This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Saturday, August 31, 2013
Micro SD Card Recovery Pro v2.9.9
Samsung S4,Galaxy Grand Duos တွေမှာ မြန်မာစာရပြီ
ဲJava လေ့လာလိုသူများအတွက် သင်ခန်းစာများ
ဒီလင့်မှာယူပါ - http://www.mediafire.com/Java သင်ခန်းစာများ
ဒီလင့်မှာယူပါ - http://www.mediafire.com/Java သင်ခန်းစာများ
ချစ်စရာ Minion Ringtones And Live Wallpapers App များ
Despicable Me 2 ဇာတ်ကားထွက်ပြီးတဲ့နောက်ပိုင်း minion လေးတွေကို ပိုပြီး လူသိများလာပါတယ်။ ပေါက်ကရလုပ်တတ်တဲ့ စရိုက်၊ သခင့်ကို ချစ်တဲ့ စိတ်ထား၊
ပြောင်ချော်ချော်လုပ်တတ်ပုံ .. စတဲ့ သူတို့ပုံစံတွေကအရမ်းချစ်စရာကောင်းခဲ့ပါတယ်။ အစကတော့ minion နဲ့ပက်သတ်ပြီး Apps တစ်ခုပဲ တင်မလို့ပဲ။ ဒါပေမဲ့ ရှာရင်း ရှာရင်း minion နဲ့ ပက်သက်တဲ့ app လေးတွေ အများကြီးတွေ့တာနဲ့ မထူးပါဘူးဆိုပြီး တစ်ခါတည်း စုတင်ပေးလိုက်တယ်ဗျာ။ ဘာတွေတင်ပေးလိုက်လဲဆိုတော့ ..
အိမ်သုံးလုံခြုံရေးစနစ်အတွက် ကင်မရာများကို ဈေးကြီးပေးဝယ်ရမည့်အစား Wi-Fi အသုံးပြုနိုင်သည့် Apple device အဟောင်းများကို အခမဲ့ iOS app နှင့် အသုံးပြု၍ အိမ်သုံး လုံခြုံရေးစနစ်များအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းသက်သာစွာဖြင့် အိမ်သုံးလုံခြုံရေးစနစ် ပြုလုပ်နိုင်မည့် နည်းလမ်းကို Gene Wang ဆိုသူက တစ်နှစ်အတွင်းနှစ်ကြိမ် ဖောက်ထွင်းခံရသည့် ၎င်း၏အိမ်ကို ကာကွယ်ရန် နည်းလမ်းများ ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Wi-Fi အသုံပြုနိုင်သည့် Apple device များကို အိမ်သုံး လုံခြုံရေးကင်မရာအဖြစ် ပြောင်းလဲရန်အတွက် Presence app ဟု ခေါ်သည့် အခမဲ့ iOS app နှင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ app ကို device နှစ်ခုပေါ်တွင် download ပြုလုပ်ပြီးသည့်အခါ device တစ်ခုကို ကင်မရာ အနေဖြင့် အသုံးပြုပြီး အခြားတစ်ခုကို monitor အနေဖြင့် အသုံးပြုနိုင်မည်ဟု Wang က ပြောကြားခဲ့သည်။ ထို့အပြင် monitor ကို ၂၄ နာရီပတ်လုံး ကြည့်စရာမလိုဘဲ အကယ်၍ တစ်စုံတစ်ရာ ထူးခြားမှု ရှိသည့်အခါ motion detector က ၅ စက္ကန့်စာ ဗီဒီယိုကို e-mail မှတစဆင့် ပေးပို့အကြောင်းကြားပေးမည် ဖြစ်သည်။ အဆိုပါ စနစ်ကို iPad 2 နှင့် အထက်၊ iPod touch 5th generation နှင့်အထက် iPhone 3GS နှင့် အထက်တွင် အသုံးပြုနိုင်ကြောင်း၊ device များကို ကင်မရာအနေဖြင့် အသုံးပြုသည့်အခါ Wi-Fi နှင့် စွမ်းအင်အရင်းအမြစ် လိုအပ်ကြောင်း သိရသည်။
C8813D Step 2 Update Failed Error ကိုရှင်းမယ်
DOLMUS DRIVER
Taxi ကားမောင်းရတဲ့ဂိမ်းလေးပါ။ Sega ရဲ့ Crazy Taxi လိုပါပဲ။
လမ်းပေါ်ကကားတွေကို မတိုက်အောင်ရှောင်မောင်းကာ
coins များကိုစုဆောင်းရမှာပါ။ နောက်ပြီး ရဲတွေ မမိအောင်ပါ
မောင်းပြေးရမှာပါ။ ရွေးချယ်စရာ ကား(၃)မျိုးပါဝင်ပြီး
မတူညီတဲ့လမ်းမ(၃)ခုပေါ်မှာမောင်းနှင်ရမှာပါ။
ကားရဲ့အမြန်နှုန်းကိုမြှင့်ပေးမယ့် Jetpacks များကိုလည်း
(၆)ခုအထိ Upgrade ပြုလုပ်နိုင်ဦးမှာပါ
OS - 2.3 & UP
APK - 45.58 MB
DOWNLOAD
DOLMUS DRIVER - Istanbul ( Apk )
** Animation တွေနဲ့ sms ပို့နိုင်မယ့် Magic SMS **
Chinese App အလန်းစားလေးပါ။ Magic SMS ကို အသုံးပြုဖို့အတွက် ပို့မယ်သူရော၊ လက်ခံမယ့်သူရဲ့ဖုန်းမှာပါ Magic SMS app ကို ထည့်ထားရပါမယ်။ Animation လေးတွေနဲ့ အလန်းစား Show လေးတွေကို တစ်ဖက်နဲ့တစ်ဖက် sms ဖြင့် ပို့နိုင်ပါတယ်။ sms ပို့တဲ့နေရာမှာ Animation လေးတွေကို code နဲ့ ရေးပြီး ပို့ပေးတာဖြစ်လို့မိမိ sms မှာ animation code အတွက် စာလုံးရေ (15)လုံးလောက်တော့ နေရာပေးရပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ animation လေးတွေက screen အပြည့် လှုပ်ရှားပေးတာဖြစ်လို့ အတော် ပျော်စရာကောင်းပါတယ်။ သူငယ်ချင်း၊ ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်စွာ sms ပို့နိုင်မယ့် app လေးပါ။ ဒီ app အလန်းလေးကို ကလိဖို့ ပေးခဲ့တဲ့ fan ထဲမှ “ SE V EN ” ကို ကျေးဇူးတင်ပါတယ်။
Hovering Controls
