Wednesday, August 7, 2013
များသောအားဖြင့် smartphone များနှင့် tablet များကို အားသွင်းရာမှာ (၂) နာရီမှ (၃)နာရီ အထိ ကြာတတ်ပါတယ်။ လူအများစုဟာ ဖုန်းတွေကို မိမိတို့ အိပ်နေစဉ်အတွင်း အားသွင်းတတ်ကြပါတယ်။ တချို့သောသူများဟာ external battery များ ဆောင်ထားတတ်ကြ ပါတယ်။
smartphone တွေ နဲ့ tablet တွေကို ပိုမိုလျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။
၁။ မိမိတွင်ရှိသော original adapter နေရာမှာ ပိုမို အားကောင်းသော adapter ကို အစားထိုးပြီး အားသွင်းနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက မိမိရဲ့ ဖုန်း(သို့) တက်ဘလက် ဟာ မည်သည့် power အမျိုးအစားကို လက်ခံသလဲဆိုတာ သေချာဆန်းစစ်ဖို့ လိုပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ မော်ဒယ် အမျိုးအစားပေါ် မူတည်ပြီး တစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။ ဗို့အား ပမာဏနဲ့ အမ်ပီယာ ပမာဏတွေကို ဘက်ထရီရဲ့ နောက်ကျောနဲ့ charger ရဲ့ ဘေးဖက်မှာ တွေ့မြင်နိုင်ပါတယ်။
၂။ USB chargers များ၊ connectors များနဲ့ cables များအားလုံးဟာ မတူညီကြပါဘူး။ USB အမျိုးအစား သုံးမျိုးကွဲ ပါတယ်။ 1.0, 2.0 , 3.0 တို့ ဖြစ်ပါတယ်။ USB 1.0 များဟာ လျှပ်စီးကြောင်း ကို 500 mA အထိသာ သယ်ပို့ ပေးနိုင်ပြီး အားသွင်းရာမှာလည်း အတော် နှေးကွေးပါတယ်။ 2.0 version ဟာလည်း data transfer speed ပိုကောင်းလာတာကလွဲလို့ အားသွင်းပေးနိုင်တဲ့နေရာမှာ 1.0 နဲ့ အတူတူ 500 mA အထိသာ အားသွင်းပေးနိုင်ပါတယ်။ နောက်ဆုံး 3.0 version ကတော့ data transfer ပိုမြန်လာတဲ့အပြင် 900 mA နီးပါး အားသွင်းပေးနိုင်တဲ့ အတွက် အားသွင်းချိန်ကို နှစ်ဆနီးပါး သက်သာစေပါတယ်။
၃။ USB generation များ ကွဲပြားသလို USB ports များလည်း (၃)မျိုး ရှိပါတယ်။ လက်ရှိမှာ သုံးမျိုးရှိပါတယ်။
_Standard downstream port
_Charging downstream port
_Dedicated downstream port တို့ ဖြစ်ပါတယ်။
ပထမ နှစ်မျိုးကို ပုံမှန် ကွန်ပျူတာတွေ နဲ့ လက်ပ်တော့ တွေမှာ တွေ့နိုင်ပြီး နောက်ဆုံး အမျိုးအစားကတော့ Wall socket charger တွေမှာ တွေ့ရပါတယ်။
Standard port တွေဟာ USB 1.0 နဲ့ 2.0 တွေမှာ 500mA အထိ ပါဝါသယ်ပို့ပေးနိုင်ပြီး USB 3.0 မှာ 900mA နီးပါး သယ်ပို့ နိုင်ပါတယ်။
Charging & Dedicated ports နှစ်မျိုးကတော့ 1500mA အထိ သယ်ပို့ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မိမိ ကွန်ပျူတာဟာ မည်သည့် USB အမျိုးအစား ဖြစ်သလဲဆိုတာကို ဆန်းစစ်ပြီး အကောင်းဆုံးကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်သူတွေက USB version 1.0, 2.0, 3.0 ဖြစ်တယ်ဆိုတာ သေသေချာချာ တံဆိပ်တပ်ထားခြင်း မရှိပါဘူး။ နောက်ဆုံး port အမျိုးအစားဖြစ်တဲ့ Dedicated အမျိုးအစား ကို သုံးနိုင်တဲ့ အခွင့်အလမ်းရှိပါက အဆိုပါ wall socket charger တွေကို အသုံးပြုနိုင်ပါတယ်။ လက်ရှိ ခေတ်ပေါ် ဖုန်းများ၊ တက်ဘလက်များဟာ 5000mA အထိ ခံနိုင်စွမ်းရှိအောင် ဖန်တီးထားပေးပြီး ဖြစ်တဲ့အတွက် လောင်ကျွမ်းမှာကို စိုးရိမ်စရာ မရှိပါဘူး။
