Thursday, August 29, 2013

Transparent Screen Pro v2.24 For Android



8 လပိုင်း 28 ရက်နေက အသစ်ထွက်လာတဲ့  Update လေးပါ
ဒီ ဆောစ့်ဝဲလ်လေးကတော့ Android ဖုန်းအသုံးပြုသူတိုင်းကြိုက်နှစ်သက်ကြမှာပါ။
သူငယ်ချင်းတွေ လမ်းလျှောက်ရင်းနဲ့လည်း ဖုန်း screen ကိုကြည့်ပြီး intenet သုံးတာတို့ ၊ ဂိမ်းဆော့တာတို့ ၊ message စာရိုက်တာတို့လုပ်ကြတယ်မလား ။
 အဲဒီအခါ ဖုန်းထဲမှာဈာန်ဝင်သွားပြီး ရှေ့ကတစ်ခုခုကိုခလုတ်တိုက်ပြီးချော်လဲတာတို့ ၊
ဒါမှမဟုတ် ရှေ့က ကား ၊ ဆိုင်ကယ်လာနေတာတို့ကိုမမြင်လိုက်ရင် အန္တရာယ်များသွားနိုင်ပါတယ်။
အခုတင်ပေးလိုက်တဲ့ Transparent Screen Pro v2.24 ကိုသုံးမယ်ဆိုရင်တော့
လမ်းလျှောက်ရင်းနဲ့လည်း ဖုန်း screen ကိုပဲကြည့်နေလို့ရပါပြီ။
 ဒီဆော့ဝဲလေးက ဖုန်းထဲမှာသုံးနေတဲ့ ဆော့ဝဲတစ်ခုခုကို Transparent အကြည်ပုံစံမျိုးဖြစ်သွားစေပြီး ဖုန်းရဲ့နောက်ကင်မရာကနေတစ်ဆင့် လမ်းကိုဖောက်ထွင်းမြင်နေရမှာပါ။ ခလုတ်တိုက်မိနိုင်တာတွေ ၊ ရှေ့ကိုသတိမထားမိတာတွေမဖြစ်နိုင်တော့တာပေါ့ ။ လမ်းလျှောက်ပြီး ဖုန်းသုံးတော့မယ်ဆိုရင် Transparent Screen ဆော့ဝဲထဲဝင်ပြီး Start ခလုတ်ကိုနှိပ်ထားလိုက်ရုံပါပဲ။
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိင်ပါတယ်
Download>>>hotfile (or)mirrorcreator


0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.