Friday, August 23, 2013

Software error ကြောင့်ဖြစ်တဲ့ Home Button Sensitivity ကျသွားတာကို fix လုပ်နည်း

ပန်းသီးချစ်သူတို့သိကြတဲ့အတိုင်း iDevice တွေမှာသုံးတာကြာလာတာနဲ့အမျှ Home Button Sensitivity ကတဖြည်းဖြည်းကျလာပါတယ် Unresponsive ဖြစ်လာပါတယ် ဒီလိုဖြစ်လာတာဟာ software error ကြောင့် ဖြစ်နိုင်သလို Hardware error ကြောင့်လည်းဖြစ်နိုင်ပါတယ် အခုကျနော် ပြောသွားမှာကတော့ software error ကြောင့်ဖြစ်တဲ့ Home Button Sensitivity ကျသွားတာကိုဖြေရှင်းနည်းပါ ဘယ်လို software error ကြောင့် sensitivity ကျသွားလဲဆိုတာကို တိကျတဲ့ရှင်းလင်းချက်တော့မတွေ့ရှိသေးပါဘူး တစ်ချို့ရှင်းလင်းချက်တွေမှာတော့ Home Button ကိုဖိနှိပ်ပါများရင် Sensitivity ကို recalibrate လုပ်သလိုဖြစ်သွားတာကြောင့်လိုတော့ဆိုကြပါတယ်
(၁) ပထမဆုံး iDevice ရဲ့ stock applications တွေဖြစ်တဲ့ Calendar, Clock, Weather etc တို့အနက်က တစ်ခုခုကိုဖွင့် (launch) လိုက်ရပါမယ်
(၂) ပြီးလျှင် မိမိ launch လုပ်ထားတဲ့ Stock app ပွင့်နေတုန်းမှာ Power Button ကို Slide to Power off ပေါ်သည်အထိနှိပ်ထားရပါမယ်
(၃) အဲဒီ့ Slide to Power off ပေါ်သည်အထိနှိပ်ပြီးရင် Power Button ကိုလွှတ်ပြီး Home Button ကို Slide to Power off ပျောက်သွားပြီး Springboard(Homescreen) ကိုပြန်ရောက်သွားသည်အထိ ဖိထားရပါမယ်  Homescreen ကိုပြန်ရောက်ဖို့က ပျမ်းမျှ 20 sec လောက်ကြာပါတယ်
Home Button ကိုဖွဖွလေးဖိထားလေလေ Sensitivity ပိုကောင်းလေလေလို့လည်း တစ်ချို့ကပြောကြပါတယ်
ဒါကတော့ Sotfware error ကြောင့်ဖြစ်တဲ့ Home Button Sensitivity ကျသွားတာကို ဖြေရှင်းတဲ့ နည်းလေးပါ ဒီနည်းလေးရဲ့ အနှစ်က recalibrate ဖြစ်သွားတဲ့ Home Button Sensitivity ကိုအရင်ပုံမှန် Sensitivity  ကိုပြန်ရောက်အောင် Calibration လုပ်တဲ့သဘောပါပဲ Success Rate က 70% ပါ ဒီနည်းလေးနဲ့အဆင်မပြေပါက Hardware error ကိုစဉ်းစားသင့်ပါတယ်

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.