App အလန်းလေးတွေ တင်ပေးပါဆိုတဲ့ ဘော်ဒါများအတွက် Hovering Controls ဆိုတဲ့ App အလန်းလေး တင်ပေးတယ်ဗျာ။ Proximity Sensor ဆိုတာကို အားလုံး သိကြမယ်ထင်ပါတယ်။
ဖုန်းရဲ့ရှေ့ကင်မရာ နားမှာရှိတဲ့ အမဲရောင် အကွက်လေးက Proximity Sensor ဖြစ်ပါတယ်။ သူက ဖုန်းလာတဲ့အခါ နားနဲ့ကပ်ရင် Screen Off ဖြစ်အောင်လုပ်ပေးတဲ့ Sensor ပေါ့ဗျာ။
အဲ့ဒီ Proximity Sensor ကို အသုံးပြုပြီး မိမိဖုန်းကို ခိုင်းကြည့်မယ်။ Hovering Controls App နဲ့ ခိုင်းလိုက်ကြစို့ဗျာ
Streaming မြန်တာတွေ့ရပါတယ်။ WCDMA အင်တာနက်လိုင်းနဲ့ ကြည့်ခဲ့ပါတယ်။ အထစ်ငေါ့မရှိ ကြည့်လို့ရပါတယ်။ ပြောရရင် အရင်တုန်းက ဂြိုလ်တုစလောင်းနဲ့ ဖမ်းကြည့်ခဲ့သလိုမျိုး လိုင်းပေါင်းများစွာ ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်စမ်းခဲ့တဲ့ လိုင်းများထဲမှာ သဘောကျတဲ့ လိုင်းများကို အနည်းငယ် ရေးလိုက်တယ်။
Dancer တစ်ယောက်ဖြစ်ချင်သူတွေအတွက် Music ဆိုတဲ့ ကဏ္ဍအောက်မှာ Dancing Machine TV က လန်းပါတယ်။ က ကွက်တွေ အမျိုးမျိုးသင်ပေးပါတယ်။
Movie ၀ါသနာအိုးတွေအတွက် Action ကြိုက်လား၊ သိုင်းကားတွေကြိုက်လား၊ သရဲကားကြည့်မလား .. အများကြီး ကြည့်လို့ရတဲ့ Channel တွေလဲ ပါသဗျ။
Purf Screen Cleaner
Purf ဆိုတဲ့ ချာတိတ်လေးက သန့်ရှင်းရေးသမားတစ်ယောက်ပါ။
ဘော်ဒါနဲ့ ဖုန်း Screen ပေါ်က လက်ရာများ ထင်နေရင် သန့်ရှင်းရေးလုပ်ပေးတယ်။ ခဏခဏ သန့်ရှင်းရေးလုပ်ရရင်တော့ Purf တစ်ယောက် မျက်နှာကြီး နီရဲလာကာ ဒေါသထွက်လာပါတယ်။ မညှာမတာ သူ့ကို သန့်ရှင်းရေးလုပ်ခိုင်းရင် ငိုပါတယ်။ သူ့ကို မခိုင်းရင်တော့ Purf တစ်ယောက် ရေချိုးတယ်။ အိပ်တယ်။ စားတယ်။ ဇိမ်ခံနေပါတယ်။ Purf အိပ်ပျော်နေချိန်မှာ Screen ကို မှောင်သွားစေတာလေးလဲ
လန်းပါတယ်။ ဒီ app လေးကို ကျွန်တော် တင်မယ်နဲ့ မေ့နေတာ ခုမှပြန်တွေ့လို့ဗျ။ Purf Screen Cleaner ဆိုတဲ့ App လေးက တကယ်တော့ Live Wallpaper လေးပါ။ ဒါပေမဲ့ Live Wallpaper ထက်ပိုပြီး သင့်ကို ပျော်ရွှင်မှုပေးပါလိမ့်မယ်။ သန့်ရှင်းရေးသမားလေး Purf ကို ဖုန်းထဲထည့်ထားပြီး ပျင်းနေတဲ့အခါ သူ့ကို ထိုင်ကလိနေလို့ရပါတယ်။ အတော်ချစ်စရာကောင်းတဲ့ Live Wallpaper လေးပါ။
Funny App အနေနဲ့လဲ သင့်ကို ဖျော်ဖြေပါလိမ့်မယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download - (1MB)
dropbox
copy
zippyshare
Android ဖုန်းတွေပေါ်မှာ email နှင့် jpeg or pdf documents တွေကိုဖတ်ပေးမယ့် apk
Phone Spy
ဖော်ထုတ်ပေးမယ့် စုံထောင်ကြီး ဖြစ်ပါတယ်။ ဘယ်လိုဖော်ထုတ်ပေးမှာလဲဆိုတော့ ဖုန်းကိုင်လိုက်တဲ့သူရဲ့ မျက်နှာကို ဓါတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်။ PhoneSpy ရဲ့ service ကို on လိုက်တာနဲ့ ဖုန်း lock ကျနေတဲ့အခါ ဖုန်းကို lock ပြန်ဖွင့်တဲ့သူရဲ့ မျက်နှာကို front camera နဲ့ ဓါတ်ပုံရိုက်လိုက်ပါမယ်။ ဓါတ်ပုံရိုက်မှန်းလဲ သိလိုက်မှာ မဟုတ်ပါဘူး။ ဓါတ်ပုံကို Gallery ထဲမှာ PhoneSpy ဆိုတဲ့
folder ထဲကနေ ပြန်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံများကို တစ်ခါတည်းပြန်ဖျက်နိုင်တဲ့ function လဲပါဝင်တယ်။ ကိုယ်မရှိတဲ့အချိန် ဘယ်သူတွေ ကိုယ့်ဖုန်းကို လာကိုင်သွားလဲ သိချင်ရင် PhoneSpy နဲ့သာ
ဖော်ထုတ်ပေတော့။ မိမိဖုန်းမှာ front camera ပါမှ အသုံးပြုနိုင်ပါမယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
<<Download From Zippyshare>>
<<DownloadFrm D-h-st>>
Credit by Happy Android World
ခံစားချက်အနှစ်သာရများ
မျက်ဝန်းကဗျာ
ဒီ..သမင်ပျိုလို မျက်ဝန်းလေးတစ်စုံကပဲမျှော်လင့်ခြင်း ဆိုတဲ့အရာကိုငါ့ထံ ဆောင်ကြဉ်းပေးခဲ့တယ်.....။ဒီ...ပြာလွင်တဲ့ အလင်းတန်းလဲ့လဲ့ကပဲကြင်နာခြင်း ဆိုတဲ့အရာကိုငါ့ရင်မှာ ဖန်ဆင်းပေးခဲ့တယ်.......။ဒီ...ဟန်ဆောင်မှုကင်းတဲ့ဖြူစင်ခြင်း အငွေ့အသက်မှာနေ့ရက်များစွာဟာ စိုပြေစိမ်းလန်းလို့လှခဲ့တယ်.....။ဒီ..မျှော်လင့်မထားတဲ့ တင်္ဒဂအကြည့်တစ်ချက်မှာနှလုံးသားတစ်ခုလုံး အရည်ပျော်ကျဆုံးတစ်ဘ၀လုံးအတွက် ငါ...အရှုံးပေးထားလိုက်တော့မယ်.....။ချစ်ရတဲ့သူရဲ့ မျက်ဝန်းလေးထဲမှာပေါ့ကွယ်.......။
ကလေးလေး
ခွဲခွာခြင်းမှတ်တိုင်......