၎။ USB Hubs များကို တတ်နိုင်သမျှ အသုံးမပြုသင့်ပါဘူး။ အဆိုပါ ပစ္စည်းများနှင့် တွဲပြီး အားသွင်းပါက အားသွင်းချိန် အတော်ကြာတတ်ပါတယ်။
၅။ နောက်ထပ်နည်းလမ်း များစွာလည်း ရှိပါသေးတယ်။ ပထမဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းက ဖုန်းကို ပိတ်ပြီး အားသွင်းခြင်းပဲ ဖြစ်ပါတယ်။ ဖုန်းကို ပိတ်ထားခြင်းဖြင့် ပါဝါ ဟာ ဖုန်းဘက်ထရီဆီသို့သာ ဦးတည် အားဖြည့်ပေးသွားမှာဖြစ်ပြီး အားသွင်းချိန် ပိုမို တိုတောင်း လာစေပါတယ်။
၆။ နောက်တစ်နည်းကတော့ USB နှစ်ခေါင်းပါတဲ့ two-USB-port Y-cable ကို အသုံးပြုပြီး အားသွင်းခြင်းပဲ ဖြစ်ပါတယ်။
၇။ သင့်မှာ အားသွင်းပေးနိုင်တဲ့ ပစ္စည်းအနေနဲ့ ကွန်ပျူတာနဲ့ USB cable သာရှိမယ်ဆိုရင် Ai Charger ဆိုတဲ့ ကွန်ပျူတာ ပရိုဂရမ်ကို အသုံးပြုပြီး အားသွင်းနိုင်ပါတယ်။ အဆိုပါ Ai Charger Application ဟာ Apple products တွေဖြစ်တဲ့ iPhone, iPad & iPod တွေကို ကွန်ပူတာဖြင့် မြန်ဆန်စွာ အားသွင်းပေးဖို့ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ application ဟာ 2000mA အထိ အားဖြည့်ပေးနိုင်တဲ့အတွက် wall socket charger တွေထက် ပိုမိုလျှင်မြန်စွာ အားဖြည့်ပေးနိုင်ပါတယ်။
၈။ Ai Charger နဲ့ အလားတူ MSI ရဲ့ Super Charger ကိုလည်း အသုံးပြုနိုင်ပါတယ်။ Super Charger application ဟာလည်း iDevice တွေကို အားသွင်းဖို့ ရည်ရွယ်ထုတ်လုပ်ပေးထားတာ ဖြစ်သော်လည်း XDA အဖွဲ့ဝင်တစ်ယောက်မှ ပြုပြင်ပြောင်းလဲထားတဲ့ Super Charger application ကိုအသုံးပြုပြီး Android Devices တွေကိုပါ အားသွင်းနိုင်ပါတယ်။
၉။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းပညာတစ်ရပ်လည်း ရှိပါတယ်။ XDA Developers forum မှ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ USB cable တစ်ခုကို အနည်းငယ် ပြုပြင်ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံအတိုင်း ၀ါယာကြိုးများကို ပြောင်းလဲဆက်သွယ်ပေးခြင်းဖြင့် Data Cable အဖြစ်မှ charging only cable ဖြစ်အောင် ပြုပြင်နိုင်ပါတယ်။ ဒါပေမယ့် risk အနည်းငယ်တော့ ရှိပါတယ်။ အဆိုပါ ပြုပြင်ထားတဲ့ cable ကို USB tethering နဲ့ Data synchronization တွေမှာ လုံးဝ အသုံးမပြုဖို့ လိုအပ်ပါတယ်။
၁၀။ နောက်တစ်နည်းက တော့ ChargeDr ဆိုတဲ့ ဈေးကြီးတဲ့ USB adapter ကို အသုံးပြုနိုင်ပါတယ်။ အဆိုပါ adapter ဟာ ကွန်ပျူတာရှိ သာမန် USB port ကို 2100mA အထိရောက်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ iPad, iPhone, Android Phone အစရှိသည်များကို အဆိုပါ adapter မှာ USB cable ဖြင့် တပ်ဆင်ပြီး မြန်ဆန်စွာ အားသွင်းနိုင်ပါတယ်။
၁၁။ နောက်ဆုံးတစ်ခုအနေနဲ့ Android Developer တစ်ဦးဖြစ်တဲ့ Mathew Winters ဖန်တီးထားတဲ့ Fast Charge ဆိုတဲ့ app ကို မိမိ ဖုန်းမှာ ထည့်သွင်း အသုံးပြုပြီး မြန်ဆန်စွာ အားသွင်းနိုင်ပါတယ်။ အဆိုပါ app ကို Google Play Store မှာ download ရယူ သုံးစွဲနိုင်ပါတယ် ခင်ဗျာ။ ။
Subscribe to:
Post Comments (Atom)
Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.
0 comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်