ခွဲခွာခြင်းမှတ်တိုင်......
မိုင်တိုင်များစွာလဲ......
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ.....။
တဖြေးဖြေးနဲ့........
အရာအားလုံးဟာ....ဝေး...ဝေး
နွေးထွေးတဲ့ မင်းအပြုံးလေးတွေ
တမ်းတမိတယ် ကလေးလေးရေ....
လွမ်းရတဲ့ အကြောင်းတွေစာဖွဲ့
စိတ်နဲ့ ခန္ဓာတွေ ဝေးနေကြတဲ့
အခိုက်အတန့်ထဲ......
ရင်ခုန်သံတွေလဲ စည်းချက်မညီ (ခုဆိုငါလေ)
အချိန်နာရီတွေကိုလဲ မုန်းတတ်နေပြီ.....
ကလေးနဲ့ ဝေးနေရတဲ့ စိမ်းနေရတဲ့
အကြောင်းအရာတွေ အားလုံးရော.....
လူတွေ ပညတ် သတ်မှတ်ထားတဲ့
စည်းကမ်းချက်တွေ အားလုံးရော.....
အားလုံး.... အားလုံးကို မုန်းတယ်.......
ငါ့ရင်ဘတ်ထဲကို ၀င်ကြည့်လှည့်ပါကွယ်....
ကလေးလေးအပြင် ဘယ်သူမှမရှိပါဘူး.....
နှလုံးသွေးတွေလဲ ဆူဝေလာတယ် တဖြေးဖြေး....
နွေးထွေးတဲ့ ငါ့နှလုံးအိမ်လေးထဲမှာ
အပူပင်ကင်းမဲ့စွာနဲ့ အိပ်စက်နေတဲ့ ကလေးလေး......
ချစ်သူတားထားတဲ့ စည်း
မကြင်နာသူဆီကမှ....အကြင်နာကို လိုချင်ခဲ့မိတာငါ့အမှားလား....?တကယ်ဆို များများစားစားလဲမမျှော်လင့်ခဲ့ပါဘူး....ငါလေ....ချစ်လွန်းလို့ မင်းရဲ့ဘေးနားမှာအရာရာကို ဖြည့်ဆည်းပေးချင်မိခဲ့တာပါဒါဟာ..ထပ်ပြီးတော့များ မှားသွားသလား..?မကြင်နာသလို အရာရာကိုငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့မျက်ဝန်းထဲမှာ ငါဟာ...ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါတခါတခါတော့လဲ လောကကြီးကရယ်စရာတော့ အကောင်းသား....ချစ်ခြင်း နဲ့ မုန်းခြင်း..ကြား.....ဘယ်လောက်များ ခြားနားနေကြလို့ပါလိမ့်..စက္ခုအာရုံကို ကျော်ရစ်..ခြားနားခြင်း အားလုံးကိုအရည်ဖျော်ပစ်လိုက်တော့....မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေးတစ်ချပ်သာ ကျန်ရစ်တယ်...ဒီညတော့ မင်းဆီငါ့ကို လာခွင့်ပြုပါကွယ်...
0 comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်