သင့်နာမည်ကပြောတဲ့သင့်စရိုက်အကြောင်း
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ် (မှန်)
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး (နဲနဲမှား)
A = သင်ဟာ အင်မတန် အေးတဲ့သူဖြစ်သော်လည်း သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ် (အလွန်မှန်)
N= သင်ဟာ အလုပ်မရှိရင် မနေတက်သူ၊ ဒါပေမယ့် ရှိရင်လည်း ငြီးငြူတက်သူ (မှန်)
T= သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ် (မှန်)
ကိုင်း--သဘောပေါက်ပြီနော်။ ကဲ-ဒါဆို အခု အောက်က ဖော်ပြထားတဲ့ {A ကနေ Z} ထဲကသာ သင့်နာမည်က ဟောတဲ့ ဗေဒင်အဖြေကို ရှာကြည့်ကြပေတော့။ (မြ၀တီက ယူခဲ့တယ် )
မိမိဖုန်းမှ တခြားဖုန်းသို့ ငွေဖြည့်ကဒ်လွှဲပြောင်းနည်း
*123*Pin No*phone no # then call (ဥပမာ- *123*217675393302988839*092003747#) ပြီးလျှင် call လိုက်ပါ။
CDMA ငွေဖြည့်ကဒ် လွှဲပြောင်းနည်း CDMA ဖုန်းတစ်လုံးကနေတစ်လုံးကို Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*166* Pin No * Phone no # then call (ဥပမာ- *123*217675393302988839*091045019#) ပြီးလျှင် call လိုက်ပါ။
ဒီနည်းကတော့ GSM ဆိုရင် GSM အချင်းချင်းပို့တာ အကောင်းဆုံးဘဲ အလကားငွေ ဖြစ်သွားဦး မယ်နော် WCDMA ဆိုလည်း WCDMA အချင်းချင်းမှ ကောင်းတယ်လို့ မှတ်ချက်လေး ရေးထည့်ပေး လိုက်တယ် အခြား CDMA လည်း ထိုနည်းတူစွာပါဘဲ သူ့အမျိုးအစားနဲ့ သူ ပို့မှ ကောင်းမယ်နော်.....
Friday, August 30, 2013
Ever snap နဲ့ Screen Shot ရိုက်မယ်
မိမိဆော့ဝဲကို ဘယ်သို့ဘယ်ပုံ သုံးလို့ ရတယ်ဆိုတာကို ပုံလေးနဲ့ ပြသပေးဖို့ရာအတွက် အခက်အခဲဖြစ်နေရင်ဖြင့်
Caller Name Speaker(ဖုန်းလာရင်နာမည်လေးပြောတဲ့ software လေးပါ)
ပြောပြပေးတဲ့ ဆော့ဝဲပေါ့.။ အင်္ဂလိပ်လို ရေးထားမှ သူက နာမည်ကို ပြောပြပေးမှာပါ မြန်မာလို ရေးထားရင်တော့
နာမည် မပြောပါဘူး.။
Zapya New Update လေးပါ
ပေးလိုက်တာပါ..။ အသုံးပြုနည်းကတော့ လူတိုင်း သိပြီးသား ရေးလည်း ရေးပြီးသားဆိုတော့ မရေးတော့ဘူး
နော် လိုအပ်ရင် ဒေါင်းသွားပါ..။ Zapya နဲ့ Backup လုပ်နည်းလည်း ရေးထားပါတယ် ထပ်တင်ပေးမယ်နော်.
Zapya နဲ့ Backup လုပ်နည်းက အရမ်းကို အသုံးဝင်ပါတယ်..။ ဘာမှ မခက်ပါဘူး သိပြီးတဲ့သူတွေကတော့ သိ
ပြီးလောက်ပြီပေါ့ ။ မသိသေးတဲ့ ပုဂ္ဂိုလ်လေးတွေ အတွက်ပေါ့ကွယ်.. အဆင်ပြေပါစေ..။
အကောင်းဆုံး ALL MARKET ဆော့ဝဲများ စုစည်းမှု
Zombie Area!!!
” Zombie Area ! ” ဆိုတော့ သရဲတွေရှိတယ့် နယ်မြေပေါ့ဗျာ….
သရဲတွေရှိတဲ့ နယ်မြေမှာ ကိုယ်က သရဲတွေကိုပစ်ခတ်ရမယ့်ဂိမ်းလေးပါဗျာ…
ပေါ့ပေါ့ ပါးပါး ဂိမ်းလေး တစ်ခုပါပဲဗျာ….
သရဲတွေကို ပစ်ခတ်ရမှာပါ….အပျင်းပြေ ဂိမ်းအသေးလေးတွေဆော့ချင်တဲ့ ဘော်ဒါများတော့ကြိုက်မှာပါ
ဂိမ်းဆိုက်ကလည်း…… 40 MB သာသာလေးရယ်ဗျာ….
ဆော့လို့ ရတဲ့ Android Version ကတော့ 2.3 နှင့်အထက်ဆိုရပါပြီဗျာ…..
ကြည့်လိုက်ပါအုန်းဗျာ………..
Monster pet Shop
အားလုံးပဲ ဒီဂိမ်းလေးသိပြီးသားဖြစ်မှာပါဗျာ….ဒီဂိမ်းလေးကတော့
အကောင်းလေးတွေ မွေးပြီး ဂရုစိုက်ရမယ် ပြီးရင်ဝယ်သူလာရင် ရောင်းမယ့်ဂိမ်းလေးပါ
ပြီးတော့ ၀ယ်သူတွေ မေးတဲ့ အကောင်လေးတွေလည်း ရှာရတယ်ပြီးတော့ပြုစုပေးရတာပေါ့ဗျာ……
ဆိုက်ကလည်းသိပ်မကြီးပါဘူးဗျာ………
40 MB သာသာလေးရယ်ဗျာ….
ဆော့လို့ ရတဲ့ Android Version ကတော့ 2.2 နှင့်အထက်ဆိုရပါပြီဗျာ…….
ကြည့်လိုက်ပါအုန်းဗျာ………….
