Saturday, August 31, 2013

နိုင်ငံတကာမှာ TV Channel ပေါင်း များစွာကို ကြည့်ရှုနိုင်မယ့် Media app တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Channel များအပါဝင် ကဏ္ဍစုံလင်စွာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော် စမ်းကြည့်တာ ..
Streaming မြန်တာတွေ့ရပါတယ်။ WCDMA အင်တာနက်လိုင်းနဲ့ ကြည့်ခဲ့ပါတယ်။ အထစ်ငေါ့မရှိ ကြည့်လို့ရပါတယ်။ ပြောရရင် အရင်တုန်းက ဂြိုလ်တုစလောင်းနဲ့ ဖမ်းကြည့်ခဲ့သလိုမျိုး လိုင်းပေါင်းများစွာ ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်စမ်းခဲ့တဲ့ လိုင်းများထဲမှာ သဘောကျတဲ့ လိုင်းများကို အနည်းငယ် ရေးလိုက်တယ်။

Dancer တစ်ယောက်ဖြစ်ချင်သူတွေအတွက် Music ဆိုတဲ့ ကဏ္ဍအောက်မှာ Dancing Machine TV က လန်းပါတယ်။ က ကွက်တွေ အမျိုးမျိုးသင်ပေးပါတယ်။

Movie ၀ါသနာအိုးတွေအတွက် Action ကြိုက်လား၊ သိုင်းကားတွေကြိုက်လား၊ သရဲကားကြည့်မလား .. အများကြီး ကြည့်လို့ရတဲ့ Channel တွေလဲ ပါသဗျ။

အာရှ Channel များအနေနဲ့ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Trans TV နှင့် ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Arirang TV လိုင်းများ ကြည့်လို့ရပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲများကို Eng စာတန်းထိုးဖြင့် အလှည့်ကျ ပြသပေးပါတယ်။

Gamer များအတွက် အသစ်ထွက် ဂိမ်းတွေကို အမြဲ တင်ဆက်ပေးနေတဲ့ IGN.com TV နဲ့ Video Reviews - Game Trailers.com TV တွေကလဲ လန်းပါတယ်။

မိန်းကလေးတွေအတွက်ဆို Fashion Channel တွေ အများကြီးပါတယ်။

ကိုကိုတို့အတွက်ကတော့ BIKINI BABE Channel လေးက ရေလည်ဂွတ်:P

နိုင်ငံတကာမှ Movie များ၊ MTV များ၊ Sport များ၊ နည်းပညာများ၊ သင်ကြားရေးပိုင်းများ၊ Documentary များ .. Radio Channel များ အစရှိသည်တို့ကို အခမဲ့ အားပါးတရ live ကြည့်ရှုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Register လုပ်ရန် မလိုအပ်ပါဘူး။ ဒီအတိုင်းဖွင့်ပြီး တိုက်ရိုက်ကြည့်ရုံပါပဲ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

Dropbox

ပျော်ရွှင်ပါစေ။
 
 

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.