Tuesday, September 10, 2013

နောက်ဆုံးထွက် LG Optimus G Pro အကြောင်းသိကောင်းစရာ …

LG-Optimus-G-Pro-vs-Samsung-Galaxy-Note-II-01
အခုနောက်ပိုင်း Smart Phone လောကမှာနာမည်ကြီးလာတဲ့ LG Brand လေးအကြောင်းမိတ်ဆက်ပေးလိုက်ပါတယ် … အခုနောက်ဆုံးမြန်မာပြည်ကိုဝင်ရောက်လာတဲ့ Smart Phone အသစ်ကတော့ LG Optimus G Pro ဖြစ်ပါတယ် … LG Optimus G Pro မှာ Screen Size 5.5” ဖြစ်ပြီး 401Dpi (1920×1080) Resolution က Smart Phone ချစ်သူတို့ရဲ့အမြင်အာရုံကိုဖန်းစားနိုင်မှာအသေချာပါပဲ … Processor အနေနဲ့ Quad Core 1.7Ghz ကိုသုံးစွဲထားပြီး RAM ပမာနအနေဖြင့် 2GB ပါဝင်တာကြောင့် Multitasking နဲ့ HD Game တွေဆော့ကစားရာမှာအလွန်ကောင်းမွန်တာကိုတွေ့ရပါတယ် … Camera နေနဲ့ 13MP ကိုသုံးထားပြီး Front  Cameraကိုတော့ 2.1MP ပါဝင်တာကြောင့် ဓာတ်ပုံချစ်သူတို့ စွဲမက်စေမှာ မလွဲဧကန်ပါပဲ … ထူးခြားချက်နေနဲ့ သာမာန်ဖုန်း Camera တွေမှာ Panorama Mood ကို 180 ဒီဂရီသာအသုံးပြုနိုင်ပြီး G Pro မှာပါတဲ့ VR Panoramaက  360 ဒီဂရီရိုက်ကူးနိုင်မှာပါ … ဓါတ်ပုံရုပ်ထွက်အနေနဲ့ သာမာန်ဖုန်း Camera များထက် အ၀ါရောင်ကိုပိုမိုလျော့ချထားသောကြောင့် သဘာဝအတိုင်းအနီးစပ်ဆုံးမြင်ကွင်းများကိုခံစားနိုင်မှာပါ …သူများတွေ ကို ပျော်ရွင်စရာအချိန်လေးတွေမှတ်တမ်းတင်ပေးနေချိန်မှာ ကို့ပုံမပါလို့စိတ်ညစ်စရာမလိုပါဘူး … Dual Recording စနစ်က ရှေ့ကင်မရာနှင့်နောက်ကင်မရာကို တစ်ပြိုင်တည်း Record လုပ်ပေးနိုင်ပါတယ် …Display ကိုတော့ True HD IPS LCD နှင့် Gorilla Glass 2 မှန်သားမျက်နှာပြင်ကိုအသုံးပြုထားတာကြောင့် အကြမ်းခံနိုင်စွမ်းမြင့်မားပြီး နေရောင်ထဲတွင်ကောင်းမွန်စွာမြင်နိုင်မှာပါ … Andriod Version 4.1.2 နှင့်မြန်မာစာ Built-in ပါဝင်တာကြောင့် Internet အသုံးပြုသူများလဲကောင်းမွန်စွာစာရေး စာဖတ်နိုင်မှာပါ … Feature များအနေနဲ့Qslide , Voice Control Camera , Quick Memo , Transparent Qslide Seekerစသည်အပြင်စွဲမက်ဖွယ် Feature များစွာပါဝင်ပါတယ် … ထူးခြားချက်ကတော့ နောက်ဖုံးတွင် Sensor ပါဝင်ပြီး Wireless Charging စနစ်ကိုအထောက်ပံ့ပေးထားတာကြောင့် Game အလွန်ဆော့သူများနှင့် Internet ကိုအေးအေးဆေးဆေး သုံးတတ်သူများ Wireless Charging Dock တစ်ခု ထပ်ဝယ်ထားရုံနဲ့ အားသွင်းကြိုးထိုးကာသုံးရသည့် စိတ်ညစ်စရာခြေအနေမှလွတ်ကင်းစေပါတယ် …ကဲ သူငယ်ချင်းတို့ရေ ကျန်တဲ့ Feature လေးတွေကိုတော့ G Pro လေးကိုဝယ်ကိုင်ပြီး Smart ကျကျ စမ်းသက်တော့နော် … ပထမဆုံးရေးသော Post ဖြစ်ပါသဖြင့်လိုအပ်ချက်များအမှားများရှိပါက ခွင့်လွတ်ပေးပါဗျ …

Credit – Myint Mo(Phone Corner)



0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.