Remotely Power off Android
Samsung Galaxy S5 တွင် အလူမီနီယံ အခွံသာ အသုံးပြုတော့မည်
Samsung Galaxy S5 တွင် အလူမီနီယံ အခွံသာ အသုံးပြုတော့မည်
Samsung Galaxy S4 တောင် ထွက်တာ မနေ့တစ်နေ့။ နောက်နှစ် လယ်ကျော်မှ ထွက်မယ့် စမတ်ဖုန်း S5 က ဘယ်လိုဖြစ်မယ်ဆိုတာ သတင်းတွေက ထွက်နေပြန်ပါပြီ။ Samsung Galaxy Note 3 လည်း Plastic Casing နဲ့ပဲ လာမှာပါ။ သို့ပေမယ့် Samsung Galaxy S5 နောက်ပိုင်း ထွက်သမျှ Galaxy အမြင့်ဖုန်း အားလုံးကို အလူမီနီယံ၊ မဂ္ဂနီဆီယံတို့လို သတ္တုသာ အသုံးပြုတော့မှာ ဖြစ်ကြောင်း ဆိုပါတယ်။
အဓိက ကတော့ အလူမီနီယံ သုံးတဲ့ ကုမ္မဏီတွေကို ယှဉ်ပြိုင်ဖို့ပါ။ Apple နဲ့ HTC ဟာ ၎င်းတို့ ဖုန်း Casing အတွက် အလူမီနီယံကို အဓိကထား အသုံးပြုပြီး ဒီဇိုင်းနဲ့ အကြမ်းခံမှု အပိုင်းမှာ ထိပ်တန်း ရောက်ရှိ နေပါတယ်။ Samsung ကတော့ ပေါ့ပါးမှု၊ လွယ်ကူမှု ကိုသာ အဓိက ထား ရည်ရွယ်လို့ ပလပ်စတစ်ကိုသာ တစ်စိုက်မက်မက် အသုံးပြုလာပြီး ၂၀၁၄ ဆိုရင်တော့ အလူမီနီယံကိုခြေလှမ်းစတော့မှာ ဖြစ်ပါတယ်။ Apple က ဈေးသက်သာ iPhone ဆိုပြီးတော့ ပလပ်စတစ် ဘော်ဒီ ဘက်ကို ခြေလှမ်းစပါတယ်။ ဒီတော့ စမတ်ဖုန်း လောကမှ ပလပ်စတစ်နဲ့ အလူမီနီယံ သတ္တု အသုံးပြုမှု က ပြိုင်ဆိုင်စရာတွေ ဖြစ်နေအုံးမှာပါ။
Samsung Galaxy Note 3 ကို စက်တင်ဘာလ အတွင်း မိတ်ဆက်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Thursday, August 29, 2013
GPK installer (PC) နဲ့ PC ကနေ install လုပ်မယ်
www.muzhiwan.com ကိုဝင်လိုက်ရင် ကိုယ်နားမလည်တဲ့စာတွေပေါ့. ပြဿနာမရှိပါဘူး အပေါ်မှာကွင်းထားတဲ့နေရာ နှိပ်လိုက်ရင် GPK PC installer ကို ဒေါင်းပါလိမ့်မယ်ဗျာ..Install လုပ်ရင်အောက်ကပုံတွေအတိုင်းလုပ်သွားပါ...
ပြီးရင်ဒီလိုပေါ်လာမယ်...
FIFA 12 GPK နဲ့ ဘောလုံးကန်ကြမယ်
FIFA 12 (1.23 GP)
GPK install လုပ်နည်းကို ဒီမှာ ဝင်ကြည့်ပါ
Credit to: www.muzhiwan.com
3 Way boot to your Power menu ထည့်နည်း
Requirements
|
In First Part we will edit framework and in second part we will edit android policy.jar
Sliding Messaging Pro v7.27
Playstore Link :
Click here to download:
သတိချပ်စလေး ပါ
သင့်အိမ်မက်တွေကို သင်ကိုယ်တိုင်
မတည်ဆောက်နိုင်ရင်
တစ်ခြားတစ်ယောက်က
သူတို့အိမ်မက်တွေ တည်ဆောက်ဖို့
သင့်ကို ခိုင်းစားသွားလိမ့်မယ်။ ။
ပုဒ်မ (၇)။ ။
မြန်မာနိုင်ငံမှာ ပုဒ်မ ၇ တဲ့ဗျာ
အသက် ၂၅ နှစ်ပြည့်သူ အမျိုးသား အမျိုးသမီတိုင်း အိမ်ထောင်မပြုရသေးလျှင် ''မိဘကိုဒုက္ခပေးသူ" အဖြစ် အရေးယူမည်တဲ့။
ဆရာ နဲ့တပည့်
ဆရာ။ ။ကမ္ဘာကျော် နှာဗူးမင်းသားကြီးရဲ့အမည်ကိုသိခ
တပည့်။ ။ ဂျိမ်းစ်ဘွန်းပါ ဆရာ
ဆရာ ။ ။ twillight ကားထဲမှာ မင်းသားက မင်းသမီးကို အခြား vampire တွေရဲ့ သွေးစုပ်ခြင်းမခံရအောင် ကယ်ခဲ့တာ ဘာဖြစ်လို့လဲ
တပည့် ။ ။ သူ စုပ်ချင်လို့ပါဆရာ
ဆရာ ။ ။တပည့်တို့တရုတ်ပြည်ရောက်ရင်ပထမ
တပည့် ။ ။ ကျူးမီးဝါး ပါဆရာ
ဆရာ ။ ။မြန်မာလူမျိုးများရဲ့ အတောင့်တဆုံးအရာက....
တပည့် ။ ။ ၁၅၀၀ တန် ဖုန်းပါ ဆရာ
ဆရာ ။ ။အဆိုတော်ဝိုင်းဝိုင်းရဲ့ သီချင်းတွေ ဘာလို့ လူကြိုက်များတာလဲ
တပည့် ။ ။တရုတ်ပြည်မှာ..ကျော်ကြားပီးသား
ဆရာ ။ ။Metal ဂီတ ဆိုတာဘာလဲ
တပည့် ။ ။နားထောင်ရင် ရင်ကွဲပီး.....ဆိုလိုက်ရင်ဖင်ပြ
ဆရာ ။ ။ရန်ကုန်မြို့ လမ်းလည်ခေါင်မှာ touch mobile တစ်လုံးကိုင်ပီး ဟိုပွတ်ဒီပွတ် လုပ်နေတဲ့ သူတွေကိုဘယ်လိုမြင်လဲ
တပည့် ။ ။မျောက်အုန်းသီး ရနေတယ်လို့မြင်ပါတယ်ဆရာ
ဆရာ ။ ။ဆရာတို့မြန်မာပြည်မှာ သယံဇာတ တွေ...ပေါများကြောင်းကို ဘယ်သူတွေပိုသိသလဲ
တပည့် ။ ။တရုတ်တွေကပိုသိပါတယ် ဆရာ
ဆရာ ။ ။ ဘွဲ့ရပီးရင် ဘာလုပ်မယ်လို့စိတ်ကူးတုန်း...
