Wednesday, August 7, 2013

Android Game များနှင့်ကျွန်တော်

ဒီနေ့ ပျင်းပျင်း ရှိတာနဲ့ မဒေါင်းဖြစ်တာကြာပီဖြစ်တဲ့... android game တွေ www apkmania com ကနေဒေါင်းကြည့်မိနေတယ်...။
 တခုသတိထားမိတာက သူ့ဆိုက်ဒ်မှာ cr4cked တွေ pro တွေ full version တွေပါတင်တာပါပဲ (www 1mobile com လို Free တွေ တင်တာမဟုတ် )။ ထို့ကြောင့် ဆော့နေတုန်း တန်းလန်း ကြေငြာတွေ ဖြတ်ဝင်တာ ၀ယ်ခိုင်းတာတွေ အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ မလိုတော့ဘူးပေါ့။ကျနော် cr4cked သုံးပါ ဘာညာ ပြောနေတာမဟုတ်ဘူးနော်... အဆင်ပြေတာကိုပြောပြတာပါ...။ဆွဲရတာလဲ လွယ်တယ်.. zippyshare ကနေဆွဲတာပါ..pop up တွေ မလာဘူး။ one click ပဲ no waiting time..။ အားနည်းချက်က resume support မပေးဘူး speed က အပြည့်မရချင်ဘူး။ 
 ထားပါ အဓိက ပြောချင်တာက ဂိမ်းတွေကြည့်လိုက် ဆွဲလိုက်..လုပ်နေတုန်းမှာ သတိထားမိတာက android ဂိမ်းတွေဟာ အရင်ကလို size သေးသေးတွေ မဟုတ်တော့ဘူးဆိုတာပါ...။size တွေက အလယ်အလတ်တန်းစား ဂိမ်းတွေဆို 20Mb အောက်ထစ်ရှိလာတယ်...။ apk ဖိုင်လ်တစ်ခုထဲဆွဲယုံနဲ့ ပီးတဲ့ one package apk တွေ တွေ့လာရတယ်...။ 3D တွေလဲ ဖြစ်လာတယ်..။ တချို့များဆို (eg : Jelly Defense) ဆို 60Mb ကျော်လာတယ်...။ 3D ရုပ်ထွက်ကလဲ စိုစိုတောက်တောက် မြန်မာမျက်စိနဲ့ ကွက်တိပဲ .. Tower Defense ဂိမ်းပါ။
 အဲ့ဒီတော့ internal memory space အရမ်းနဲတဲ့ ဖုန်းတွေ (ဥပမာ-Samsung Galaxy Mini တို့ Fit တို့  Huawei တို့ဆို 8661 တို့ 8620 တို့ စတဲ့ တသိန်းအောက် စက်ရုပ်ဖုန်းတွေ) မှာ... root မထားခဲ့ရင် ဂိမ်းထဲ့ရင် ဘယ်လောက်မှ မဆန့်တော့ဘူး။ သုံးလေးခုလောက်ထဲ့လိုက်ရင် သေချာပေါက် ပြည့်မှာပဲ။ ထဲ့ရခဲ့လည်း အဖြစ်ပဲ ဆော့လို့ရမယ်။ သိပ်မကောင်းဘူး။ နှေးမယ်။
 ငွေလေး သုံးလေးသောင်းကို မကြည့်ပဲ internel memory space များတာ စကရင်ဆိုက်ဒ်ပိုကြီးပီး Screen  resolution ပိုမြင့်တဲ့ (စာလုံးတွေ ကြည့်ရတာ ပြတ်ပြတ်သားသားရှိတဲ့)ဖုန်းတွေကို ပိုပီးရွေးချယ်သင့်တယ်လို့ ကျနော်တော့ အကြံပြုချင်တယ်...။ တကယ်တန်းတွက်ကြည့်ရင် သုံးလေးသောင်းနဲ့ မက တန်တဲ့ features တွေကို ရနိုင်ပါတယ်..။ ဥပမာ ပိုမြန်တယ် .. ပိုထဲ့လို့၇တယ်.. မျက်လုံးမပျက်စီးဘူး.. သူများဂိမ်းအကောင်း ဆော့ နိုင်ရင် (eg: asphalt 7) ကိုယ်လဲ ဆော့နိုင်တယ်... စသည်ဖြင့်ပေါ့။

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.