Friday, August 30, 2013

Ever snap နဲ့ Screen Shot ရိုက်မယ်

ကဲဗျာ ကိုယ့်မှာအခက်အခဲရှိလို့ ဘာဖြစ်နေတယ်ဆိုတာကို ပြသဖို့အတွက်ဘဲဖြစ်ဖြစ် ဘလော့ဆရာများကလည်း
မိမိဆော့ဝဲကို ဘယ်သို့ဘယ်ပုံ သုံးလို့ ရတယ်ဆိုတာကို ပုံလေးနဲ့ ပြသပေးဖို့ရာအတွက် အခက်အခဲဖြစ်နေရင်ဖြင့်
ဒီကောင်လေးကို စမ်းသုံးလိုက်ပါ.။ ကျုပ် Google မှာ လိုက်ရှာလိုက်တာ သုံးလေးမျိုးလောက် ဒေါင်းလော့ချပြီး
စမ်းကြည့်တာ ဒီကောင်လေးကတော့ အကောင်းဆုံးဘဲ ဖုန်းလေးကို လှုပ်ရမ်းလိုက်တာနဲ့ ဓါတ်ပုံရိုက်ပြီးသားဘဲ
မသုံးတတ်ရင် တစ်ပါတည်းပြောလိုက်မယ်.။ ဒီဆော့ဝဲလေးကို ထည့်သွင်းပြီးတော့ ဆော့ဝဲကို ဖွင့်လိုက်ပါ.။ပြီးရင်
တော့ အောက်ဘားမှာ Strat Screenshot ဆိုတာလေးကို နှိပ်ပါ.။ အဒါပြီးရင် မိမိက ဘယ်ပုံကိုလိုချင်တာလဲ Setting ထဲကပုံတွေကို ရိုက်စမ်းချင်တာလား သို့မဟုတ် ဘယ်လိုဆော့ဝဲက ဘယ်သို့ဘယ်ပုံ ကောင်းကြောင်း ကြွားလိုသလား စသဖြင့်ပေါ့ဗျာ။ ကိုယ်ကြိုက်တဲ့ ပုံကိုတွေ့ပြီဆိုရင်တော့ ဖုန်းလေးကို ခါရမ်းပေးလိုက်ပါ။ ဒါဆိုရင်
တော့ ဓါတ်ပုံရိုက်ပါပြီ။ ရိုက်ပြီးပြီးခြင်း ဖေ့ဘုတ်တို့ တစ်ခြား Viber တို့ FreePP တို့ကို ပို့ချင်သလား Share ကိုနှိပ်
ပြီးတော့ ပို့နိုင်ပြီ။ ဓါတ်ပုံတွေကတော့ SD ကဒ်ထဲက EverSnap ဆိုတဲ့ Floder ထဲမှာရောက်နေမှာပေါ့.။ ကဲရေး
တာတော့ အတော်စုံသွားပြီ.။ ရိုက်မရဘူးဆို ဆော့ဝဲကို ပြန်ဖွင့်ကြည့်ပါ Stop Screenshot ဖြစ်နေရင် Strat Screenshot လေးကို ပြန်နှိပ်ပေးပါ.။ ဒါဆိုရိုက်လို့ရပါပြီ..။ တစ်ကယ်ကောင်းပါတယ်ဗျာ..။

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.