တပည့် ။ ။အဖေ့ ဆိုက်ကား ၀င်နင်းမယ်လို့ စိတ်ကူးထားပါတယ် ဆရာ
C8813 Step 2 Fail error ရှင်း နည်း
Step 2 Fail error for C8813
C8813 ကို system update ပေးလို့ update လုပ်လိုက်တဲ့အခါ SIM Card မဖတ်တော့တာတွေ
ဖြစ်နေကြပါတယ်။
အဲဒီအချိန်ကျရင် Firmware ပြန်တင်ကြရပါတယ်။
Firmware ပြန်တင်ရင်လည်း Step 2 မှာ update fail ဖြစ်နေတာတွေဖြစ်တက်ကြပါတယ်။
ကျတော်လည်း update fail ဖြစ်လို့လိုက်ရှာရင်း အဆင်ပြေတာလေးတွေ့လို့ပြန်လည်
မျှဝေပေးလိုက်ပါတယ်။
လိုအပ်တဲ့သူများရှိရင် အဆင်ပြေအောင်လို့ပါ..................
zip file အားရယူပါ။
http://d-h.st/2Y0
ရလာတဲ့ zip file လေးကိုဖြည်လိုက်ပြီး ရလာတဲ့ file ထဲက dload folder လေးကို
SD Card ထဲထည့်လိုက်ပါ။
ြဲပီးရင်တော့ Phone ထဲထည့်ပြီး volume up + volume down + power လေးနဲ့ dload လေးကို
install လုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Firmware လေးပြန်တင်လို့ရပါပြီ။
Myanmar APN (Beta) for Android
သုံးပုံသုံးနည်းအနေနဲ့ အခုပေးထားတဲ့ Application လေးကိုဖုန်းမှာ install လုပ်ပြီး check root access ကိုနှိပ်ပါ။ ဖုန်းမှာ root access ရတယ်ဆိုရင် system ထဲကိုနည်းနည်းဝင်နှိုက်ပြီး application ထဲကနေပြန်ထွက်သွားပါမယ်။ All Application ထဲမှာကြည့်လိုက်ပါ ။ Myanmar Apn ဆိုတဲ့နာမည်နဲ့ ဆော့ဝဲလေးတစ်ခုရောက်နေတာကိုတွေ့ရပါမယ်။ Myanmar Apn ထဲကိုဝင်ပြီး ကိုယ့်ဖုန်းအမျိုးအစားအလိုက် Apn setting ခလုတ်တစ်ချက်နှိပ်ရုံလေးပါပဲ။ setting ထည့်ပြီးဖြစ်ပါလိမ့်မယ်။
Myanmar APN (Beta) for Android ကိုအောက်က link မှာရယူပါ။
Myanmar APN (Beta) for Android
ဒီ Beta Version မှာအဆင်မပြေသေးတဲ့အချက်တွေကတော့
- Resolution အမြင့် ၊ Screen အကြီးဖုန်းပေါ်မှာစမ်းသပ်ရေးသားထားတာဖြစ်တဲ့အတွက် တခြာ Resolution နည်းနည်းလျော့တဲ့ ဖုန်းတစ်ချို့ ၊ Screen အသေးဖုန်းတစ်ချို့မှာ Layout အမှန်မပေါ်တာမျိုးဖြစ်တတ်ပါတယ်။
-အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။
Credit to:MMAS
Wednesday, August 28, 2013
Phone ရဲ့ IMEI နံပါတ်သိရုံဖြင့် ဖုန်းနှင့် ပတ်သက်သည်များကို သိရှိနိုင်မည့် Website
… ဒီမှာကြည့်ပါ
လိပ်စာကတော့ >> http://www.imei.info ဖြစ်ပါတယ်..
1.Dial *#06# to see your device IMEI
2. Enter IMEI to field above
3.Get information about your device Enter IMEI to field above
—————————————————————————————-
ဒီအပြင် Nokia ဖုန်းတွေရဲ့ imei number ကိုလည်းစစ်ဆေးလို့ရပါသေးတယ်…
Nokia ဖုန်းတွေရဲ့ Warranty နဲ့ Unlock ကိုလည်းစစ်ဆေးနိုင်ပါတယ်….
ဒီမှာ စစ်ကြည့်ပါ။
လိပ်စာကတော့ >> http://www.imei.info/nokia-check-warranty-unlock ဖြစ်ပါတယ်..
ဖုန်း လော့ကျရင်မပူပါနဲ့
ဒါပေမယ့်လေ့လာလို့၇အောင် အလိမ်မခံ၇အောင် ဒါလေးတင်ပေးတာပါ။
ပထမတစ်ခါတင်သေးတယ်။ မေ၇ာက်တာလား။ အချိန်မလောက်လို့ ပိတ်လိုက်တော့ မတက်တော့တာလားတော့
မသိပါဖူး။ လက်တလောတော့ ဖုန်းအကြောင်းသိချင်သူတွေ မေးလို့၇ပါတယ်။ ကျနော်သိထားသလောက်တော့
ပြောပြပါမယ်။
အခုဖုန်းတွေမှာ ဖြစ်တက်တာက (ဖုန်းလော့နဲ့ (SIM)ကတ်လော့တွေမှားချမိတာပါ) အဲ့အတွက်တော့မပူပါနဲ့တော့။
ကျနော်ရှင်းပြပါမယ်။ အစတုန်းကဆက်သွယ်ရေးကနေ ဖွင့်၇င်ပိုက်ဆံတောင်းပါတယ်။ တစ်ချို့ဆို ၅၀၀၀၀ လောက်
ပေးရတယ်။ ဒါတွေမဖြစ်တော့ပေမယ့် သူတို့ကနောက်ထွက်တဲ့ (SIM)ကတ်တွေမှာ နံပတ်တွေပါမလာတော့ဖူး။
အ၇င်ဝယ်ထားတဲ့ဆင်းကတ်ရဲ့ (ချိုးတဲ့ကတ်အကြီးပေါ်မှာ)တွေမှာ နံပတ်လေးတွေပါတယ်။ အဲ့နံပတ်တွေက
(PUK-xxxxxxxxx)လို့ရေးထားတယ်။ အဲတာလေးတွေရိုက်လိုက်၇င်ပွင့်တယ်။ သူက၃ခါရိုက်၇တယ် ကိုယ်ကနံပတ်
မမှတ်မိတော့၇င် ပထမတစ်ခါမှာ ၁၂၃၄၅ လို့ရိုက်လိုက်၇င် (PIN)ကနေ (PUK)လို့ ပြောင်းသွားပြီးမှ ၂ ခါနဲ့၃ ခါ
မြောက်ကျ၇င် (PUK) နံပတ်ကိုရိုက်လိုက် အဲတာဆိုဖုန်းပွင့်သွားလိမ့်မယ်။ ပြီးတော့မှ settting ထဲဝင်ပြီး
(phone lock (or)security lock)ကိုဝင်ပြီး (SIM)(PIN 1)ကိုထပ်ဝင်ပြီးဖြေပေးပြီး(OFF)လိုက်မှ ပြီးတာနော်..။
အဆင်မပြေတာရှိရင်ဖုန်းဆက် မေးနိုင်ပါတယ်...၀၉-၃၆၁၃၉၈၇၉ (or) minthweyint@gmail.com
အားတဲ့အချိန်ကိုပဲဆက်နော်....
