူတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့် Application သွင်းတဲ့အခါ ဘာတွေကို ကြည့်သင့်သလဲဆိုတာ အားလုံးသိချင်မှသိမှာပါ။ Windows မှာ install လုပ်သလို Next Next Yes Yes စသဖြင့် နှိပ်ခဲ့တဲ့ အကျင့်ပါခဲ့တဲ့ အတွက် Android မှာလည်း သတိပေးစာမျက်နှာလေး Permissions List ကိုကျော်လာခဲ့ကြမှာပါ။ ပုံမှန်အတိုင်းဆို အန္တာရာယ်မရှိပေမယ့် Spyware ဆန်တဲ့ Application မျိုးဆိုရင်တော့ ကိုယ့်အချက်အလက်တွေကို အင်တာနက်ပွင့်တာနဲ့ သူနဲ့ ချိတ်ဆက်ထားတဲ့ Server ဆီကို ပို့ပေးတဲ့အလုပ်ကို လုပ်တော့မှာပါ။ လက်ရှိမှာ Online Banking မထွန်းကားသေးတဲ့အတွက် ပြဿနာမရှိသေးပေမယ့် ကိုယ့်ရဲ့ အင်တာနက်ကွန်နက်ရှင်ကို လေးသွားစေပါတယ်။ နောက်ပြီး သူကနောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့အတွက် Hardware Resources ကိုသုံးပါသေးတယ်။ ကိုယ်ကတော့ မသိဘဲ ခွင့်ပြုလိုက်မိခဲ့တာပါ။

နောက်ထပ်တစ်မျိုးကတော့ Ad-ware ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ Home Screen ပေါ်မှာ Search Shortcut တစ်ခုရောက်နေတာကို ကြုံဖူးကြမှာပါ။ သူနဲ့ချိတ်ဆက်ထားတဲ့ ကြော်ငြာကုမ္ပဏီအတွက် အလုပ်လုပ်ပေးတာပါ။ ဒီကိစ္စကတော့ အခမဲ့ Application & Game တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒီလိုအချက်တွေကို ရှောင်ဖို့ Install ခလုပ်မနှိပ်ခင်မှာ Permissions List ဆိုတာလေးကို သေချာဖတ်သင့်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက တော်တော်လေးကို ရှုတ်ထွေးတဲ့ကိစ္စတစ်ခုပါ။ Offline သုံးလို့ရတဲ့ Application တစ်ခုက Network Permissions တွေကို တောင်းထားတာ စိတ်ပူစရာအချက်ဖြစ်ပေမယ့် တစ်ခါတစ်လေ Developer အတွက် လိုအပ်တာလေးတွေအတွက် ပေးရပြန်ပါတယ်။ ဝေခွဲရခက်တဲ့ ကိစ္စမျိုးပါ။ SMS ပို့ပေးတဲ့ Application တစ်ခုအတွက် read SMS messages Permissions ဒါမှမဟုတ် network read permissions တောင်းတတ်ပါတယ်။ ဒါကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် Caller ID ဆော့ဖ်ဝဲလ် တစ်ခုက ead phone state and identity လို့ဆိုလာရင်တော့ နည်းနည်းစဉ်းစားသင့်နေပါပြီ။ မိမိဖုန်းရဲ့အခြေအနေကို ဖတ်ပြီး သူကဘာလုပ်မှာလဲပေါ့။

ပိုဆိုးတာတစ်ခုက Root တောင်းတဲ့ apk တွေပါ။ Root အဆင့်ကို မလိုအပ်ပဲ Super User Application မှာပေါ်လာရင်တော့ Allow နဲ့ Deny တစ်ခုခုလုပ်ရပါတော့မယ်။ Root permission တစ်ခုဟာ အသေရေးထားတဲ့ ဖုန်းရဲ့ OS ထဲအထိ ဝင်ရောက် ပြုပြင်နိုင်စွမ်းရှိသွားပါတယ်။ ကိုယ့်အချက်အလက်တွေကို Fectory Reset ချလိုက်လည်း သူကဆက်လုပ်လို့ ရနေတာမျိုးပါ။

ကောင်းတဲ့အကျင့်တစ်ခုက သူများပေးတဲ့ apk လေးတွေကို ကိုယ့်ဖုန်းထဲမှာ ချက်ချင်းမထည့်ဘဲ Google Play လို Market တွေမှာရှိမရှိ၊ ရှိရင် ဘာတွေတောင်းတယ်၊ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ လေ့လာပြီးမှ သွင်းသင့်ပါတယ်။ Play Store ထဲက Apk တွေက Download လုပ်လို့မရပေမယ့် အချက်အလက်တွေကိုတော့ ဖတ်လို့ရပါတယ်။ တစ်ခုစိတ်ချဖို့ကောင်းတာက Play Store မှာတင်ထားတဲ့ Apk တွေကို Googleက စစ်ဆေးပေးထားတဲ့ အတွက်အတော်လေး စိတ်ချရပါတယ်။ နောက်ပြီး အလကားပဲတင်း apk တွေကို play stoe မှာတင်လို့မရပါဘူး။ ဒီအတွက် တော်ရုံလူကလည်း မဟုတ်တာ မလုပ်ရဲဘူးပေါ့။ ဒါပေမယ့် အပြင်က Black market တွေမှာတော့ အခမဲ့တင်လို့ရတဲ့အပြင် စစ်ဆေးမှုတွေလည်း မလုပ်ကြပါဘူး။ သူတို့ Page တွေမှာ user တက်ဖို့ပဲ အဓိကထားတဲ့ အတွက် ဒီလိုဝန်ဆောင်မှုမျိုးတွေကိုမပေးကြပါဘူး။ နောက်ပြီး တချို့apk တွေက Crack လုပ်ထားတာဆိုတော့ မူရင်းမှာ မဟုတ်တာတွေမပါပေမယ့် crack လုပ်လိုက်တဲ့သူထည့်ပေးလိုက်ရင် ပါလာနိုင်ပါတယ်။ ဒီကိစ္စကတော့ လောလောဆယ်မှာ အန္တာရာယ်မရှိတဲ့ အတွက်မမြင်သာပါဘူး။ အနာဂတ်အတွက် ကြိုတင်သတိထားနိုင်အောင် တင်ပြလိုက်ရပါတယ်။

http://developer.android.com/guide/topics/security/permissions.html

ဒီမှာတော့ Developer တွေ Permission ဘာအတွက် တောင်းရတာကို ရှင်းပြထားပါတယ်။

http://androidforums.com/android-applications/36936-android-permissions-explained-security-tips-avoiding-malware.html

ဒီလင့်လေးမှာတော့ Android တွေကို ဦးတည်နေတဲ့ virus, malware, spyware စတာတွေ အကြောင်းနဲ့ ရှောင်ရှားပုံကို ဖော်ပြထားပါတယ်။ စိတ်ဝင်စားသူများ ဆက်လက်လေ့လာကြပါ လို့အကြံပြုပါရစေ။

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.