Saturday, August 31, 2013

 



အိမ်သုံးလုံခြုံရေးစနစ်အတွက် ကင်မရာများကို ဈေးကြီးပေးဝယ်ရမည့်အစား Wi-Fi အသုံးပြုနိုင်သည့် Apple device အဟောင်းများကို အခမဲ့ iOS app နှင့် အသုံးပြု၍ အိမ်သုံး လုံခြုံရေးစနစ်များအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းသက်သာစွာဖြင့် အိမ်သုံးလုံခြုံရေးစနစ် ပြုလုပ်နိုင်မည့် နည်းလမ်းကို Gene Wang ဆိုသူက တစ်နှစ်အတွင်းနှစ်ကြိမ် ဖောက်ထွင်းခံရသည့် ၎င်း၏အိမ်ကို ကာကွယ်ရန် နည်းလမ်းများ ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Wi-Fi အသုံပြုနိုင်သည့် Apple device များကို အိမ်သုံး လုံခြုံရေးကင်မရာအဖြစ် ပြောင်းလဲရန်အတွက် Presence app ဟု ခေါ်သည့် အခမဲ့ iOS app နှင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ app ကို device နှစ်ခုပေါ်တွင် download ပြုလုပ်ပြီးသည့်အခါ device တစ်ခုကို ကင်မရာ အနေဖြင့် အသုံးပြုပြီး အခြားတစ်ခုကို monitor အနေဖြင့် အသုံးပြုနိုင်မည်ဟု Wang က ပြောကြားခဲ့သည်။ ထို့အပြင် monitor ကို ၂၄ နာရီပတ်လုံး ကြည့်စရာမလိုဘဲ အကယ်၍ တစ်စုံတစ်ရာ ထူးခြားမှု ရှိသည့်အခါ motion detector က ၅ စက္ကန့်စာ ဗီဒီယိုကို e-mail မှတစဆင့် ပေးပို့အကြောင်းကြားပေးမည် ဖြစ်သည်။ အဆိုပါ စနစ်ကို iPad 2 နှင့် အထက်၊ iPod touch 5th generation နှင့်အထက် iPhone 3GS နှင့် အထက်တွင် အသုံးပြုနိုင်ကြောင်း၊ device များကို ကင်မရာအနေဖြင့် အသုံးပြုသည့်အခါ Wi-Fi နှင့် စွမ်းအင်အရင်းအမြစ် လိုအပ်ကြောင်း သိရသည်။


0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.