ဟာသများ
မြို့မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူက၊ နယ်မှာနေတဲ့ သူ့အဖေဆီကို ဖုန်းဆက်နေတယ်။
သာကြောင်းမာကြောင်း ပြောပြီးတဲ့အခါ သားဖြစ်သူက မေးတယ်... ...
"ဒါနဲ့ စကားမစပ်၊ တစ်ထောင်တန်ပေါ်မှာ ခြင်္သေ့ပုံ ရိုက်ထားတုန်းပဲလား အဖေ"
"အေးပေါ့ကွ၊ ဘာလို့မေးတာလဲ"
"အော်... မမြင်ရတာကြာတော့ ပြောင်းများ သွားပလားလို့ပါ"
ဒီတော့မှ အဖေလုပ်သူလည်း သဘောပေါက်သွားပြီး... ...
"အောင်မယ်၊ ခွေးမသား၊ ပိုက်ဆံပို့ပါအုံးအဖေဆို ပြီးတာကိုများ"
https://www.facebook.com/
သန်၎ကို-ပေါက်ကရရေးသည်
"လူကြီး"
မိုးပေါ်ကကျလာတဲ့ လူကြီးတယောက် ကျနော်တို့ဌာနမှာ ညွန်ချုပ်အဖြစ် ရောက်လာတယ်။
တနေ့က ကျနော်လည်း အလုပ်တော်တော်ရှုပ်နေလို့ ရုံးဆင်းချိန် နောက်ကျသွားတယ်
ပြန်မယ်ဆိုပြီး ရုံးခန်းထဲကအဖြတ်မှာ...
ညွန်ချုပ်ကို စက္ကူဖျက်စက် (paper shredder) ရဲ့ခလုပ်တွေကို တောင်နှိပ် မြောက်နှိပ် လုပ်နေတာ တွေ့လိုက်ရတယ်
ကျနော့်မြင်တော့ လှမ်းခေါ်တယ်... ...
"ကောင်လေး၊ ခဏလာစမ်းကွာ"
"ဟုတ်ကဲ့ အဘ၊ ဘာလုပ်ပေးရမလဲ ခင်ဗျ"
"ငါ့ အတွင်းရေးမှူးမလည်း ခွင့်ယူထားတယ်ကွာ၊ ကျန်တဲ့ဝန်ထမ်းတွေလည်း ပြန်ကုန်ကြပြီ၊ ငါကလည်း ဒီစက်ကို မသုံးဘူးတော့ ဘာလုပ်ရမှန်း မသိလို့"
"ရပါတယ်ခင်ဗျာ၊ ကျနော် လုပ်ပေးပါမယ်"
"အေး အေး၊ ဒီစာရွက်က အထူးလျှို့ဝှက်ကွ၊ မဆိုင်သူတွေတွေ့သွားလို့ မကောင်းဘူး"
အော်... ဒါကြောင့် သူက ဒီစာရွက်ကို သူကိုယ်တိုင်လာပြီး ဖျောက်ဖျက်နေတာကိုး လို့တွေးရင်း၊ ပါဝါခလုပ်ကို ဖွင့်လိုက်တယ်။
စက်ရဲ့ ခွေးသွားစိပ်အပေါက်ကို ညွန်ပြလိုက်တယ်... ...
"အဲဒီအပေါက်ကနေ စာရွက်ထည့်လိုက်ပါ အဘ"
"အေး အေး"
သူစာရွက်ထည့်ပြီးတာနဲ့ ကိုယ်က start ခလုပ်ကို ဖိလိုက်လို့ စာရွက်လေးလည်း စက်ထဲဝင်သွားရော....
တူကကြောတယ်ဂျာ... ...
"အများကြီး မလိုပါဘူး၊ မိတ္တူတစ်စောင်ဆို ရပါပြီ"... တဲ့
အောင်မယ်မင်းရယ်တဲ့မှ တေပီဆရာ
စက္ကူဖျက်စက်နဲ့ မိတ္တူကူးစက်၊ မှားမှ မှားရက်တယ်
"တရုတ်လုပ် ဒုံးကျည်"
ဟိုး ရှေးရှေးတုန်းကပေါ့... ...
တရုတ်ရဲ့ အိမ်နည်းခြင်းနိုင်ငံတခုဟာ တရုတ်လုပ် 'သင်္ဘောဖျက်ဒုံးကျည်' တွေ ဝယ်သတဲ့။
မှာထားတဲ့ ဒုံးကျည်တွေ မကြာခင်မှာပဲ ရောက်လာတယ်။
အဲ... ဒုံးကျည်တွေပေါ်မှာ ကုတ်နံပတ် (Code) တခု ရေးထားတာ ပါလာတယ်။
ကုတ်နံပတ်က ဒီလို... ...
F4-B6-N-ME-TT11 တဲ့
ဒုံးကျည်ကို ပစ်ခတ်မယ့် သူတွေလည်း ဘာကို ဆိုလိုမှန်းမသိဘူး ဖြစ်နေတာပေါ့
ဒါနဲ့ ကုတ်နံပတ်ဖြည်ပေးဖို့ လက်နက်စက်ရုံကို စာရေးပြီးမေးရတယ်
ဟိုက ကုတ်နံပတ်ကို ဖြည်ပေးလိုက်တာက ... ...
F4-B6-N-ME-TT11 ဆိုတာ Front 4, Back 6 and me total 11 တဲ့
ဒါလည်း သိပ်မရှင်းလို့ စာပြန်ရေးပြီး မေးရပြန်တယ်
ဒီတစ်ခါတော့ ဟိုက သေချာရှင်းပြလိုက်တယ်... ...
F4-B6-N-ME-TT11 ဆိုတာတဲ့ ဒီဒုံးကျည်ကို ပစ်လိုက်ရင်... ...
-ရှေ့က ၄ ယောက် သေတယ်
-နောက်က ၆ ယောက် သေတယ်
-ပစ်တဲ့ကောင် ငါပါသေလို့
-စုစုပေါင်း ၁၁ ယောက် သေတယ်လို့ ရေးထားတာပါတဲ့
ဒီတော့ ဒုံးကျည်ပစ်မယ်ကြံရင် ဒီစာချိုးလေးကို အရင်ရွတ်ပြီးမှ ပစ်ပါတဲ့
အဲ... အဲဒီ စာချိုးလေးက...
"ရှေ့လေး၊ နောက်ခြောက်၊ ငါပါ ဆယ့်တစ်ယောက် သေရွာရောက်"... ဆိုဘဲ
ကဲ ကောင်းဘူးလား ဒုံးကျည်က
https://www.facebook.com/
သန်၎ကို-ပေါက်ကရရေးသည်
ဖေ့ဘုတ်မှပြန်လည်မျှဝေပါသည်။
ဖုန်းဖြင့် INTERNET သုံးသူများဖတ်ဖြစ်အောင် ဖတ်ပေးပါ
ဒီနည်းက အင်တာနက် သုံးနေချိန် ဖုန်းပူ ခြင်း နှင့် ဓာတ်ခဲ အားကုန် ခြင်းကိုကာာကွယ် နိုင်ပါတယ် ။
ဖုန်း ပူလာပါ က ဖုန်းရဲ့ CPU နှင့် အခြား IC များ ကို လဲ ထိခိုက်စေတာ ကြောင့် အင်တာနက် အရမ်းသုံး တဲ့သူများ တွေ ခုပြောမဲ့နည်း ကိုအသုံးပြုသင့် ပါတယ် ။
အထူးသဖြင့် ကွန်ပြူတာနဲ့ ဖုန်း ကြိုး ချိတ်ပြီးအင်တာနက် သုံးသုံး သို့မဟုတ် wifi hotspot လွင့် သုံးသုံး ကြာရှည်သုံး ရင် အရမ်းပူလာပါတယ် ။
ထို့ အပြင် ဓာတ်ခဲ လည်း ကုန်မြန်စေပါတယ် ။တကယ် ခဏ လေးပဲ ခံတာ ပါဗျာ ။
ကဲ ဘာလုပ် ရမလဲ ဆို တော့ အိမ် အများ စု မှာ ပန်ကာ ရှိတက်ကြပါတယ် ။မိမိ ဖုန်း ကို ကြိုး နဲ့ ချိတ် သုံး နေလည်း ဖုန်းကို ကြိုး မီသလောက် ကိုယ်ကွန်ပြူတာ သုံးနေ တဲ့ နေ ရာ ကနေ ခွာ လိုက် ပါ ။ပြီးရင် ဖုန်း နောက်ကာဗာ ( ဓာတ်ခဲ အဖုံး ) ဖွင့် ရလျှင် ဖွင့် ထားပေးပြီး ပန်ကာ နဲ့ တည့်တည့် ထားပေးလိုက်ပါ ။
ကွန်ပြူတာနဲ့ ချိတ် ဆက် အသုံးပြု သည့် အတွက် ဓာတ်ခဲ တော့ မကုန်ပါဘူး ။
တကယ်လို့ wifi လွင့် သုံးတဲ့ သူ ဆို ရင် အခန်း ထဲ က မီးခလုပ် အဆင်ပြေ တဲ့ နေ ရာ မှာ အားသွင်း ကြိုး တပ်ပြီး ဖုန်း နောက်ကာဗာ ( ဓာတ်ခဲ အဖုံး ) ဖွင့် ရလျှင် ဖွင့် ထားပေးပြီး ပန်ကာ နဲ့ တည့်တည့် ထားပေးလိုက်ပါ ။
ဒီနည်း က သိပြီးသား သူ ဖြစ်စေ မသိသေး သူ ဖြစ်စေ အင်တာနက် ကြာကြာ သုံးမည်ဆိုလျှင် လုပ်သင့် တဲ့ နည်းလေးပါ ။
NEXT ကနေ အသစ်ထက်ထုတ်လိုက်တဲ့ NEXT BROWSER
Android Version 4.1 အထက်တွင် စာတွေရှေ့နောက်မကူးစေတဲ့ PRO MYANKEY V2.0 BETA 5
Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်
MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ
တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။
( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။
သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။
Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )
" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်း"
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ
MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး
ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။
အားလုံးပဲ အဆင်ပြေကြပါစေ.... ။
RAM & ROM အကြောင်း
ဖုန်းရေ၀င်လျှင်ဘာလုပ်သင့်လဲ???
အောက်က ပြော တဲ့ အဆင့် တွေ ကို သာ သေချာ လိုက်နာ ပါ က သင့် ဖုန်း ပြန် ကောင်းဖို့ 80% သေချာပါတယ် ။ တကယ် လို့ သာ မလုပ် ခဲ့ ဘူး ဆို ရင် တော့ ပျက် ဖို့ 80% ဖြစ်သွားပါမယ် ။
ဖုန်း ရေ၀င်လျှင် အရင် ဆုံး ချက်ခြင်း ဓာတ်ခဲ ထုတ် ပါ ။ လုံးဝ ပြန် မထည့် ပါ နဲ့ ။
ဘာကြောင့် ဓာတ်ခဲ ထုတ် သင့် လဲ ဆိုတော့ အောက် ကပုံ ကြည့် ပါ ။
ဓာတ် ခဲ ရဲ့ အပေါင်း အနှုတ် ဟာ ရေ နဲ့ ထိ လျှင် လျှပ် ပူး ပြီး သူ့ လမ်းကြောင် ပေါ် က ရှိ တဲ့ အရာ အားလုံး ကို ရှော့ ဖြစ် စေ ပါတယ် ။
ဝင်ထားသော ရေ သည် ၁၀ ရက် အထိ မခြောက်နိုင် သော ကြောင့် ဓာတ် ခဲ ပြန် မထည့် သင့် ပါ ဘူး ။
ဂျာနယ် တွေ နဲ့ အချို့ သူ တွေ သိ နေ သော နည်း လမ်း များ မှာ အသုံး မပြု သင့် ပါ ဘူး ။
ဥပမာ- နေပူ လှန်း ခြင်း ၊ hair dryer ဖြင့် အပူ ပေး ခြင်း စတဲ့ နည်း တွေ ပါ ။
ဘာ ကြောင့် လဲ ဆို တော့ power ic , CPU , memory ic နှင့် အခြား ic များ အတွင်း သို့ ၀င် ထား သော ရေ သည် ထို ကဲ့ သို့ နည်း များ နဲ့ မ ခြောက် နိုင်ပါ ။ အောက်ကပုံ ကြည့် ပါ ။
Android ဖုန်းဝယ်မယ့်သူများ အ၀ယ်မမှားရအောင် ဖတ်ဖြစ်အောင်ဖတ်ကြပါ
ဖုန်း တစ် လုံး ၀ယ် ပြီး အနည်း ဆုံး ၆လ က နေ ၁ နှစ် ၂ နှစ် ထိ သုံး ကြပါတယ် ။ အဲ့ တော့ ၀ယ်ပြီး တဲ့ အချိန် မှဟိုဟာ မရ ၊ ဒီဟာ မရ ၊ စက်က လေး ၊ ဟန်း ၊ နဲ့ စိတ်ညစ် ရတာ တွေ များ ပါတယ် ။ အဲ့ တော့ ကိုယ်ပေး တဲ့ ဈေး နဲ့ ရသင့် သလောက် မရ တာမျိုး တွေ ကြုံနေ ကြရပါတယ် ။
အကြောင်းတစ်ခုခု ကြောင့် ဖုန်း ပျက် ခဲ့ ပြီ ဆိုလျှင် ပြင် ဖို့ အတွက် လဲ ကြို မစဉ်းစား ပဲ ၀ယ် ကြတာကြောင့် ပျက် တဲ့ ချိန်ကြ မှ ပြင်မရ လို့ ဒုက္ခ ရောက် ကြတဲ့ သူတွေ လဲ မနည်း ပါဘူး ။
အဲ့ တော့ Android ဖုန်း တစ်လုံး ၀ယ်မည် ဆို ရင် ဘာတွေ ကြည့် သင့် လဲ ??
Hackers Home Pro V2.1 apk
မည်သည့် Galaxy Note 2 နဲ့ S3 မဆို Root မလိုပဲGSM Sim unlock လုပ်မယ်…
၁။ ဖုန်းကိုပါဝါပိတ်ပြီး unlock လုပ်ခြင်တဲ့ Sim card ကိုထည့်ပါ။ပါဝါပြန်ဖွင့်ပါ။
၂။ SIM network unlock PIN ဆိုတဲ့ Screen ကိုတွေ့ရပါလိမ့်မယ်။Home key (or) Back Key နဲ့ပြန်ထွက်လိုက်ပါ။
၃။ ဖုန်း Dial Pad မှ *#197328640# ကိုနှိပ်ပါ။Service Mode ၀င်သွားပါမယ်။
၎။ UMTS ကိုနှိပ်ပါ။
၅။ Debug screen ကိုဆက်နှိပ်ပါ။
၆။ Phone Control ကိုဆက်နှိပ်ပါ။
၇။ Network Lock ကိုနှိပ်ပါ။
၈။ အဲ့မှာ Perso SHA256 OFF ကိုနှိပ်ပြီးစက္ကန့်၃၀ကြာအောင်စောင့်ပါ။
၉။ Menu key နှိပ်ပြီး Back ပြန်ထွက်ပေးပါ။
၁၀။ NW Lock NV Data Initiallize ကိုနှိပ်ပြီး ၁မိနစ်ခန့်စောင့်ပါ။ပြီးရင်တော့ဖုန်းကို Reboot ပြန်ချပေးလိုက်ပါ။
ဖုန်းပြန်တက်လာပြီဆိုရင်တော့ Signal bar တက်လာပြီဖြစ်သလို 3G လဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်။
All Credit to galaxynote2 root.com
Android ဖုန်းတစ်လုံး Root မလုပ်ခင်သတိပြုသင့်သည့်အချက်များ
- သင့် ဖုန်း Firmware ပြန်တင် လို့ ရ မရ ? မရ လျှင် မလုပ်သင့် ပါဘူး အထူးသဖြင့် တရုတ် ဖုန်း တွေမှာ Root လုပ် ရင်း Firmware သေ တက် ပါတယ် ။
- ကွန်ပျူတာတွင် Android ADB Driver ရှိရန်လိုအပ်ပါသည်။
- သက်ဆိုင်ရာဖုန်း Driver ကိုကွန်ပြူတာတွင် Install ထားပါ။
- System Settings >Applications >Development >Usb debugging ကို ON ။
- System settings>Fastboot ကို Off ရန် ။
ဖုန်းတောင်းဆက်တဲ့သူတွေ နောက်တောင်းမဆက်ရဲအောင်စွမ်းတဲ့ Hide It Pro
ဖုန်းဘီလ်ကျန်သေးလားကစတော့တာပဲဆိုတော့၊ဘယ်လိုလုပ်ရမယ်မသိဖြစ်ပီးဖုန်းကိုစိတ်ကုန်နေသူတွေ
အတွက်......
အားသာချက်
သူ့အားသာချက်ကတော့Passwords ကိုမသိရင်ဖုန်းပိုင်ရှင်တောင်ဝင်လို့မရဘူးဗျ။နောက်ပီးအင်တာနက်
ပါPass words ခံလို့ရတရ်လေ၊မသုံးစေချင်တဲ့Massage,App ကအစအကုန်ဖွက်ထားလို့ရသဗျ။
လိုအပ်ချက်
Wifile ဒါမှမဟုတ်အင်တာနက်ချိတ်ထားဖို့လိုမယ်။(Install လုပ်နေတုန်းခဏလေးလိုတာပါ) Play store
ကနေလိုအပ်တဲ့ addon လုပ်ဖို့ပါ။
Install လုပ်ပုံအဆင့်ဆင့်( addon လုပ်ရန်)
Download မှ Apk ရယူပီး Install လုပ်ပါ။
အသစ်ထွက်ရှိလာတဲ့ Dropbox App for Android
တော့ သိကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ samsung မှာတော့ internal အနေနဲ့ ဒီ app လေးကို တစ်ခါတည်းထည့်ပေးပြီးသားဖြစ်နေလို့ပါ။ Cloud Drive app ခေတ်စားလာတဲ့ အထဲမှာ ဒီ app လေးကလည်း တစ်ခုအပါဝင်ပါပဲ။ ကိုယ့်ရဲ့ data တွေကို memory ထဲမှာ သိမ်းရတာတောင် မလုံလောက်မတင့်တိမ်ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။ သူ့ကို အသုံးပြုပုံကတော့ အားလုံးသိပြီးလောက်ပြီလို့ထင်ပါတယ်။ ဒါပေမဲ့လည်း review ရေးတဲ့ပုံစံအရ နည်းနည်းလေး ထပ်ပြီး ရှင်းပြပေးလိုက်ပါတယ်ဗျာ။ ဒီ app လေးကို အသုံးပြုပြီး
ကိုယ့်ရဲ့လိုအပ်တဲ့ data တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို သိမ်းဆည်းနိုင်ပြီး ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေဆီကိုလည်း ပြန်လည် မျှဝေပေးနိုင်တာကိုလည်း အသုံးပြုဖူးကြတဲ့ သူငယ်ချင်းတွေတော့ သိကြမှာပါ။အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ။
ကြယ်စင်ဟိန်း(Mobile Special Services)